















UNICODE,
ပိုပြီး ကျန်းမာအောင် တည်ဆောက်ပြီး ပြန်လာခဲ့ပါ့မယ်… လို့ဆိုလိုက်တဲ့ CDM ဗိုလ်ကြီး ညီသုတ




ဒီရက်ပိုင်း ကျနော်Learning Zone ပြန်ဆင်းပြီး ကျနော့်ကိုယ်ကျနော် Upgrade လုပ်နေတာကြောင့် ဖေ့ဘွတ်သိပ်မသုံးဖြစ်ဘူး။
Signal ၊ Telegram နဲ့ Messenger ကနေ Reply လုပ်တာတွေလည်း ကြာနေပါလိမ့်မယ်။
ကျနော့်ရဲ့အချိန်အများစုကို တော်လှန်ရေးအတွက် မြှပ်နှံထားခဲ့တာမလို့ ဒီကာလမှာတော့ ကျနော့်အတွက်




Personal Time and space ပြန်တည်ဆောက်ဖို့ လိုနေတာကြောင့် တခြားသူတွေကို အချိန်သိပ်ပေးနိုင်မှာမဟုတ်ဘူး။
ပုံမှန်အားဖြင့်ဆိုရင် ကျနော်က ၁နှစ်မှာ ၃လလောက် Learnning Zone ပြန်ဆင်းလေ့ရှိပါတယ်။ အခုက တော်လှန်ရေးကာလဆိုတော့
အဲ့ဒီလောက် အချိန်အကြာကြီး ပြန်ဆင်းဖို့ရာမလွယ်ပါဘူး။ ဒါကြောင့် ၁လလောက်ပဲ အချိန်ယူပြီး Performance Zone ကို ပြန်တက်ခဲ့ပါမယ်။
ဒီတစ်ခေါက် Upgrade လုပ်ရတာ အင်မတန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ မြန်မာနဲ့ကမ္ဘာ့နိုင်ငံအသီးအသီးက




မိတ်ဆွေတွေနဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီး အများကြီးသင်ယူခွင့်ရခဲ့တယ်။ ဒါကြောင့် ကျနော့်ကိုယ်ကျနော်ဖြည့်ရမယ့် အရာတွေကို ပိုပြီး သိနားလည်လာတယ်။
Healing လုပ်ရမယ့်အရာတွေလည်း အများကြီးပဲ။ ပိုပြီး ဝိရိယရှိအောင် ၊ Mindfulness
ပိုရအောင် နဲ့ ပိုပြီး ကျန်းမာအောင် တည်ဆောက်ပြီး ပြန်လာခဲ့ပါ့မယ်။
Crd