ဘုန်းတန်ခိုးကြီးလွန်းသောကြောင့် အင်္ဂလန်ဘုရင်မကြီးကိုယ်တိုင် ပြန်ပို့ခိုင်းခဲ့ရသော ပြည်တော်ပြန်ဘုရားကြီး

News

ဘုန်းတန်ခိုးကြီးလွန်းသောကြောင့် အင်္ဂလန်ဘုရင်မကြီးကိုယ်တိုင် ပြန်ပို့ခိုင်းခဲ့ရသော ပြည်တော်ပြန်ဘုရားကြီး

မဟာသက္ကရာဇ် ၁၁၃ ခုနှစ်တွင် သဗ္ဗညုတ မြတ်စွာဘုရားသည် ရခိုင်ပြည့်ရှင်ဘုရင် စန္ဒသူရိယမင်း ပင့်ဖိတ်မှုကြောင့်

ညီတော်အာနန္ဒာနှင့် တကွ ငါးရာသော ရဟန္တာများခြံရံလျှက် ဓညဝတီသို့ ကောင်းကင် ခရီးမှကြွချီတော် မူခဲ့ပေသည်။

မြတ်စွာဘုရားရှင်သည် စန္ဒသူရိယမင်းအား မင်းကျင့်တရားဆယ်ပါးနှင့် ဒါနကထာစသောတရားများကို ဟောကြားတော် မူလေသည်။

တရားတော်ကို ဟောကြားတော် မူရသော ပြည်သူပြည်သား များသည်လဲ သူတော်ကောင်း တရားများကို သရဏဂုံ ဆောက်တည် ကြလေသည်။

မြတ်စွာဘုရားသည် အခြားသော ဝေနေယျတို့အား တရားရေအေးတိုက်ကျွေးရန် ဓညဝတီမြှပန်လည်ကြွချီရပေမည်။

စန္ဒသူရိယမင်း သည်လည်း မြတ်စွာဘုရားအား ကိုယ်စားတော်ပုံသွင်းကို သွန်းလုပ်ကိုးကွယ်ခွင့် ပြုတောင်းပန် လျှောက်ထားလေသည်။

မြတ်စွာဘုရားသည်လည်း အသင်ဒါကာ၏ဆန္ဒကိုလည်းဖြည့်ကာ ငါဘုရားသာသနာတော် အဓွန့်ရှည်ရန် ကိုယ်စားရုပ်ပွားတော် ထားခဲ့ပေအံ့ဟု ခွင့်ပြုတော် မူခဲ့သည်။

ထိုနောက် စန္ဒသူရိယမင်း သည် သီရိဂုဏ် တောင်ပေါ်တွင် ခုနှစ်ရက်တိုင် ခမ်းနားစွာကျင်းပ ခဲ့လေသည်။

ဘုရှားရှင်သည် သိကြားမင်းနှင့် ဝိသကြုံ နတ်သားတို့ကို ခေါ်ယူကာ ငါကိုယ်တော်နှင့် အတိုင်းအရှည် ပမာဏညီမျှ မှန်ကန်သော ရုပ်ရှင်တော်မြတ် အား သွန်းလုပ်စေဟု မိန်ကြားခဲ့လေသည်

သွန်းလုပ်ပီးသော အခါဘုရားရှင်သည် ရင်ငွေ့တော် ခုနှစ်ကြိမ်ပေးခဲ့သဖြင့် မဟာမုနိဘုရားဟု ဘွဲ့တော်ထင်ရှားခဲ့ပါတယ်။

မင်းအဆက်ဆက် ကိုးကွယ်ရာ ဆုတောင်းပြည့်ခဲ့သောကြောင့် ဆုတောင်းပြည့်ဘုရားဟု ဘွဲ့တော်တစ်ခု ထပ်တိုးလေခဲ့ပေသည်။

ထို့နောက် အောက်မြန်မာပြည်ကို အင်္ဂလိပ်နယ်ချဲ့တို့ သိမ်းယူပြီး ကြေးဆင်းတုတော်အမြောက်အများနှင့်ကြေးအိုး ၊ကြေးခွက်အစအနတေအပြင် မဟာမုနိဘုရားကြီးပါ မကျန်သိမ်းပိုက်ခဲ့သည်။

ဇလွန်မြို့မာရ် အောင်မြင်ဘုရားကိုပါ သိမ်းယူပြီးဆာဂျွန်ဆင် ဆိုသူ ကုလားဖြူဗိုလ်က ရွှေဆင်ဆိုသော သင်္ဘောဖြင့် တင်ယူသွားခဲ့ ပါတယ်။

အင်္ဂလန်ပြည် ရောက်ချိန် အရည်ကျိုရန် ပြင်ဆင်ကာမှ အလုပ်သမားများ အကြောင်းမရှိ ဖျားနာ ေ.သဆုံး ကြပြီး

အင်္ဂလန် ဘုရင်မကြီးပါ ကုမရသော ခေါင်းကိုက်ဝေဒနာ ဖြစ်လာသောကြောင့် မြန်မာပြည် အမြန်ပြန်ပို့ခဲ့ရသည်။

Credit-

Leave a Reply

Your email address will not be published.