စစ်ကိုင်းဘက် ​အရမ်းဆိုးနေပြီ…ကျနော် အဆင်ပြေပါတယ်…ခင်ဗျားတို့ အဆင်မပြေမှာပဲ စိုးတာ

News

စစ်ကိုင်းဘက် အခြေအနေက မြင်ရတဲ့အတိုင်း
အရမ်းဆိုးနေပြီ။ တစ်ချို့လူတွေ ဟီးဟီးဟားဟားတွေ လုပ်လို့မဝသေးတာလား? တမင်ရွဲ့ လုပ်နေကြတာလား။

ကျနော်မသိလို့ မေးတာပါ။ ခင်ဗျားတို့ အမှတ်မရှိတာလား? ပျော်ပျော်ကြီး ခေါင်းငုံ့ခံလိုက်ကြတာလား?

၂ လပိုင်း ၁ရက်နေ့က အပူရှိန်က အခုထိ ပူနေတုန်းနော်။ခင်ဗျားတို့အတွက် အေးချမ်းသွားကြပြီလား။

ခင်ဗျားတို့ အပူမဟပ်တော့ အေးနေတယ်ဆိုရင်လည်း
အေးပါစေ။ကျနော် အပြစ်မပြောပါဘူး။

တစ်ခုလေးပဲ မှာချင်တာကခင်ဗျားတို့ တော်တော်အမှတ်သည်းခြေနည်းတာပဲ။အေးချမ်းတဲ့နေရာ ဝန်းကျင်ကနေ အလုပ်တွေအမျာကြီး လုပ်ပေးကြဖို့ တောင်းဆိုချင်တာပါ။

ခင်ဗျားတို့ ရုန်းကန်နေကြရတာလည်း ကျနော်နားလည်တယ်။အပြစ်လည်းမပြောရက်သလို ပြောလည်းမထွက်ဘူး။ခင်ဗျားတို့ ခိုင်းတာလုပ်ပေးဖို့ ကျနော် မြေပြင်မှာရှိနေတယ်လေ။

ခိုင်းစမ်းပါ။ကျနော့ကို နာနာခိုင်စမ်းပါ။ခင်ဗျားတို့ သွေးတွေ အေးမသွားအောင် နေပေးပါ။သွေးမအေးပါဘူးလို့လူကြားကောင်အောင်လောက်တော့ ပြန်မဖြေပါနဲ့။ကျနော်အားလုံးကိုချစ်တယ်။လေးစားတယ်။

ခင်ဗျားတို့ပါဝင်ခဲ့တဲ့ ကားဟွန်းသံအရှည်ကြီးတွေ၊လက်သုံးချောင်းထောင်ပေးခဲ့တာတွေ၊၂ငါးလုံးမှာ လမ်းပေါ်ထွက်ပေးခဲ့တာတွေ၊ကိုဗစ်မှာကူခဲ့တာတွေ၊လှူခဲ့တာတွေ၊ဘွန်းဝယ်ခဲ့တာတွေ၊ကလစ်လုပ်ခဲ့ကြတာတွေ အားလုံး အားလုံးကို ကျနော်ကျေးဇူးတင်နေပါတယ်။

ဘယ်သူ့ကိုမှ အပြစ်မပြောရက်ပေမယ့် အင်အားထပ်ထည့်ပေးကြဖို့ ကျနော် တောင်းဆိုပါတယ်။ ကျနော် အဆင်ပြေပါတယ်။ ခင်ဗျားတို့ အဆင်မပြေမှာပဲ စိုးတာ။

စစ်ကိုင်းဘက် အရမ်းဆိုးနေပြီ…ကျနော် အဆင်ပြေပါတယ်…ခင်ဗျားတို့ အဆင်မပြေမှာပဲ စိုးတာ

စစ်ကိုင်းဘက် အခြေအနေက မြင်ရတဲ့အတိုင်း
အရမ်းဆိုးနေပြီ။ တစ်ချို့လူတွေ ဟီးဟီးဟားဟားတွေ လုပ်လို့မဝသေးတာလား? တမင်ရွဲ့ လုပ်နေကြတာလား။

ကျနော်မသိလို့ မေးတာပါ။ ခင်ဗျားတို့ အမှတ်မရှိတာလား? ပျော်ပျော်ကြီး ခေါင်းငုံ့ခံလိုက်ကြတာလား?

၂ လပိုင်း ၁ရက်နေ့က အပူရှိန်က အခုထိ ပူနေတုန်းနော်။ခင်ဗျားတို့အတွက် အေးချမ်းသွားကြပြီလား။

ခင်ဗျားတို့ အပူမဟပ်တော့ အေးနေတယ်ဆိုရင်လည်း
အေးပါစေ။ကျနော် အပြစ်မပြောပါဘူး။

တစ်ခုလေးပဲ မှာချင်တာကခင်ဗျားတို့ တော်တော်အမှတ်သည်းခြေနည်းတာပဲ။အေးချမ်းတဲ့နေရာ ဝန်းကျင်ကနေ အလုပ်တွေအမျာကြီး လုပ်ပေးကြဖို့ တောင်းဆိုချင်တာပါ။

ခင်ဗျားတို့ ရုန်းကန်နေကြရတာလည်း ကျနော်နားလည်တယ်။အပြစ်လည်းမပြောရက်သလို ပြောလည်းမထွက်ဘူး။ခင်ဗျားတို့ ခိုင်းတာလုပ်ပေးဖို့ ကျနော် မြေပြင်မှာရှိနေတယ်လေ။

ခိုင်းစမ်းပါ။ကျနော့ကို နာနာခိုင်စမ်းပါ။ခင်ဗျားတို့ သွေးတွေ အေးမသွားအောင် နေပေးပါ။သွေးမအေးပါဘူးလို့လူကြားကောင်အောင်လောက်တော့ ပြန်မဖြေပါနဲ့။ကျနော်အားလုံးကိုချစ်တယ်။လေးစားတယ်။

ခင်ဗျားတို့ပါဝင်ခဲ့တဲ့ ကားဟွန်းသံအရှည်ကြီးတွေ၊
လက်သုံးချောင်းထောင်ပေးခဲ့တာတွေ၊၂ငါးလုံးမှာ လမ်းပေါ်ထွက်ပေးခဲ့တာတွေ၊ကိုဗစ်မှာကူခဲ့တာတွေ၊လှူခဲ့တာတွေ၊ဘွန်းဝယ်ခဲ့တာတွေ၊ကလစ်လုပ်ခဲ့ကြတာတွေ အားလုံး အားလုံးကို ကျနော်ကျေးဇူးတင်နေပါတယ်။

ဘယ်သူ့ကိုမှ အပြစ်မပြောရက်ပေမယ့် အင်အားထပ်ထည့်ပေးကြဖို့ ကျနော် တောင်းဆိုပါတယ်။ ကျနော် အဆင်ပြေပါတယ်။ ခင်ဗျားတို့ အဆင်မပြေမှာပဲ စိုးတာ။

Credit – Original Writer

Leave a Reply

Your email address will not be published.