စစ်တပ်ကအကြိမ်ကြိမ်ဝင်ရောက်ဓ.ားပြတိုက်နေသည့် ပနန်းရွာရှိ သက်ကြီးရွယ်အို (၇) ဦး ထွက်မပြေးတော့ဘဲ ရွာ၌သာအသေခံတော့မည်ဟုဆို
News
စစ်တပ်က မကြာခဏဝင်ပြီး ဓားပြတိုက်နေသည့် ပနန်းရွာရှိ သက်ကြီးရွယ်အို (၇) ဦး ထွက်မပြေးတော့ဘဲ ရွာ၌သာအသေခံတော့မည်ဟုဆို
ဂန့်ဂေါ၊ ဇွန် (၂၃)
လူငယ့်ခေတ်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ပနန်းရွာကို အကြမ်းဖက်စစ်ကောင်စီက အကြိမ်ကြိမ်ဝင်ရောက်နေခြင်းကြောင့် ဒေသခံများတိမ်းရှောင်နေသော်လည်း သက်ကြီးရွယ်အိုများမှာ ထွက်မပြေးတော့ဘဲ ရွာ၌သာအသေခံမည်ဟု ပြောဆိုသဖြင့် ချန်ထားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
“ပြေးဖို့ သုံးဘီးတွေ၊ ကားတွေနဲ့​ ဒီနေ့ ဇွန်(၂၃)က လာခေါ်တာ။ အဖွား က ငြင်းလွှတ်တော့တာပဲ၊ အဖွားကျန်းမာ​ရေးကရှိ​တော့ အတင်းလည်းမ​ခေါ်ရစ်​တော့ဘူး။ ရင်နာနာနဲ့ပဲ စားစရာ​တွေအပြည့်ထားပြီး ​ပြေးလာခဲ့ရတာ​ပေါ့”ဟု ပနန်းရွာတွင်ကျန်ခဲ့သည့် အသက် (၈၀) အရွယ် အဘွား၏ မြေးဖြစ်သူက လူငယ့်ခေတ်သို့ ပြောသည်။
ပနန်းရွာကို (၄) ကြိမ်မြောက်အဖြစ် အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးနေပြီး ဒေသခံ (၄၀၀) ကျော်ထွက်ပြေးတိမ်းရှောင်နေရကာ ရွာအတွင်း၌ သက်ကြီးရွယ်အို (၇) ဦးကျန်ခဲ့ကြောင်း သိရသည်။
“ဘယ်မှ မလိုက်တော့ဘူး။ အိမ်မှာဘဲ အသေခံလိုက်တော့မယ်၊ လှုပ်လှုပ်တွေဆို ခေါင်းမူးလွန်းလို့ပါ။ ပြေးလည်း လမ်းမှာ သေမှာပဲ၊ အဖွားကအသက်ကြီးပြီး ငါကိုမပူကြနဲ့ ကိုယ့်ကိုကိုယ်သာ ဘေးကင်းအောင် ဂရုစိုက်သွားကြလို့အဖွားကမှာလိုက်တယ်”ဟု မြေးဖြစ်သူက ပြောသည်။
အကြမ်းဖက်စစ်တပ်က ပနန်းကျေးရွာကို ဧပြီလတွင် တစ်ကြိမ်၊ ​မေလတွင် တစ်ကြိမ်၊ ယခု ဇွန်လ (၁၉) ရက်မှ (၂၁) ရက်နေ့အထိနှင့် ယနေ့ဇွန် (၂၃) ရက် မနက်ပိုင်းတွင်ထပ်မံဝင်ရောက်လာခြင်းဖြစ်သည်။
ဇွန်လ (၂၀) ရက်နေ့က ဝင်ရောက်ချိန်တွင် စစ်ဘေးဒုက္ခသည်များခိုလှုံနေသည့် ပနန်းရွာဘုန်းကြီးကျောင်းကိုပါ ဝင်ရောက်ခဲ့ပြီး ပြည်သူများထံက ရွှေငွေများကိုဓားပြတိုက်သွားသည့်အပြင် ဘုရားငွေများကိုပါလုယက်သွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ဓာတ်ပုံ – စစ်တပ်က ဓားပြဝင်တိုက်ပြီး မွှေနှောက်ဖျက်ဆီးခဲ့သည့် ဘုန်းကြီးကျောင်း (Ashin Kalyarna)
Crd
Unicode
ဂန့်ဂေါ၊ ဇွန် (၂၃)
လူငယ့်ခေတ်
Crd
Leave a Reply
Your email address will not be published.