မအလတော့ နိုင်ငံတကာကြင်စိုးပေါ်ရောက်ဖို့ နီးစပ်နေကြောင်း မင်းကိုနိုင်..see more..




လူသတ်ကောင်ဆွဲတဲ့ ဆဲလ်ဖီအထုပ်လိုက်ထွက်ကျလာတာအမှတ်တမဲ့ ပြီးသွားမယ်ထင်နေလား။ကြမ္မာဆိုးဝင်ရင် ကြိုးကိုမြွေမြင်သလိုပဲလူသတ်ကောင်ဟာကိုယ်တိုင်ဆဲလ်ဖီရိုက်ကူးခဲ့တယ်။ကိုယ်တိုင်ဖြောင့်ချက်ပေးခဲ့တယ်။ကမ္ဘာကျော်ဆဲလ်ဖီပဲ။
ဒါစစ်ကြောရေးမှာနှိပ်စက်ညှင်းပမ်းလို့လိမ်လည်ထွက်ဆိုရတာမျိုးမဟုတ်ဘူး။ထန်းရည်မူးကျွဲခိုးပေါ်တာ။ကျူးလွန်ချင်လို့ကျူးလွန်တာဆိုတဲ့သရုပ်မှန်စိတ်အမှန်တွေကိုလှန်ပြလိုက်တာ။မြန်မာပြည်အာဏာလုစစ်တပ်ရဲ့အဆင့်အတန်းကိုလှန်ပြလိုက်တာ။
အပြစ်မဲ့ပြည်သူကိုသတ်ဖြတ်ရတာဂုဏ်ဆာနေတဲ့ အာဏာလုစစ်အုပ်စုရဲ့အဆင့်ကိုလှန်ပြလိုက်တာ။ကြမ္မာဆိုးကရိုက်ကူးရုံမပြီးဘူး။ပြုတ်ကျလိုက်တယ်။ကောက်ရသူကသာမာန်ပြည်သူ၊ ဒါပေမဲ့ပြည်သူ့တော်လှန်ရေးဆိုတော့သိတဲ့အတိုင်းပဲပေါ့။




လိုင်းမရတဲ့စစ်ကိုင်းကနေ အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီအရောက် ဘေးမသီ
ရန်မခ အဆင့်ဆင့်ပို့ဆောင်တာဝန်ကျေခဲ့ကြတယ်။ ပြည်သူ့တော်လှန်ရေးစစ်စစ်ဆိုတာဒါပဲ။စစ်အုပ်စုသိချိန်မှာထပ်ကံဆိုးပြန်ပြီ။
လက်ခံယူသူသတင်းသမားတွေဟာနိုင်ငံရေးအကျဉ်းသားဟောင်းတွေပါ။ မျိုးဆက်ဟောင်းကမီဒီယာသမားအဖြစ် ဒီတော်လှန်ရေးမှာရှိနှင့်ပြီးသား။ မျိုးဆက်အလိုက်ကျရာတာဝန်မှန်သမျှ အမိမြေအပေါ်ချစ်ခြင်းများ၊ ဥာဏ်ပညာများနဲ့ ထမ်းဖို့ကျေဖို့စုဖွဲ့ထားတဲ့နွေဦးတော်လှန်ရေးပါ။
သူတို့အားစိုက်တင်ပြဖို့အချက်အလက်မေးမြန်းစရာရှာတဲ့အခါ ပြည်သူ့ရင်ခွင်ခိုလှုံလာသူစီဒီအမ် ဗိုလ်ကြီးထံရောက်ပြန်တယ်။
သူကမျိုးဆက်သစ်ပါ။ မျိုးဆက်တွေပေါင်းစုမှုဟာရလဒ်အနေနဲ့ ဒီကမ္ဘာကျော်လူသတ်ပွဲကို အထင်အရှားသက်သေခိုင်မာစေခဲ့ပါတယ်။




ဆဲလ်ဖီကလစ်နဲ့အတူအပြစ်မဲ့ပြည်သူတွေရဲ့မျက်ရည်နဲ့ကျိမ်စာဟာအာဏာလုစစ်အုပ်စုကိုလောင်မြိုက်စေပါပြီ။ဗီဒီယိုထဲကဖြောင့်ချက်ရှင်တွေကြမ္မာဘာဖြစ်လာမလဲ။လောလောဆယ်တော့ဓာတ်ပုံပေါင်း ၁၄၄ပုံနဲ့ ၁၀မိနစ်ခွဲအကြာဗီဒီယိုဖိုင်ဟာမီးတုတ်ကိုင်ပြီးကမ္ဘာကြီးကိုပတ်နေပါပြီ။
ဒီမီးတုတ်ကိုနိုင်ငံတကာအစိုးရများလွှတ်တော်များနှင့်အဖွဲ့အစည်းစုံကမ္ဘာ့ပြည်သူများထံအရောက်ပို့ခဲ့ကြသူတွေဟာဘယ်သူတွေပါလဲ။ တော်လှန်သောမြန်မာပြည်သူများပါပဲ။ ပြည်သူ့တော်လှန်ရေးဆိုတာဒါပါပဲ။စစ်ကောင်စီသိချိန်မှာနှောင်းခဲ့ပါပြီ။
ဆယ်လ်ဖီဆွဲဖြောင့်ချက်ပေးသူတွေကိုစစ်တပ်ကအလွတ်မခံဘဲအသည်းအမဲလိုက်နေသလိုပြည်သူကလဲသူတို့ဇာတိနောက်ကြောင်းရာဇဝင်နှင့်တကွတပ်ထဲဝင်ခဲ့တဲ့နှစ်ကအစ
ကွန်ယက်ဖွဲ့ပြီးလိုက်နေကြပါပြီ။




စစ်အုပ်စုဟာမုဆိုးကသားကောင်ဖြစ်မယ့်အလှည့်ပါ။စစ်အုပ်စုအတွက်ပြည်သူ့တော်လှန်ရေးဟာဘယ်တော့မှလက်သီးတလုံးတည်းမလာပါဘူး။အတွဲလိုက်လာပါတယ်။ခုတခါတွဲလက်သီးအဖြစ်နောက်တလုံးဆက်လာပါပြီ။
နိုင်ငံတော်လျှို့ဝှက်ချက်ရောင်းစားမှုအဖြစ်မိုင်တဲလ်အကျိုးစီးပွါးအတွက်ပေးခဲ့တဲ့ တပ်တွင်းစစ်သည်တွေတည်ရှိစာရင်း ခုပေါက်ပြီးထွက်လာပါပြီ။တော်လှန်ရေးဟာ အရေခြုံမျက်နှာဖုံးတွေ ဆွဲခွါပြီး တရားစီရင်မယ်ဆိုတဲ့ကတိကိုတည်ကြောင်းပြရင်း လောကဆီ ချီလာပါပြီ။
ကမ္ဘာ့သမိုင်းမှာ လူသတ်ကောင်ဆွဲတဲ့ဆဲလ်ဖီ အထုပ်လိုက်ထွက်ကျလာတာ အမှတ်မဲ့ပြီးမသွားဘူးဆိုတာ ထပ်ပြောပါရစေ။ပြည်သူတွေလက်နက်ကိုင်ဆွဲရတယ်ဆိုတာဟာ




စစ်တပ်ရဲ့ထင်တိုင်းရမ်းကားသတ်ဖြတ်နေတာကို တားဆီးခုခံခွင့် မရှိမဖြစ်လိုအပ်ချက်ဆိုတာသက်သေထူနိုင်တာ မြန်မာပြည်အရေး တွေဝေနေသူအစိုးရနဲ့အဖွဲ့အစည်းပေါင်းစုံအတွက်တုန်လှုပ်ဖွယ် သတင်းစကားရသွားတာပါ။ပို၍ရင်းနှီးထည့်ဝင်ပါဝင်ဖြေရှင်းရတော့မယ်ဆိုတာလက်ခံစေပါလိမ့်မယ်။ဘယ်သူတရားမျှတ ၊ဘယ်သူကားအဓမ္မအမှောင်နဲ့အလင်းအားချင်း မျက်နှာချင်းဆိုင်ရာဘယ်ပါမလဲ သဲကွဲစေပါတယ်။
ပြည်သူကတော့ဓမ္မဘက်သားများပီပီအောင်စိတ်နဲ့ ညီပြနေမြဲ။ ဒီကမ္ဘာကျော်လူသတ်ပွဲအမှုက မျက်နှာပိုင်ရှင်တွေကို ဖေါ်ထုတ်ဖို့တဆက်ထည်း စစ်အုပ်စုပြုတ်ကျဖို့ဆိုင်ရာအချက်အလက်တွေ ဝိုင်းကူဖေါ်ထုတ်ပေးကြမျှဝေပေးကြရင်း၊လူသတ်ကောင်ဆွဲတဲ့ ဆဲလ်ဖီ ကို ဘာသာပေါင်းစုံပြန်ဆိုရင်း၊အတွဲလိုက်ထိုးကြမှာပါ။အမှတ်နဲ့နိုင်ပြီးသားကိုအလဲထိုးမှဆိုတော့လည်းအတွဲလိုက်လွှတ်ပြကြရုံပေါ့။
Zaw Gyi
မအလတော့ နိုင်ငံတကာကြင်စိုးပေါ်ရောက်ဖို့ နီးစပ်နေကြောင်း မင်းကိုနိုင်..see more..




လူသတ်ကောင်ဆွဲတဲ့ ဆဲလ်ဖီအထုပ်လိုက်ထွက်ကျလာတာအမှတ်တမဲ့ ပြီးသွားမယ်ထင်နေလား။ကြမ္မာဆိုးဝင်ရင် ကြိုးကိုမြွေမြင်သလိုပဲလူသတ်ကောင်ဟာကိုယ်တိုင်ဆဲလ်ဖီရိုက်ကူးခဲ့တယ်။ကိုယ်တိုင်ဖြောင့်ချက်ပေးခဲ့တယ်။ကမ္ဘာကျော်ဆဲလ်ဖီပဲ။
ဒါစစ်ကြောရေးမှာနှိပ်စက်ညှင်းပမ်းလို့လိမ်လည်ထွက်ဆိုရတာမျိုးမဟုတ်ဘူး။ထန်းရည်မူးကျွဲခိုးပေါ်တာ။ကျူးလွန်ချင်လို့ကျူးလွန်တာဆိုတဲ့သရုပ်မှန်စိတ်အမှန်တွေကိုလှန်ပြလိုက်တာ။မြန်မာပြည်အာဏာလုစစ်တပ်ရဲ့အဆင့်အတန်းကိုလှန်ပြလိုက်တာ။
အပြစ်မဲ့ပြည်သူကိုသတ်ဖြတ်ရတာဂုဏ်ဆာနေတဲ့ အာဏာလုစစ်အုပ်စုရဲ့အဆင့်ကိုလှန်ပြလိုက်တာ။ကြမ္မာဆိုးကရိုက်ကူးရုံမပြီးဘူး။ပြုတ်ကျလိုက်တယ်။ကောက်ရသူကသာမာန်ပြည်သူ၊ ဒါပေမဲ့ပြည်သူ့တော်လှန်ရေးဆိုတော့သိတဲ့အတိုင်းပဲပေါ့။




လိုင်းမရတဲ့စစ်ကိုင်းကနေ အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီအရောက် ဘေးမသီ
ရန်မခ အဆင့်ဆင့်ပို့ဆောင်တာဝန်ကျေခဲ့ကြတယ်။ ပြည်သူ့တော်လှန်ရေးစစ်စစ်ဆိုတာဒါပဲ။စစ်အုပ်စုသိချိန်မှာထပ်ကံဆိုးပြန်ပြီ။
လက်ခံယူသူသတင်းသမားတွေဟာနိုင်ငံရေးအကျဉ်းသားဟောင်းတွေပါ။ မျိုးဆက်ဟောင်းကမီဒီယာသမားအဖြစ် ဒီတော်လှန်ရေးမှာရှိနှင့်ပြီးသား။ မျိုးဆက်အလိုက်ကျရာတာဝန်မှန်သမျှ အမိမြေအပေါ်ချစ်ခြင်းများ၊ ဥာဏ်ပညာများနဲ့ ထမ်းဖို့ကျေဖို့စုဖွဲ့ထားတဲ့နွေဦးတော်လှန်ရေးပါ။
သူတို့အားစိုက်တင်ပြဖို့အချက်အလက်မေးမြန်းစရာရှာတဲ့အခါ ပြည်သူ့ရင်ခွင်ခိုလှုံလာသူစီဒီအမ် ဗိုလ်ကြီးထံရောက်ပြန်တယ်။
သူကမျိုးဆက်သစ်ပါ။ မျိုးဆက်တွေပေါင်းစုမှုဟာရလဒ်အနေနဲ့ ဒီကမ္ဘာကျော်လူသတ်ပွဲကို အထင်အရှားသက်သေခိုင်မာစေခဲ့ပါတယ်။




ဆဲလ်ဖီကလစ်နဲ့အတူအပြစ်မဲ့ပြည်သူတွေရဲ့မျက်ရည်နဲ့ကျိမ်စာဟာအာဏာလုစစ်အုပ်စုကိုလောင်မြိုက်စေပါပြီ။ဗီဒီယိုထဲကဖြောင့်ချက်ရှင်တွေကြမ္မာ
ဘာဖြစ်လာမလဲ။လောလောဆယ်တော့ဓာတ်ပုံပေါင်း ၁၄၄ပုံနဲ့ ၁၀မိနစ်ခွဲအကြာဗီဒီယိုဖိုင်ဟာမီးတုတ်ကိုင်ပြီးကမ္ဘာကြီးကိုပတ်နေပါပြီ။
ဒီမီးတုတ်ကိုနိုင်ငံတကာအစိုးရများလွှတ်တော်များနှင့်အဖွဲ့အစည်းစုံကမ္ဘာ့ပြည်သူများထံအရောက်ပို့ခဲ့ကြသူတွေဟာဘယ်သူတွေပါလဲ။ တော်လှန်သောမြန်မာပြည်သူများပါပဲ။ ပြည်သူ့တော်လှန်ရေးဆိုတာဒါပါပဲ။စစ်ကောင်စီသိချိန်မှာနှောင်းခဲ့ပါပြီ။
ဆယ်လ်ဖီဆွဲဖြောင့်ချက်ပေးသူတွေကိုစစ်တပ်ကအလွတ်မခံဘဲအသည်းအမဲလိုက်နေသလိုပြည်သူကလဲသူတို့ဇာတိနောက်ကြောင်းရာဇဝင်နှင့်တကွတပ်ထဲဝင်ခဲ့တဲ့နှစ်ကအစ
ကွန်ယက်ဖွဲ့ပြီးလိုက်နေကြပါပြီ။




စစ်အုပ်စုဟာမုဆိုးကသားကောင်ဖြစ်မယ့်အလှည့်ပါ။စစ်အုပ်စုအတွက်ပြည်သူ့တော်လှန်ရေးဟာဘယ်တော့မှလက်သီးတလုံးတည်းမလာပါဘူး။အတွဲလိုက်လာပါတယ်။ခုတခါတွဲလက်သီးအဖြစ်နောက်တလုံးဆက်လာပါပြီ။
နိုင်ငံတော်လျှို့ဝှက်ချက်ရောင်းစားမှုအဖြစ်မိုင်တဲလ်အကျိုးစီးပွါးအတွက်ပေးခဲ့တဲ့ တပ်တွင်းစစ်သည်တွေတည်ရှိစာရင်း ခုပေါက်ပြီးထွက်လာပါပြီ။
တော်လှန်ရေးဟာ အရေခြုံမျက်နှာဖုံးတွေ ဆွဲခွါပြီး တရားစီရင်မယ်ဆိုတဲ့ကတိကိုတည်ကြောင်းပြရင်း လောကဆီ ချီလာပါပြီ။ကမ္ဘာ့သမိုင်းမှာ လူသတ်ကောင်ဆွဲတဲ့ဆဲလ်ဖီ အထုပ်လိုက်ထွက်ကျလာတာ အမှတ်မဲ့ပြီးမသွားဘူးဆိုတာ ထပ်ပြောပါရစေ။




ပြည်သူတွေလက်နက်ကိုင်ဆွဲရတယ်ဆိုတာဟာစစ်တပ်ရဲ့ထင်တိုင်းရမ်းကားသတ်ဖြတ်နေတာကို တားဆီးခုခံခွင့် မရှိမဖြစ်လိုအပ်ချက်ဆိုတာသက်သေထူနိုင်တာ မြန်မာပြည်အရေး တွေဝေနေသူအစိုးရနဲ့အဖွဲ့အစည်းပေါင်းစုံအတွက်တုန်လှုပ်ဖွယ် သတင်းစကားရသွားတာပါ။ပို၍ရင်းနှီးထည့်ဝင်ပါဝင်ဖြေရှင်းရတော့မယ်ဆိုတာလက်ခံစေပါလိမ့်မယ်။ဘယ်သူတရားမျှတ ၊ဘယ်သူကားအဓမ္မအမှောင်နဲ့အလင်းအားချင်း မျက်နှာချင်းဆိုင်ရာဘယ်ပါမလဲ သဲကွဲစေပါတယ်။
ပြည်သူကတော့ဓမ္မဘက်သားများပီပီအောင်စိတ်နဲ့ ညီပြနေမြဲ။ ဒီကမ္ဘာကျော်လူသတ်ပွဲအမှုက မျက်နှာပိုင်ရှင်တွေကို ဖေါ်ထုတ်ဖို့
တဆက်ထည်း စစ်အုပ်စုပြုတ်ကျဖို့ဆိုင်ရာအချက်အလက်တွေ ဝိုင်းကူဖေါ်ထုတ်ပေးကြမျှဝေပေးကြရင်း၊လူသတ်ကောင်ဆွဲတဲ့ ဆဲလ်ဖီ ကို ဘာသာပေါင်းစုံပြန်ဆိုရင်း၊အတွဲလိုက်ထိုးကြမှာပါ။အမှတ်နဲ့နိုင်ပြီးသားကိုအလဲထိုးမှဆိုတော့လည်းအတွဲလိုက်လွှတ်ပြကြရုံပေါ့။
#crd