၀ ရဲ့ ပြည်နယ်တောင်းဆိုမှု ဇော်မင်းထွန်း ဖြေရှင်းပြီ ….
လက်ရှိပြည်တွင်းရေးမှာ ဘယ်သူပဲ အုပ်ချုပ်ချုပ် ဗမာတိုင်းရင်းသားတွေရဲ့ အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခပိုမဖြစ်စေလိုတာကြောင့် ဘယ်ဘက်မှလိုက်မှာမဟုတ်ဘူးဆိုပြီး “ဝ”ပြည်နယ်ကိုယ်စားလှယ်တွေဘက်ကပြောလာပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ချိန် “ဝ”ပြည်နယ်ကိုယ်စားလှယ်အဖွဲ့က အခုလိုတင်ပြပြောဆိုခဲ့တာလို့ ဆိုပါတယ်။
လက်ရှိပဋိပက္ခဖြစ်နေတဲ့ သက်ဆိုင်သူတွေအနေနဲ့ စစ်ရေးပဋိပက္ခကြောင့် တန်ဖိုးရှိတဲ့အသက်တွေ ဆုံးရှုံးတာ၊ လူမှုအသိုင်းအဝိုင်းနဲ့လူမျိုးတွေကြား ကွဲပြားမှုနဲ့အမုန်းတရားတွေ ရှောင်ရှားဖို့ တွေ့ဆုံဆွေးနွေးရေးမှုကနေ အမြန်ဆုံးဖြေရှင်းဖို့ တိုက်တွန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုဦးဆောင်တဲ့ အဖွဲ့တို့ မနေ့ မေ ၃၀ရက်မှ ာနေပြည်တော်မှာတွေ့ဆုံကြတာဖြစ်ပါတယ်။
ဒါ့ပြင် ကိုယ်စားလှယ်အဖွဲ့ ဟာ စစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဆုံချိန်မှာ “ဝ”ပြည်နယ်ကို ခွဲထွက်မှာမဟုတ်တဲ့အကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနဲ့သံတမန်ရေးရာကလွဲပြီး စီမံအုပ်ချုပ်မှုအပိုင်းကိုတော့ ဆက်လုပ်မှာ ဖြစ်တဲ့အကြောင်း၊ “ဝ”အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တည်ထောင်ဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

“ဝ” တပ်ဖွဲ့ ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့ ဖြစ်ပေမယ့် တပ်နဲ့ တိုက်ပွဲမဖြစ်တာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာတော့ အင်အားအကြီးဆုံးအဖွဲ့လည်းဖြစ်ပါတယ်။

Crd