အတန္းတက္မွ ပညာတတ္မယ္လို႔ ထင္ေနၾကတဲ့ အယူအဆနဲ႔ အလိမ္ခံလိုက္ရတဲ့ ကေလးမ်ား…

News

အဂၤလိပ္စာကို ဆယ္ႏွစ္သင္ေပးလို႔ မတတ္တဲ့ ပညာေရးစနစ္နဲ႔ အလိမ္ခံလိုက္ရတဲ့ ကေလးမ်ား

ကြၽန္ေတာ္တို႔ႏိုင္ငံက ကေလးေတြ သနားစရာ အလြန္ေကာင္းပါတယ္။ သူတို႔ဘဝသက္တမ္းရဲ႕ ဆယ္ႏွစ္ေက်ာ္မွ် အလိမ္ခံခဲ့ၾကရတယ္။

အဂၤလိပ္စာကို ဆယ္ႏွစ္သင္ေပးလို႔ တတ္ေအာင္မသင္ႏိုင္တဲ့ႏိုင္ငံ၊ ျမန္မာစာကို ဆယ္ႏွစ္သင္လို႔ မွန္ေအာင္မေရးႏိုင္တဲ့ႏိုင္ငံ၊ ကေလးငယ္ေတြကို ႏိုင္ငံျခားမုန္းတီးမႈ အေျခခံထားတဲ့ အလိမ္အညာသမိုင္းေတြ ျမန္မာ-ယိုးဒယားစစ္ပြဲ စာအုပ္စိမ္းေတြနဲ႔ ဂ်င္းသိပ္ခဲ့တယ္။

ေက်ာင္းေတြမွာ ကစားကြင္းရွိလ်က္နဲ႔ ကစားခြင့္မေပးဘဲ စာက်က္ေစတယ္။ ေက်ာင္းေတြက လက္ေတြ႕စမ္းသပ္ခန္းေတြဆိုတာ ဟန္ျပသက္သက္သာလုပ္ထားၿပီး ျမင္သာျမင္ရ မၾကင္ရဘူး ကြန္ပ်ဴတာခန္းနဲ႔ ေက်ာင္းစာၾကည့္တိုက္ေတြလည္း အၿမဲေသာ့ခတ္ထားတယ္။

စာသင္တဲ့အခါမွာလည္း မင္းလက္ပိုက္ထားၿပီး သင္သမွ်ကို ၿငိမ္ၿငိမ္ထိုင္နားေထာင္ပါ လွ်ာရွည္ရင္ျပန္ေမးရင္ ဆရာမက မုန္းတယ္ငါ့ညီ

လက္ရွိအခ်ိန္မွာ စကစ ဖြင့္တဲ့ ေက်ာင္းေတြမွာ ေက်ာင္းသားေပါင္း ၅.၆ သန္း လာေရာက္အပ္ႏွံတယ္လို႔ သတင္းလိမ္ထားေပမယ့္ လက္ေတြ႕မွာေတာ့ ထက္ဝက္ေက်ာ္ေတာင္ မတက္တာ ေတြ႕ရပါတယ္။ တခ်ိဳ႕ေက်ာင္းေတြမွာ ဆရာ မလုံေလာက္တာေၾကာင့္ မူလတန္းေတြအေနနဲ႔ တပတ္မွာ ႏွစ္ရက္ပဲ တက္ရမယ္လို႔ သိရပါတယ္။
Crd

Unicode

အင်္ဂလိပ်စာကို ဆယ်နှစ်သင်ပေးလို့ မတတ်တဲ့ ပညာရေးစနစ်နဲ့ အလိမ်ခံလိုက်ရတဲ့ ကလေးများ

ကျွန်တော်တို့နိုင်ငံက ကလေးတွေ သနားစရာ အလွန်ကောင်းပါတယ်။ သူတို့ဘဝသက်တမ်းရဲ့ ဆယ်နှစ်ကျော်မျှ အလိမ်ခံခဲ့ကြရတယ်။

အင်္ဂလိပ်စာကို ဆယ်နှစ်သင်ပေးလို့ တတ်အောင်မသင်နိုင်တဲ့နိုင်ငံ၊ မြန်မာစာကို ဆယ်နှစ်သင်လို့ မှန်အောင်မရေးနိုင်တဲ့နိုင်ငံ၊ ကလေးငယ်တွေကို နိုင်ငံခြားမုန်းတီးမှု အခြေခံထားတဲ့ အလိမ်အညာသမိုင်းတွေ မြန်မာ-ယိုးဒယားစစ်ပွဲ စာအုပ်စိမ်းတွေနဲ့ ဂျင်းသိပ်ခဲ့တယ်။

ကျောင်းတွေမှာ ကစားကွင်းရှိလျက်နဲ့ ကစားခွင့်မပေးဘဲ စာကျက်စေတယ်။ ကျောင်းတွေက လက်တွေ့စမ်းသပ်ခန်းတွေဆိုတာ ဟန်ပြသက်သက်သာလုပ်ထားပြီး မြင်သာမြင်ရ မကြင်ရဘူး ကွန်ပျူတာခန်းနဲ့ ကျောင်းစာကြည့်တိုက်တွေလည်း အမြဲသော့ခတ်ထားတယ်။

စာသင်တဲ့အခါမှာလည်း မင်းလက်ပိုက်ထားပြီး သင်သမျှကို ငြိမ်ငြိမ်ထိုင်နားထောင်ပါ လျှာရှည်ရင်ပြန်မေးရင် ဆရာမက မုန်းတယ်ငါ့ညီ

လက်ရှိအချိန်မှာ စကစ ဖွင့်တဲ့ ကျောင်းတွေမှာ ကျောင်းသားပေါင်း ၅.၆ သန်း လာရောက်အပ်နှံတယ်လို့ သတင်းလိမ်ထားပေမယ့် လက်တွေ့မှာတော့ ထက်ဝက်ကျော်တောင် မတက်တာ တွေ့ရပါတယ်။ တချို့ကျောင်းတွေမှာ ဆရာ မလုံလောက်တာကြောင့် မူလတန်းတွေအနေနဲ့ တပတ်မှာ နှစ်ရက်ပဲ တက်ရမယ်လို့ သိရပါတယ်။
Crd

Leave a Reply

Your email address will not be published.