အပြည့်စုံ…ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ပြည်မြို့ ၊ အမှတ်(၁) အထက်တန်းကျောင်းဝန်းထဲမှာ ယနေ့ဇွန်လ ၁၅ ရက်နေ့ မှာ ကျောင်းသားတွေ
အုပ်စုလိုက်ရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့ ကျောင်းသားမိဘတွေထံကသိရပါတယ်။ထမင်းစားကျောင်းဆင်းချိန် နေ့လည် ၁၂ နာရီကျော်
ခန့်ကျောင်းဝန်းထဲမှာပဲ ၉ တန်းကျောင်းသားတွေနဲ့ ၈ တန်းကျောင်းသားတွေ အုပ်စုဖွဲ့ ပြီး တုတ်တွေနဲ့ ရိုက်နှက်ကြတာလို့ ပြောပါတယ်။
“ကိုးတန်းကျောင်းသားက ၇ ယောက်လောက်နဲ့ ရှစ်တန်းကျောင်းသား ၂၀ လောက်အုပ်စုဖွဲ့ရိုက်နှက် ကြတာ ကိုးတန်းကျောင်းသားတွေတော့ ဒဏ်ရာတွေရကြတယ်” လို့ ကျောင်းသားမိဘတဦးကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဒဏ်ရာရတဲ့ကျောင်းသားအခြေနေနဲ့ မိဘတွေကို ရုံးခန်းခေါ်ယူတွေ့ဆုံတာမျိုး အသေးစိပ်ကို သိရှိရခြင်းမရှိသေးဘူးလို့
ဆိုပါတယ်။ မကြာသေးခင်ကလည်း စာသင်ခန်းထဲမှာ ကျောင်းသား ၁ ဦးကို ကျောင်းသား ၁၀ ယောက်ခန့်ရှိတဲ့ အဖွဲ့က မေးမြန်းပြီး
ဝိုင်းဝန်းထိုးကျိတ်ကာ တံမြတ်စည်းတွေနဲ့ ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုဒ်တခု အွန်လိုင်းပေါ်မှာ ပျံ့နှံခဲ့ပြီး ဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်။
#မြေလတ်အသံ
အပြည့်စုံ…ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ပြည်မြို့ ၊ အမှတ်(၁) အထက်တန်းကျောင်းဝန်းထဲမှာ ယနေ့ဇွန်လ ၁၅ ရက်နေ့ မှာ ကျောင်းသားတွေ
အုပ်စုလိုက်ရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့ ကျောင်းသားမိဘတွေထံကသိရပါတယ်။ထမင်းစားကျောင်းဆင်းချိန် နေ့လည် ၁၂ နာရီကျော်
ခန့်ကျောင်းဝန်းထဲမှာပဲ ၉ တန်းကျောင်းသားတွေနဲ့ ၈ တန်းကျောင်းသားတွေ အုပ်စုဖွဲ့ ပြီး တုတ်တွေနဲ့ ရိုက်နှက်ကြတာလို့ ပြောပါတယ်။
“ကိုးတန်းကျောင်းသားက ၇ ယောက်လောက်နဲ့ ရှစ်တန်းကျောင်းသား ၂၀ လောက်အုပ်စုဖွဲ့ရိုက်နှက် ကြတာ ကိုးတန်းကျောင်းသားတွေတော့ ဒဏ်ရာတွေရကြတယ်” လို့ ကျောင်းသားမိဘတဦးကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဒဏ်ရာရတဲ့ကျောင်းသားအခြေနေနဲ့ မိဘတွေကို ရုံးခန်းခေါ်ယူတွေ့ဆုံတာမျိုး အသေးစိပ်ကို သိရှိရခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
မကြာသေးခင်ကလည်း စာသင်ခန်းထဲမှာ ကျောင်းသား ၁ ဦးကို ကျောင်းသား ၁၀ ယောက်ခန့်ရှိတဲ့ အဖွဲ့က မေးမြန်းပြီး