တက္ကသိုလ်၀င်တန်းအောင်စာရင်းတွေထုတ်ပြန်၊၂၀၂၂တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးပထမကို မန္တလေး(အထက-၁၆ )ချမ်းအေးသာဇံ မြို့နယ်ကရရှိ
ဇွန်လ ၁၇ ရက်နေ့
တက္ကသိုလ်၀င်တန်းအောင်စာရင်းတွေကို ဒီနေ့ ဇွန် ၁၇ ရက်မှာ ထုတ်ပြန်လိုက်ပြီး ရန်ကုန်အပါအ၀င် တိုင်းနဲ့ပြည်နယ် ၁၄ ခုနဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ တစ်ခါ နိုင်ငံခြားစာစစ်ဌာနက အောင်ချက်တွေကို စစ်ကောင်စီက ထုတ်ပြန်လာတာဖြစ်ပါသည်။
ဒီနှစ် အောင်ချက်ရာခိုင်နှုန်းဟာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ၄၆ ရာခိုင်နှုန်းကျော်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။




အာဏာသိမ်းပြီးနောက် ပထမဆုံး တက္ကသိုလ်ဝင်စာမေးပွဲကို ပြီးခဲ့တဲ့ မတ်လတုန်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပုံမှန်ဆို တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကိုးသိန်းလောက်ရှိပေမဲ့ ဒီနှစ်မှာတော့ သုံးသိန်းနီးပါးသာရှိတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောထားပါတယ်။




အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှုမှာပါဝင်ဖို့၊ နောက် စစ်ကောင်စီနဲ့ မပူးပေါင်းတာကို ပြသဖို့ ပြည်တွင်းမှာ အခြေခံပညာရော၊ အဆင့်မြင့်ပညာကဏ္ဍမှာပါ ကျောင်းမတက်သပိတ် လှုပ်ရှားမှု ပေါ် ပေါက်ခဲ့တာကြောင့် စစ်ကောင်စီဖွင့်တဲ့အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်သူဦးရေ နည်းပါးခဲ့တာဖြစ်ပါတယ်။




၂၀၂၂တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဒီကနေ့မနက်ပိုင်းကထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံးပထမအမှတ်အများဆုံးအနေနဲ့ ဘာသာစုံဂုဏ်ထူးရ အမှတ်ပေါင်း၅၅၈မှတ်နဲ့ မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် အထက-၁၆ ကျောင်းမှ ကျောင်းသူတစ်ဦးရရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဌာနကသတင်းထုတ်ပြန်ထားပါသည်။
Crd