သေဒါဏ်ကိုအတည်ပြုဖို့သမ္မတလက်မှတ်ထိုးဖို့လိုတာ
အယူခံဝင်ခွင့်ရှိတာဘာတစ်ခုမှဂရုစိုက်မှာမဟုတ်ပါဘူး




စကတည်းကတရားမျှတမှုမရှိဥပဒေနဲ့မညီထင်ရာစိုင်းပြီးလုပ်ချင်တာလုပ်ခဲ့တဲ့အကြမ်းဖက်ခွေးရူးတွေဆီက
တရားမျှတမှုနဲ့ဥပဒေကိုမျှော်လင့်နေရင်အားလုံးရူးရာကျပါလိမ့်မယ်
သေဒါဏ်ကိုအတည်ပြုဖို့သမ္မတလက်မှတ်ထိုးဖို့လိုတာ
သေဒါဏ်မှာအယူခံဝင်ခွင့်ရှိတာဘာတစ်ခုမှဂရုစိုက်မှာမဟုတ်ပါဘူးသူတို့သတ်ချင်ရင်သတ်မှာပါပဲခုမှသေဒါဏ်ဆိုပြီးစောက်ကြီးစောက်ကျယ်လုပ်နေတာသေဒါဏ်မပေးလည်းသတ်တာပါပဲ




အစုလိုက်အပြုံလိုက်မီးရို့သတ်တာတွေတောင် အကြိမ်ပေါင်းများစွာကျူးလွန်ခဲ့တာပဲလေဒါဆိုကျွန်တော်တို့ခင်များတို့ဘာမှမတတ်နိုင်ဘာမှမလုပ်ပေးနိုင်တော့ဘူးလား…..
မဟုတ်ပါဘူးကျွန်တော်တို့အားလုံးလုပ်စရာကတစ်ခုထဲပါပဲ သူတို့ကကြောက်စေချင်ရင် ပို ရဲရင့်ကြသူတို့ကတော်လှန်ရေးကိုအားနဲစေချင်ရင်အဆပေါင်းများစွာအားကြီးလာအောင်ဆောက်တည်ကြ ဒါပါပဲ




ကိုဂျင်မီအတွက် ဇေယျာသော်အတွက်သေမိန့်ချခံရသူအားလုံးရှင်သန်ခွင့်ရဖို့အတွက်အဖမ်းဆီးခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများပြန်လည်လွတ်မြောက်ဖို့အတွက်ကျဆုံးခဲ့ရတဲ့သူရဲကောင်းတွေအတွက်
အိမ်တွေရွာတွေမီးရှို့ခံရတဲ့ပြည်သူတွေအတွက်
စစ်ဘေးရှောင်တွေအတွက်CDM တွေအတွက်မြို့ပြပျောက်ကျားတွေ PDFတွေအတွက်ပြည်သူအားလုံးအတွက်လုပ်ရမယ့်တစ်ခုတည်းသောအလုပ်က
တော်လှန်ရေးအမြန်ဆုံးအောင်နိုင်ဖို့ပါပဲ




အခုလက်ရှိလှူနေကူနေတဲ့သူတွေပိုလှူပိုကူပါမပါသေးတဲ့သူတွေအေးရာအေးကြောင်းကိုယ်နဲ့မဆိုင်သလိုမနေပဲ ဝင်ပါပေးကြပါကျွန်တော်တို့တော်လှန်ရေးကြီးအထိအခိုက်အကျအဆုံးများလှပြီဗျာအမြန်ဆုံးအောင်မြင်ဖို့အရေးတကြီးလိုအပ်နေပါပြီာ




Crd