မြို့တော်ခန်းမရှေ့ စင်ဆောက်ပြီး ချိန်းထိုးဖို့ စိန်ခေါ်လိုက်တဲ့ ပန်ဆယ်လို

News

Unicode

၂၀၂၁ဖေဖော်ဝါရီ ၄ရက်နေ့ အိမ်ကထွက်လာတဲ့ နေ့ကစပြီး ဒီနေ့ထိ တော်လှန်ရေးမှာ တစ်ရက်မှ မနားခဲ့ဘူး။ ဒီနေ့ထိ တစ်ရက်လေးမှ ခွင့်မယူခဲ့ဘူး။ တစ်ရက်မပြတ် ပါဝင်နေတယ်။

တစ်နှစ်ကျော်ကာလမှာ အမှန်အတိုင်း ပြောရရင် အရမ်းပင်ပန်းနေပြီ။ အရမ်းမောပန်းနေပြီ။ စိတ်ဓါတ်တက်သည်ဖြစ်စေ ကျသည်ဖြစ်စေ၊ ကျနေချိန်တောင် ရပ်သွားတဲ့အထိ ဖြစ်မသွားအောင် တောင့်ခံနေခဲ့တာ။

Normal Life ကြီး ဖြစ်ပြနေသူတွေကို ကြည့်ပြီးလည်း နာကျင်မနေတော့ဘူး။ နင်တို့မပါလည်း ငါတို့က နိုင်အောင်ချမှာလို့ပဲ တွေးတယ်။ မလုပ်တဲ့သူတွေ အများကြီးပဲလို့ တွေးအားငယ်မနေဘူး။ ငါတို့မလုပ်ရင် ဘယ်သူလုပ်မလဲပဲ တွေးတယ်။ ရေပေါ်ဆီတွေကြည့်ပြီး ကြေကွဲနေမယ့်အစား အသက်တွေဘဝတွေ ပေးနေတဲ့ တော်လှန်သူတွေအတွက် တာဝန်ကျေဖို့ လိုတယ်ပဲ တွေးတယ်။

NUG ဘက်က ရပ်တည်တယ်။ NUG ဘက်က ရပ်တည်တယ်ဆိုတာက NUG ထဲက တစ်ဦးတစ်ယောက်ချင်းစီကို အချစ်တော်ဝင် အပြစ်တော်မမြင်နေတာ မဟုတ်ဘူး။ NUG ရဲ့ ပြည်သူ့ Mandate ရ ဖြစ်တည်မှု၊ စုဖွဲ့မှုနဲ့ ရုန်းကန်မှုအတွက် အတူကူတွန်းတာ။ NUG အတွက် တော်လှန်ရေးရံပုံငွေ ရှာပေးတယ်၊ လှုံ့ဆော်တယ်။ အဲ့လိုပဲ မြေပြင်PDFတွေဆီ တိုက်ရိုက်စီးဆင်းဖို့လည်း ကြိုးစားတယ်။

NUG ကို ဝေဖန်ထောက်ပြစရာရှိရင် အတွင်းထဲမှာ ပြောတယ်။ ပြောတာမှ တော်တော်ကြီးကို ပြောတာ။ အဲ့လိုပြောတာကိုလည်း လိပ်ပြာလုံတယ်။ ပြည်သူအထင်လွဲအောင် Public မှာ ဖောင်းထုတာ မဟုတ်ဘူး။ တတ်နိုင်သလောက်လည်း ကူနေတာ ဖြစ်တဲ့အတွက် လိုအပ်လို့ပြောမိလည်း လိပ်ပြာလုံတယ်။

အချို့နဲ့ မတူတာက အချို့က တော်လှန်ရေးမိခင်ကြီး ဖခင်ကြီးတွေ ဖြစ်ဖို့ တော်လှန်ရေးကြီး အဓွန့်ရှည်စေချင်နေတာ။ သူတို့က ဒီအရေးတော်ပုံမှာ ဘဝပျက်ခဲ့ကြရသူတွေထဲ မပါဘူး။ ကိုယ်တွေက အရေးတော်ပုံအောင်မှ ကိုယ့်ဘဝကိုယ်ပြန်ရကြမှာ။ အဲ့တော့ ကွာမှာပဲ။

ကိုယ့်အပိုင်းမဟုတ်ရင် ဝင်မပါဘူး။ အရှုပ်ထဲမှာ ရှင်းအောင်နေတယ်။ ဒီကာလမှာ အရင်ပန်ဆယ်လိုကို သိသူတွေဆို ကောင်းကောင်းနားလည်လိမ့်မယ်။ ကိုယ်ဘယ်လောက် စိတ်လျှော့ထားလဲဆိုတာ။ အရင်စိတ်နဲ့ဆို တနေ့တပွဲတောင် ပြတ်မှာ မဟုတ်ဘူး။

အရမ်းပင်ပန်းနေတဲ့ကာလမှာ ကိုယ့်တွေရဲ့ အင်အားမှန်သမျှဟာ MaALoe စစ်အုပ်စုကို ထိုးနှက်ဖို့ သီးသန့်ပဲ ဖြစ်ချင်တယ်။ ကိုယ့်အချင်းချင်း ငြိကြပြောရတွေမှာ အင်အား မပြုန်းတီးချင်ဘူး။ ရိုင်းရတယ်ဆိုတာကလည်း ကိုယ့်အတွက် ငှက်ပျောသီး အခွံနွှာစားရတာမှ ခက်နေသေးတယ်။ အခုမှ ထရိုင်းတာလည်း မဟုတ်တဲ့ နဂိုရိုင်းလေး။

ဆိုတော့ကာ ပွဲတွေကို ညည်းငွေ့လွန်းလှတယ်။ ပွဲတွေလည်း မတည်ကြနဲ့။ နုကြည်ကို ဖြုတ်ချင်နေတဲ့ဟာတွေ အုပ်စုတွေ ဖွဲ့ပြီး နုကြည်ကို ဖြုတ်မရသေးခင် ကိုယ့်ကို ဝိုင်းကန်ဖို့ ကြံနေတာလည်း သိတယ်။ ပြုံးပြုံးလေး နေနေတယ်ဆိုတာ မသိလို့လည်း မဟုတ်ဘူး။ အင်အားကုန်လို့ ပလစ်ထားတာ။ ရှေ့တန်းကလူငယ်တွေကို အားနာလို့။ သိပ်ပွဲဖြစ်ချင်ရင် ခဏအောင့်ထားကြဦး။ တော်လှန်ရေးပြီးတဲ့အခါ မြို့တော်ခန်းမရှေ့ စင်ထိုးပြီး ချိန်းထိုးကြတာပေါ့။
Crd

Zawgyi

၂၀၂၁ေဖေဖာ္ဝါရီ ၄ရက္ေန႔ အိမ္ကထြက္လာတဲ့ ေန႔ကစၿပီး ဒီေန႔ထိ ေတာ္လွန္ေရးမွာ တစ္ရက္မွ မနားခဲ့ဘူး။ ဒီေန႔ထိ တစ္ရက္ေလးမွ ခြင့္မယူခဲ့ဘူး။ တစ္ရက္မျပတ္ ပါဝင္ေနတယ္။

တစ္ႏွစ္ေက်ာ္ကာလမွာ အမွန္အတိုင္း ေျပာရရင္ အရမ္းပင္ပန္းေနၿပီ။ အရမ္းေမာပန္းေနၿပီ။ စိတ္ဓါတ္တက္သည္ျဖစ္ေစ က်သည္ျဖစ္ေစ၊ က်ေနခ်ိန္ေတာင္ ရပ္သြားတဲ့အထိ ျဖစ္မသြားေအာင္ ေတာင့္ခံေနခဲ့တာ။

Normal Life ႀကီး ျဖစ္ျပေနသူေတြကို ၾကည့္ၿပီးလည္း နာက်င္မေနေတာ့ဘူး။ နင္တို႔မပါလည္း ငါတို႔က ႏိုင္ေအာင္ခ်မွာလို႔ပဲ ေတြးတယ္။ မလုပ္တဲ့သူေတြ အမ်ားႀကီးပဲလို႔ ေတြးအားငယ္မေနဘူး။ ငါတို႔မလုပ္ရင္ ဘယ္သူလုပ္မလဲပဲ ေတြးတယ္။ ေရေပၚဆီေတြၾကည့္ၿပီး ေၾကကြဲေနမယ့္အစား အသက္ေတြဘဝေတြ ေပးေနတဲ့ ေတာ္လွန္သူေတြအတြက္ တာဝန္ေက်ဖို႔ လိုတယ္ပဲ ေတြးတယ္။

NUG ဘက္က ရပ္တည္တယ္။ NUG ဘက္က ရပ္တည္တယ္ဆိုတာက NUG ထဲက တစ္ဦးတစ္ေယာက္ခ်င္းစီကို အခ်စ္ေတာ္ဝင္ အျပစ္ေတာ္မျမင္ေနတာ မဟုတ္ဘူး။ NUG ရဲ႕ ျပည္သူ႔ Mandate ရ ျဖစ္တည္မႈ၊ စုဖြဲ႕မႈနဲ႔ ႐ုန္းကန္မႈအတြက္ အတူကူတြန္းတာ။ NUG အတြက္ ေတာ္လွန္ေရးရံပုံေငြ ရွာေပးတယ္၊ လႈံ႕ေဆာ္တယ္။ အဲ့လိုပဲ ေျမျပင္PDFေတြဆီ တိုက္႐ိုက္စီးဆင္းဖို႔လည္း ႀကိဳးစားတယ္။

NUG ကို ေဝဖန္ေထာက္ျပစရာရွိရင္ အတြင္းထဲမွာ ေျပာတယ္။ ေျပာတာမွ ေတာ္ေတာ္ႀကီးကို ေျပာတာ။ အဲ့လိုေျပာတာကိုလည္း လိပ္ျပာလုံတယ္။ ျပည္သူအထင္လြဲေအာင္ Public မွာ ေဖာင္းထုတာ မဟုတ္ဘူး။ တတ္ႏိုင္သေလာက္လည္း ကူေနတာ ျဖစ္တဲ့အတြက္ လိုအပ္လို႔ေျပာမိလည္း လိပ္ျပာလုံတယ္။

အခ်ိဳ႕နဲ႔ မတူတာက အခ်ိဳ႕က ေတာ္လွန္ေရးမိခင္ႀကီး ဖခင္ႀကီးေတြ ျဖစ္ဖို႔ ေတာ္လွန္ေရးႀကီး အဓြန႔္ရွည္ေစခ်င္ေနတာ။ သူတို႔က ဒီအေရးေတာ္ပုံမွာ ဘဝပ်က္ခဲ့ၾကရသူေတြထဲ မပါဘူး။ ကိုယ္ေတြက အေရးေတာ္ပုံေအာင္မွ ကိုယ့္ဘဝကိုယ္ျပန္ရၾကမွာ။ အဲ့ေတာ့ ကြာမွာပဲ။

ကိုယ့္အပိုင္းမဟုတ္ရင္ ဝင္မပါဘူး။ အရႈပ္ထဲမွာ ရွင္းေအာင္ေနတယ္။ ဒီကာလမွာ အရင္ပန္ဆယ္လိုကို သိသူေတြဆို ေကာင္းေကာင္းနားလည္လိမ့္မယ္။ ကိုယ္ဘယ္ေလာက္ စိတ္ေလွ်ာ့ထားလဲဆိုတာ။ အရင္စိတ္နဲ႔ဆို တေန႔တပြဲေတာင္ ျပတ္မွာ မဟုတ္ဘူး။

အရမ္းပင္ပန္းေနတဲ့ကာလမွာ ကိုယ့္ေတြရဲ႕ အင္အားမွန္သမွ်ဟာ MaALoe စစ္အုပ္စုကို ထိုးႏွက္ဖို႔ သီးသန႔္ပဲ ျဖစ္ခ်င္တယ္။ ကိုယ့္အခ်င္းခ်င္း ၿငိၾကေျပာရေတြမွာ အင္အား မျပဳန္းတီးခ်င္ဘူး။ ႐ိုင္းရတယ္ဆိုတာကလည္း ကိုယ့္အတြက္ ငွက္ေပ်ာသီး အခြံႏႊာစားရတာမွ ခက္ေနေသးတယ္။ အခုမွ ထ႐ိုင္းတာလည္း မဟုတ္တဲ့ နဂို႐ိုင္းေလး။

ဆိုေတာ့ကာ ပြဲေတြကို ညည္းေငြ႕လြန္းလွတယ္။ ပြဲေတြလည္း မတည္ၾကနဲ႔။ ႏုၾကည္ကို ျဖဳတ္ခ်င္ေနတဲ့ဟာေတြ အုပ္စုေတြ ဖြဲ႕ၿပီး ႏုၾကည္ကို ျဖဳတ္မရေသးခင္ ကိုယ့္ကို ဝိုင္းကန္ဖို႔ ႀကံေနတာလည္း သိတယ္။ ၿပဳံးၿပဳံးေလး ေနေနတယ္ဆိုတာ မသိလို႔လည္း မဟုတ္ဘူး။ အင္အားကုန္လို႔ ပလစ္ထားတာ။ ေရွ႕တန္းကလူငယ္ေတြကို အားနာလို႔။ သိပ္ပြဲျဖစ္ခ်င္ရင္ ခဏေအာင့္ထားၾကဦး။ ေတာ္လွန္ေရးၿပီးတဲ့အခါ ၿမိဳ႕ေတာ္ခန္းမေရွ႕ စင္ထိုးၿပီး ခ်ိန္းထိုးၾကတာေပါ့။

Crd

Leave a Reply

Your email address will not be published.