Zawgyi
သားျဖစ္သူ (၁၀)တန္း က်ရႈံးတဲ့အထိမ္းအမွတ္အေနျဖင့္ မိဘမ်ားမွ အလႉပြဲက်င္းပ
သတင္းေခါင္းစဥ္ကို ဖတ္ၿပီး ဒါဟာ စတန႔္ထြင္တယ္လို႔ ယူဆမိေကာင္းမိသြားပါလိမ့္မယ္ ဒါေပမယ့္ တစ္ကယ္ေတာ့ သားသမီးအေပၚထားတဲ့ အႏႈိင္းအဆမဲ့ မိဘေမတၱာကို ျပသလိုက္ျခင္းသာျဖစ္ပါတယ္။




ေခတ္ေတြစနစ္ေတြ ေျပာင္းလဲလာတာနဲ႔အတူ ယေန႔ေခတ္မိဘေတြရဲ႕ သားသမီးေတြအေပၚ ထားတဲ့ သေဘာထားအျမင္နဲ႔ ေမတၱာတရားေတြဟာလည္း ပိုမိုႀကီးမားျမင့္ျမတ္လာပါတယ္။
ဆယ္တန္းက်ရႈံးခဲ့တဲ့ သားသမီးကို အျပစ္တင္ဆူပူေျပာဆိုၿပီး စိတ္ဓါတ္ေတြ ပိုက်ေစမယ့္အစား ဘဝမွာ အမွတ္တရျဖစ္သြားေအာင္ ဆယ္တန္းက်ရႈံးျခင္း အထိမ္းအမွတ္အျဖစ္ အလႉပြဲလုပ္ၿပီး သားသမီးရဲ႕ စိတ္ပိုင္းဆိုင္ရာကို ျမႇင့္တင္ေပးခဲ့ပါတယ္။




မေကြးတိုင္းေဒသႀကီး ၊ စလင္းၿမိဳ႕နယ္ ၊ စည္ဆြဲ႐ြာ မွ ကိုမ်ိဳးဝင္း + မဥမၼာဝင္း တို႔၏ သား ေမာင္မ်ိဳးေက်ာ္ဦး ဆယ္တန္းက်ရႈံးျခင္းအေပၚ မိဘမ်ားမွ ဆူပူ အျပစ္တင္ျခင္းမရွိဘဲ ယေန႔နံနက္ပိုင္းတြင္ စည္ဆြဲ႐ြာသူ ႐ြာသားမ်ားအား
ထမင္းအာဟာရေကြၽးေမြးျခင္း ၊ထန္းရည္ ၊ ၾကက္သားေဂြးေတာက္ဟင္း ၊ ပဲေၾကာ္လၻက္သုပ္မ်ားျဖင့္ စည္စည္ကားကား ေကြၽးေမြးဧည့္ခံၿပီး သားျဖစ္သူအား ႏွစ္သိမ့္ေပးခဲ့တယ္လို႔ သိရွိရပါတယ္။




မိဘေတြက သားျဖစ္သူကို စကားတစ္ခြန္းနဲ႔ပဲ အားေကးခဲ့ပါတယ္ “ဒီႏွစ္က်ရႈံးျခင္းဟာ ေနာက္ႏွစ္ေအာင္ျမင္ဖို႔အတြက္ ႀကိဳတင္ေလ့က်င့္တယ္လို႔ မွတ္လိုက္ပါ သားရယ္”တဲ့..။
သတင္း/ဓါတ္ပုံ – ကိုမ်ိဳး
Unicode
သားဖြစ်သူ (၁၀)တန်း ကျရှုံးတဲ့အထိမ်းအမှတ်အနေဖြင့် မိဘများမှ အလှူပွဲကျင်းပ
သတင်းခေါင်းစဉ်ကို ဖတ်ပြီး ဒါဟာ စတန့်ထွင်တယ်လို့ ယူဆမိကောင်းမိသွားပါလိမ့်မယ် ဒါပေမယ့် တစ်ကယ်တော့ သားသမီးအပေါ်ထားတဲ့ အနှိုင်းအဆမဲ့ မိဘမေတ္တာကို ပြသလိုက်ခြင်းသာဖြစ်ပါတယ်။




ခေတ်တွေစနစ်တွေ ပြောင်းလဲလာတာနဲ့အတူ ယနေ့ခေတ်မိဘတွေရဲ့ သားသမီးတွေအပေါ် ထားတဲ့ သဘောထားအမြင်နဲ့ မေတ္တာတရားတွေဟာလည်း ပိုမိုကြီးမားမြင့်မြတ်လာပါတယ်။
ဆယ်တန်းကျရှုံးခဲ့တဲ့ သားသမီးကို အပြစ်တင်ဆူပူပြောဆိုပြီး စိတ်ဓါတ်တွေ ပိုကျစေမယ့်အစား ဘဝမှာ အမှတ်တရဖြစ်သွားအောင် ဆယ်တန်းကျရှုံးခြင်း အထိမ်းအမှတ်အဖြစ် အလှူပွဲလုပ်ပြီး သားသမီးရဲ့ စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးခဲ့ပါတယ်။




မကွေးတိုင်းဒေသကြီး ၊ စလင်းမြို့နယ် ၊ စည်ဆွဲရွာ မှ ကိုမျိုးဝင်း + မဥမ္မာဝင်း တို့၏ သား မောင်မျိုးကျော်ဦး ဆယ်တန်းကျရှုံးခြင်းအပေါ် မိဘများမှ ဆူပူ အပြစ်တင်ခြင်းမရှိဘဲ ယနေ့နံနက်ပိုင်းတွင် စည်ဆွဲရွာသူ ရွာသားများအား
ထမင်းအာဟာရကျွေးမွေးခြင်း ၊ထန်းရည် ၊ ကြက်သားဂွေးတောက်ဟင်း ၊ ပဲကြော်လ္ဘက်သုပ်များဖြင့် စည်စည်ကားကား ကျွေးမွေးဧည့်ခံပြီး သားဖြစ်သူအား နှစ်သိမ့်ပေးခဲ့တယ်လို့ သိရှိရပါတယ်။




မိဘတွေက သားဖြစ်သူကို စကားတစ်ခွန်းနဲ့ပဲ အားကေးခဲ့ပါတယ် “ဒီနှစ်ကျရှုံးခြင်းဟာ နောက်နှစ်အောင်မြင်ဖို့အတွက် ကြိုတင်လေ့ကျင့်တယ်လို့ မှတ်လိုက်ပါ သားရယ်”တဲ့..။
သတင်း/ဓါတ်ပုံ – ကိုမျိုး
Crd