ရန္ကုန္ေနျပည္သူမ်ား လုံျခဳံေရးအတြက္ သတိေပးထုတ္ျပန္ေၾကျငာျခင္း

News

ခိုးဆိုးလုယက္ေနသူမ်ားကို ရန္ကုန္UGသတိေပး

ျပည္သူေတြဆီကေန ခိုးဆိုးလုယက္ရမ္းကားေနသူေတြအေနနဲ႔ လုပ္ရပ္ေတြကိုရပ္တန္႔ၾကဖို႔ ရန္ကုန္ ေျမျပင္လႈပ္ရွားေရးအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ Soul Takers Yangon Underground Force က ဒီေန႔ဇြန္(၆)ရက္ မွာသတိေပးေျပာဆိုလိုက္ပါတယ္။

ကားမွတ္တိုင္၊ YBS ကား၊လမ္းသြားလမ္းလာလူျမင္ကြင္းေတြမွာ ေပၚေပၚတင္တင္အုပ္စုဖြဲ႕ကာ ရမ္းကား ေနတဲ့လူဆိုးလူမိုက္မ်ားေၾကာင့္ လူႀကီး၊လူငယ္၊ က်ားမ မေရြးလုယက္ခံရျခင္း

တို႔ေဆးမိျခင္းနဲ႔ ျပန္ေပးဆြဲျခင္းတို႔ကို ေန႔စဥ္ၾကဳံေတြ႕ေနရတဲ့အတြက္ ရန္ကုန္ေနျပည္သူေတြရဲ့လုံျခဳံေရးနဲ႔ပက္သက္ၿပီး အခုလိုသတိေပးခ်က္ထုတ္ျပန္ေၾကညာလိုက္တာျဖစ္ပါတယ္။

ဒါေၾကာင့္ အုပ္စုဖြဲ႕လုယက္ရမ္းကားေနသူေတြအေနနဲ႔ လုပ္ရပ္ေတြကိုရပ္တန္းကရပ္ၾကဖို႔နဲ႔ ေတာမီးေလာင္ေတာေၾကာင္လက္ခေမာင္းခတ္တဲ့ အျပဳအမူမ်ိဳးေတြမလုပ္ၾကဖို႔ သတိေပးထားပါတယ္။

အခုလိုသတိေပးတာကိုမလိုက္နာဘူးဆိုပါက ျပည္သူကိုေႏွာက္ယွက္တဲ့အဖြဲ႕အစည္းလို႔သတ္မွတ္ၿပီး သတိေပးကာလေက်ာ္လြန္သြားရင္ လိုအပ္တာစီစဥ္ေဆာင္ရြက္သြားမယ္လို႔ ဆိုထားပါတယ္။

ထိပါးေစာ္ကားခံရတဲ့ျပည္သူေတြအေနနဲ႔လည္း သတိေပးကာလေက်ာ္သြားတဲ့အခါ တိုင္တန္းနိုင္တယ္လို႔လည္း ‌ေဖာ္ျပထားပါတယ္ Crd- Burma VJ

ခိုးဆိုးလုယက်နေသူများကို ရန်ကုန်UGသတိပေး

ပြည်သူတွေဆီကနေ ခိုးဆိုးလုယက်ရမ်းကားနေသူတွေအနေနဲ့ လုပ်ရပ်တွေကိုရပ်တန့်ကြဖို့ ရန်ကုန် မြေပြင်လှုပ်ရှားရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Soul Takers Yangon Underground Force က ဒီနေ့ဇွန်(၆)ရက် မှာသတိပေးပြောဆိုလိုက်ပါတယ်။

ကားမှတ်တိုင်၊ YBS ကား၊လမ်းသွားလမ်းလာလူမြင်ကွင်းတွေမှာ ပေါ်ပေါ်တင်တင်အုပ်စုဖွဲ့ကာ ရမ်းကား နေတဲ့လူဆိုးလူမိုက်များကြောင့် လူကြီး၊လူငယ်၊ ကျားမ မရွေးလုယက်ခံရခြင်း

တို့ဆေးမိခြင်းနဲ့ ပြန်ပေးဆွဲခြင်းတို့ကို နေ့စဉ်ကြုံတွေ့နေရတဲ့အတွက် ရန်ကုန်နေပြည်သူတွေရဲ့လုံခြုံရေးနဲ့ပက်သက်ပြီး အခုလိုသတိပေးချက်ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် အုပ်စုဖွဲ့လုယက်ရမ်းကားနေသူတွေအနေနဲ့ လုပ်ရပ်တွေကိုရပ်တန်းကရပ်ကြဖို့နဲ့ တောမီးလောင်တောကြောင်လက်ခမောင်းခတ်တဲ့ အပြုအမူမျိုးတွေမလုပ်ကြဖို့ သတိပေးထားပါတယ်။

အခုလိုသတိပေးတာကိုမလိုက်နာဘူးဆိုပါက ပြည်သူကိုနှောက်ယှက်တဲ့အဖွဲ့အစည်းလို့သတ်မှတ်ပြီး သတိပေးကာလကျော်လွန်သွားရင် လိုအပ်တာစီစဉ်ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

ထိပါးစော်ကားခံရတဲ့ပြည်သူတွေအနေနဲ့လည်း သတိပေးကာလကျော်သွားတဲ့အခါ တိုင်တန်းနိုင်တယ်လို့လည်း ‌ဖော်ပြထားပါတယ်

Crd- Burma VJ

Leave a Reply

Your email address will not be published.