စာသင်မည့် ဆရာ၊ ဆရာမ မရှိလို့ ပြင်ပဆရာ ငှားရန် ကျောင်းသားများထံမှ တလ (၄၅၀၀) ကောက်ခံတဲ့ အ.ထ.က

News

စာသင်မည့် ဆရာ၊ ဆရာမ မရှိလို့ ပြင်ပဆရာ ငှားရန် ကျောင်းသားများထံမှ တလ (၄၅၀၀) ကောက်ခံတဲ့ အ.ထ.က..

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာမှ စကစ ဖွင့်လှစ်မည့် ဘီတွတ်အထက်တန်း

ကျောင်းတွင် အထက်တန်းအဆင့်သင်ကြားမည့် ဆရာ၊ ဆရာမရှိသဖြင့် ပြင်ပဆရာများ ငှားရမ်းရန်

ကျောင်းသားများထံမှတစ်ဦးလျှင် လစဉ်ငွေ ၄၅၀၀ ကျပ် ကောက်ခံမည်ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

“အထက်တန်းကျောင်းကတော့ ကျနေပြီး သင်ကြားပေးမယ့် ဆရာ၊ ဆရာမ မရှိလို့ ကျောင်းသားမိဘတွေကို

အစည်းအဝေးခေါ်ပြီး တစ်လကို ကျောင်းသား တစ်ဦးကိုငွေ ၄၅၀၀ ကျပ်အထိပေးဖို့ ပြောတယ်။

အုပ်ချုပ်ရေးဘက်ကပြောတာပါ.. သူတို့အနေနဲ့က ပြင်ပဆရာ ငှားသင်ရမှာမို့ပါတဲ့.. အစည်းအဝေးမှာပြောတယ်။

ပြောတော့သာ အခမဲ့ပညာရေးစနစ်တဲ့ ရုပ်ပြသက်သက်သာရှိတယ်။”

ဟု အဆိုပါ ကျေးရွာမှ ဒေသခံကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

အဆိုပါစာသင်ကျောင်းမှ Grade-11 အဆင့် ကျောင်းသား၊ ကျောင်းသူများကို

သင်ကြားရန်အတွက် ပြင်ပဆရာများကို ငှားရမ်းမည်ဖြစ်ပြီး အဆိုပါငှားရမ်းခအတွက် ကျောင်းစတင်ဖွင့်လှစ်မည့်လမှစတင်ပြီး

ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် လစဉ်ငွေ ၄၅၀၀ ကျပ်ပေးဆောင်ရမည်ဖြစ်ပြီး မိဘများမှ ကလေးများကို

ပိုက်ဆံများထည့်ပေးလိုက်ရန် ကျောင်းသားမိဘများကို ကျောင်းတာဝန်ရှိသူများကခေါ်ယူ၍ အသိပေးပြောဆိုထားကြောင်းသိရသည်။

ဘီတွတ်အထက်တန်းကျောင်းတွင် ယခုနှစ် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူဦးရေ

၃၃၆ ဦးကျောင်းအပ်နှံထား တယ်လို့ဆိုပါတယ်။ စကစ က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ

၂ ရက်တွင် စာသင်ကျောင်းများအားလုံးကို ပြန်လည်ဖွင့်လှစ်မည်ဟု ကြေညာထားပါတယ်။

crd

ZAWGYI,

စာသင္မည့္ ဆရာ၊ ဆရာမ မရွိလို႔ ျပင္ပဆရာ ငွားရန္ ေက်ာင္းသားမ်ားထံမွ တလ (၄၅၀၀) ေကာက္ခံတဲ့ အ.ထ.က..

ဧရာဝတီတိုင္း၊ လပြတၱာၿမိဳ႕နယ္၊ ဘီတြတ္ေက်း႐ြာမွ စကစ ဖြင့္လွစ္မည့္ ဘီတြတ္အထက္တန္း

ေက်ာင္းတြင္ အထက္တန္းအဆင့္သင္ၾကားမည့္ ဆရာ၊ ဆရာမရွိသျဖင့္ ျပင္ပဆရာမ်ား ငွားရမ္းရန္

ေက်ာင္းသားမ်ားထံမွတစ္ဦးလွ်င္ လစဥ္ေငြ ၄၅၀၀ က်ပ္ ေကာက္ခံမည္ျဖစ္ေၾကာင္း ေဒသခံမ်ားထံကသိရသည္။

“အထက္တန္းေက်ာင္းကေတာ့ က်ေနၿပီး သင္ၾကားေပးမယ့္ ဆရာ၊ ဆရာမ မရွိလို႔ ေက်ာင္းသားမိဘေတြကို

အစည္းအေဝးေခၚၿပီး တစ္လကို ေက်ာင္းသား တစ္ဦးကိုေငြ ၄၅၀၀ က်ပ္အထိေပးဖို႔ ေျပာတယ္။

အုပ္ခ်ဳပ္ေရးဘက္ကေျပာတာပါ.. သူတို႔အေနနဲ႔က ျပင္ပဆရာ ငွားသင္ရမွာမို႔ပါတဲ့.. အစည္းအေဝးမွာေျပာတယ္။

ေျပာေတာ့သာ အခမဲ့ပညာေရးစနစ္တဲ့ ႐ုပ္ျပသက္သက္သာရွိတယ္။”

ဟု အဆိုပါ ေက်း႐ြာမွ ေဒသခံေက်ာင္းသားမိဘတစ္ဦးက ေျပာပါတယ္။

အဆိုပါစာသင္ေက်ာင္းမွ Grade-11 အဆင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို

သင္ၾကားရန္အတြက္ ျပင္ပဆရာမ်ားကို ငွားရမ္းမည္ျဖစ္ၿပီး အဆိုပါငွားရမ္းခအတြက္ ေက်ာင္းစတင္ဖြင့္လွစ္မည့္လမွစတင္ၿပီး

ေက်ာင္းသား၊ ေက်ာင္းသူတစ္ဦးလွ်င္ လစဥ္ေငြ ၄၅၀၀ က်ပ္ေပးေဆာင္ရမည္ျဖစ္ၿပီး မိဘမ်ားမွ ကေလးမ်ားကို

ပိုက္ဆံမ်ားထည့္ေပးလိုက္ရန္ ေက်ာင္းသားမိဘမ်ားကို ေက်ာင္းတာဝန္ရွိသူမ်ားကေခၚယူ၍ အသိေပးေျပာဆိုထားေၾကာင္းသိရသည္။

ဘီတြတ္အထက္တန္းေက်ာင္းတြင္ ယခုႏွစ္ အထက္တန္းအဆင့္ ေက်ာင္းသား၊ ေက်ာင္းသူဦးေရ

၃၃၆ ဦးေက်ာင္းအပ္ႏွံထား တယ္လို႔ဆိုပါတယ္။ စကစ က တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ဇြန္လ

၂ ရက္တြင္ စာသင္ေက်ာင္းမ်ားအားလုံးကို ျပန္လည္ဖြင့္လွစ္မည္ဟု ေၾကညာထားပါတယ္။

crd

Leave a Reply

Your email address will not be published.