လက်တွေ့မှာပြည်သူတွေက စစ်တပ်ကို ဘယ်သူမှ မကြောက်ရဘူး၊ PDF ကိုပဲကြောက်နေရတာလို့ စစ်ကောင်စီပြော
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်
လက်တွေ့မှာပြည်သူတွေကဘယ်သူမှ စစ်တပ်ကို မကြောက်ရဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကနေ့ နေ့လည်ပိုင်းက နေပြည် တော်မှာပြုလုပ်တဲ့ ၄င်းတို့စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။




ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းတွေဘက်ရော၊ ၄င်းတို့စစ်ကောင်စီဘက်ကိုရော ဘယ်ဘက်မှမပါတဲ့ ပြည်သူတွေက စစ်တပ်ကိုမကြောက်ရတဲ့အပြင် PDF တွေကိုကြောက်နေရတယ်လို့ စစ်ကောင်စီပြောခွင့်ရက ထပ်မံစွပ်စွဲပြောဆိုပါတယ်။
” ခုချိန်မှာလက်တွေ့မေးကြည့် အပြင်မှာလက်တွေ့မေးကြည့်ပါဆိုတာက လက်တွေ့လုပ်နေရတဲ့ ဘယ်ဘက်မှမပါတဲ့သူတွေဘယ်ဘက်မှမပါတဲ့စီးပွားရေးသမားတွေနဲ့ နောက်ဆုံးကုန်ကုန်ပြောရရင် ဘယ်ဘက်မှမပါတဲ့ မီဒီယာသမားတွေမေးကြည့်ပါ၊စစ် တပ်ကိုကြောက်ရလားမေးကြည့်ပါ ၊တည့်တည့်ဘဲ မေးကြည့်ပါ၊ ဘယ်သူမှစစ်တပ်ကိုမကြောက်ရဘူး PDF ကိုဘဲကြောက်နေရတာ”လို့ သူကပြောပါတယ်။




စစ်ကောင်စီဘက်က အဲ့ဒီလိုပြောဆိုပေမယ့် မြေပြင်က ၄င်းတို့လက်အောက်ခံ လက်နက်ကိုင် စစ်ကောင်စီတပ် သားတွေအနေနဲ့ ပြည်သူလူထုကို အကြောက်တရားဝင်အောင်လုပ်နေလို့ သူတို့ရောက်လေရာက ပြည်သူလူထုကကြောက်နေရတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
” ကျနော်တို့က ဒီကောင်တွေကို ရွံကြောက်ပေါ့နော်၊ လက် နက်ရှိတာကိုး။ ရပ်ကွက်တွေထဲဘလောက်မိုက်ရိုင်းနေလည်းဆိုတာ အကုန်မြင်နေရတာဘဲ။ ဘာမှမဆိုင်လည်းဖမ်းတယ်၊ငွေညှစ်တယ်။ဒီ ကောင်တွေအဆင့်က အေး ဓားပြ ခိုးဆိုးနှိုက်သာ သာရှိတာ။ မနေ့ညကဘဲ သူ့ဘာ သာ အေးအေးချမ်းချမ်း စျေးရောင်းစားနေတဲ့ လှည်းတန်းစျေးဆိုင်တွေကို ဖျက်ဆီးမီးရှို့ပြီး အကြောက်တရားဖြစ်အောင်လုပ်တယ်။ အဲ့ဒီလို ဥပဒေမဲ့တွေ လက်နက်နဲ့လုပ်ချင်ရာလုပ်နေလို့ သူတို့ဝင်လာတဲ့ ရပ်ကွက်၊လမ်းတွေက ရှိသမျှလူအကုန်ကြောက်လန့်နေရတယ်” လို့ ရန်ကုန်မြို့ခံတဦးက ပြောဆိုပါတယ်။




လက်ရှိမှာ စစ်ကောင်စီတပ်က ၄င်းတို့ကို ဆန့်ကျင် သည်ဟု ယူဆသူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ မသက်ဆိုင်သည့် ရုပ်ဝတ္ထုပစ္စည်း လူနေအိမ်များကိုမီရှို့ဖျက်ဆီးခြင်း၊ ဒီမိုကရေစီပြန်လည်ရရှိရေးမြို့ပြပြောက် ကျားသပိတ်စစ်ကြောင်းများ ဆန္ဒပြခဲ့သည့်နေရာများကို မီးရှို့ဖျက်ဆီးခြင်းတွေ လုပ်ဆောင်ပြီး ပြည်သူလူထုအကြောက်တရားဝင်အောင်ပြုလုပ်နေသည်ကိုတွေ့ရသည်။
Crd
Unicode
လက္ေတြ႕မွာျပည္သူေတြက စစ္တပ္ကို ဘယ္သူမွ မေၾကာက္ရဘူး၊ PDF ကိုပဲေၾကာက္ေနရတာလို႔ စစ္ေကာင္စီေျပာ
ဧရာဝတီတိုင္းမ္
ဇူလိုင္လ ၁ ရက္
လက္ေတြ႕မွာျပည္သူေတြကဘယ္သူမွ စစ္တပ္ကို မေၾကာက္ရဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဒီကေန႔ ေန႔လည္ပိုင္းက ေနျပည္ ေတာ္မွာျပဳလုပ္တဲ့ ၄င္းတို႔စစ္ေကာင္စီရဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုလိုက္ပါတယ္။




ဒါ့အျပင္ ေတာ္လွန္ေရးအဖြဲ႕အစည္းေတြဘက္ေရာ၊ ၄င္းတို႔စစ္ေကာင္စီဘက္ကိုေရာ ဘယ္ဘက္မွမပါတဲ့ ျပည္သူေတြက စစ္တပ္ကိုမေၾကာက္ရတဲ့အျပင္ PDF ေတြကိုေၾကာက္ေနရတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက ထပ္မံစြပ္စြဲေျပာဆိုပါတယ္။
” ခုခ်ိန္မွာလက္ေတြ႕ေမးၾကည့္ အျပင္မွာလက္ေတြ႕ေမးၾကည့္ပါဆိုတာက လက္ေတြ႕လုပ္ေနရတဲ့ ဘယ္ဘက္မွမပါတဲ့သူေတြဘယ္ဘက္မွမပါတဲ့စီးပြားေရးသမားေတြနဲ႔ ေနာက္ဆုံးကုန္ကုန္ေျပာရရင္ ဘယ္ဘက္မွမပါတဲ့ မီဒီယာသမားေတြေမးၾကည့္ပါ၊စစ္ တပ္ကိုေၾကာက္ရလားေမးၾကည့္ပါ ၊တည့္တည့္ဘဲ ေမးၾကည့္ပါ၊ ဘယ္သူမွစစ္တပ္ကိုမေၾကာက္ရဘူး PDF ကိုဘဲေၾကာက္ေနရတာ”လို႔ သူကေျပာပါတယ္။




စစ္ေကာင္စီဘက္က အဲ့ဒီလိုေျပာဆိုေပမယ့္ ေျမျပင္က ၄င္းတို႔လက္ေအာက္ခံ လက္နက္ကိုင္ စစ္ေကာင္စီတပ္ သားေတြအေနနဲ႔ ျပည္သူလူထုကို အေၾကာက္တရားဝင္ေအာင္လုပ္ေနလို႔ သူတို႔ေရာက္ေလရာက ျပည္သူလူထုကေၾကာက္ေနရတယ္လို႔ ရန္ကုန္ၿမိဳ႕ခံတဦးက ေျပာပါတယ္။
” က်ေနာ္တို႔က ဒီေကာင္ေတြကို ရြံေၾကာက္ေပါ့ေနာ္၊ လက္ နက္ရွိတာကိုး။ ရပ္ကြက္ေတြထဲဘေလာက္မိုက္ရိုင္းေနလည္းဆိုတာ အကုန္ျမင္ေနရတာဘဲ။ ဘာမွမဆိုင္လည္းဖမ္းတယ္၊ေငြညႇစ္တယ္။ဒီ ေကာင္ေတြအဆင့္က ေအး ဓားၿပ ခိုးဆိုးႏွိုက္သာ သာရွိတာ။ မေန႔ညကဘဲ သူ႔ဘာ သာ ေအးေအးခ်မ္းခ်မ္း ေစ်းေရာင္းစားေနတဲ့ လွည္းတန္းေစ်းဆိုင္ေတြကို ဖ်က္ဆီးမီးရွို႔ၿပီး အေၾကာက္တရားျဖစ္ေအာင္လုပ္တယ္။ အဲ့ဒီလို ဥပေဒမဲ့ေတြ လက္နက္နဲ႔လုပ္ခ်င္ရာလုပ္ေနလို႔ သူတို႔ဝင္လာတဲ့ ရပ္ကြက္၊လမ္းေတြက ရွိသမၽွလူအကုန္ေၾကာက္လန္႔ေနရတယ္” လို႔ ရန္ကုန္ၿမိဳ႕ခံတဦးက ေျပာဆိုပါတယ္။




လက္ရွိမွာ စစ္ေကာင္စီတပ္က ၄င္းတို႔ကို ဆန္႔က်င္ သည္ဟု ယူဆသူမ်ားကို ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္ျခင္း၊ မသက္ဆိုင္သည့္ ႐ုပ္ဝတၳဳပစၥည္း လူေနအိမ္မ်ားကိုမီရွို႔ဖ်က္ဆီးျခင္း၊ ဒီမိုကေရစီျပန္လည္ရရွိေရးၿမိဳ႕ျပေျပာက္ က်ားသပိတ္စစ္ေၾကာင္းမ်ား ဆႏၵျပခဲ့သည့္ေနရာမ်ားကို မီးရွို႔ဖ်က္ဆီးျခင္းေတြ လုပ္ေဆာင္ၿပီး ျပည္သူလူထုအေၾကာက္တရားဝင္ေအာင္ျပဳလုပ္ေနသည္ကိုေတြ႕ရသည္။
Crd