မြောင်တွင် ကျေးရွာများကို မီးရှို့နေသော စစ်တပ်အား ကာကွယ်ရန် လေတပ်က ရဟတ်ယာဉ်ဖြင့် ရမ်းသမ်း ပစ်ခတ်နေ

News

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အသုံးပြုပစ်ခတ်နေကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယနေ့ (မေလ ၂၉ ရက်) ညနေပိုင်းက မြောင်မြို့နယ် ကျေးရွာများကို မီးရိူ့နေသော စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ခတ်မှုပါ ပြုလုပ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိထားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

“ဒီကနေ့ညနေ သုံးနာရီခွဲလောက်က မြောင်မြိုနယ်အတွင်း မီးပတ်ရှို့နေတဲ့ စကစ စစ်ကြောင်းနဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပါတယ်။

သူတို့ဘက်က အထိခိုက်များတဲ့အတွက်လေကြောင်းပစ်ကူလာခဲ့လို့ PDFတွေ နောက်ဆုတ်ပေးခဲ့ရပါတယ်။ လောလောဆယ် ရရှိထားတဲ့ သတင်းအရ မဟာမိတ်အဖွဲ့တွေထဲက ပြည်သူ့ကာကွယ်ရေးတပ်သား လေးဦး ဒဏ်ရာရထားပါတယ်။လေကြောင်းက အရင်က ဝဲ ရုံပဲ ဝဲဖူးပါတယ်။”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

လေတပ်သည် တမဆေးကန်၌တပ်ဆွဲပြီး မီးရှို့နေသော ခြေလျင်တပ်အားကာကွယ်ရန် လေယာဉ်ဖြင့် ပထမ နှစ်ကြိမ်ဝဲကာ တတိယအကြိမ်၌ တမဆေးကန်၏ အနောက်ဘက်တွင်တစ်ကြိမ်၊စတုတ္ထအကြိမ်၌ တောင်ဘက်တွင်တစ်ကြိမ် စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကိုနွေဦး(မြောင်) Myaung Pdf CDSOM က ပြောသည်။

စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ရွှေဘုံသာအခြေ၊ နဘက်၊ သောင်ကြီးကြားမြောက်ဘက်၊ သောင်ကြီးအရှေ့ဘက်ခြမ်း၊ ဧရာဝတီမြစ်ရိုးတစ်ခြမ်းတို့အားပျံသန်းကာ ၁၁ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ပထမအကြိမ်စပျံစဉ် ပစ်မှတ်လိုက်ရှာနေသည် ထင်ရကတည်းက ကျွန်ုပ်တို့ရဲဘော်များအား ချက်ခြင်းဆုတ်ခိုင်းလိုက်၍ ဘေးကင်းရာသို့ ရောက်ရှိခဲ့ပါသည်။ သုံးကြိမ်ပစ်ခတ်မှုကြောင့် ထိခိုက်မှုများ ရှိမရှိ မသိရသေးပါ။ပြည်သူများနှင့် စစ်ဘေးရှောင်များ လေယာဉ်သံကြားလျှင် ကွင်းပြင်များ၌အစုလိုက်မနေကြပါနဲ့။ အတန်းလိုက်လဲ မသွားကြပါနဲ့။ လူအုပ် လူတန်းမြင်လျှင် ခွေးတွေက ရမ်းသမ်းပစ်နေလို့ပါ။”ဟု ကိုနွေဦး-မြောင် (Myaung Pdf Cdsom)က ပြောသည်။

စစ်ကောင်စီတပ်သည် မြောင်မြို့နယ်အတွင်း ကျေးရွာများအား မေလလယ်မှစတင်ကာ စစ်ကြောင်းထိုးနေပြီး နှစ်ပတ်အတွင်း ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံထားရသည်။

Zawgyi

Crd

Leave a Reply

Your email address will not be published.