အပိုဝင်ငွေရရှိရန် အပတ်တိုင်း ငါးဖမ်းလှေဆီသို့ ဖောင်စုတ်လေးစီးပြီး အလုပ်သွားလုပ်ရတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေး

News

စွန့်ပစ်ထားသောသစ်သားနှင့်ပြုလုပ်ထားသည့် ဖောင်တစ်စီးဖြင့် တစ်နာရီကြာခရီးကို လက်ဗလာဖြင့် ပင်လယ်ရေပေါ်တွင်လှော်တက်ခြင်းဟာ လူတိုင်းလုပ်လိုသည့်အလုပ်တစ်ခုတော့မဟုတ်ပေမဲ့ ဤဖိလစ်ပိုင်ဆယ်ကျော်သက်ကောင်လေးအတွက်ကတော့ မဖြစ်မနေလုပ်ရတဲ့

အလုပ်တစ်ခုပါဘဲ။ အသက် ၁၃ နှစ်အရွယ်တွင် Reymark Cavesirano အမည်ရှိကောင်လေးဟာ သူ၏မိသားစုကို ကျွေးမွေးပြုစုနိုင်ရန်လုံလောက်သော ရွေးစရာအလုပ်တစ်ခုသာရှိပါတယ်။ ၎င်းအလုပ်ဟာ သူ့အား ပင်လယ်ထဲရှိဝေးလံသောငါးဖမ်းလှေများသို့ နေ့တိုင်းလှော်ခတ်စေခဲ့ပါတယ်။ သူအလုပ်သွားလုပ်

နေတဲ့ငါးဖမ်းလှေဟာ မနီလာပင်လယ်အော်နဲ့သိပ်မဝေးပေမယ့် ကောင်လေးဟာ ထိုနေရာသို့အချိန်မီရောက်ဖို့ မနက်အရုဏ်မတက်ခင်မှာ ထွက်ခွါရပါတယ်။ ထို့နောက် သူဟာ သူ့ရဲ့ယာယီဌားရမ်းထားတဲ့သစ်သားဖောင်ဖြင့် ၎င်းငါးဖမ်းလှေဆီသို့ လက်ဗလာဖြင့် လှော်ခတ်သွားရပါတယ်။

လှေပေါ်မှာ Reymark က ငါးဖမ်းပိုက်မှာကပ်နေတဲ့ငါးတွေကို ဖယ်ရှားဖို့ သူ့အသက်ထက် နှစ်ဆကြီးတဲ့အမျိုးသားတွေနဲ့အတူ အလုပ်လုပ်ရပါတယ်။ လှေပေါ်တွင် အချိန်ကြာမြင့်စွာအလုပ်

လုပ်နေသော်လည်း Reymark ဟာ သူ့ရဲ့အလွန်ပြင်းထန်သောအလုပ်ရဲ့ လုပ်အားအတွက် လစာမရရှိပါဘူး။ သို့ပေမယ့် သူဖယ်ထားခဲ့တဲ့ငါးတွေကို သူ့ရဲ့လုပ်အားခအဖြစ် သိမ်းယူသွားနိုင်ပါတယ်။

ထို့နောက် စက်လှေပေါ်ရှိ သူ့ရဲ့တာဝန်ပြီးဆုံးပြီးတဲ့နောက်မှာ Reymark ဟာ ကျွန်းပေါ်သို့ပြန်လှည့်ပြန်ပြီး သူ၏မိသားစုအတွက် အစားအစာနှင့်ဆေးဝါးများ၀ယ်ယူရန် ဖမ်းလာခဲ့တဲ့ငါးများကို ရောင်းချရပါတယ်။

Reymark ဟာ တစ်နေ့တစ်နေ့ ငါးရောင်းရငွေမှ အကြမ်းဖျင်းအားဖြင့် PHP 100 (အမေရိကန်ဒေါ်လာ 1.92) နှင့် PHP 150 (ဒေါ်လာ 2.88) ၀င်ငွေရရှိပါတယ်။ ပုံမှန်အားဖြင့် သူဟာ ထိုငွေများကို အဘိုးဖြစ်သူ၏တီဘီဆေးနှင့် နောက်အပတ်အတွက် သူ့ရဲ့ကျောင်းထောက်ပံ့ကြေးအတွက် ပေးလေ့ရှိပါတယ်။

Reymark က နာမကျန်းဖြစ်နေတဲ့အဘိုးဖြစ်သူကိုပြုစုရင်းနဲ့ ငါးဖမ်းလှေပေါ်မှာနေရတာခက်မှန်းသိပေမယ့် ဆယ်ကျော်သက်ကောင်လေးဟာ သူ့မှာတစ်ခြားရွေးချယ်စရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“ အလုပ်မှာ ပိုက်ကွန်တွေကို ဆွဲရတော့ ကျွန်တော့်ကျောကုန်းက အရမ်းနာပေမဲ့ ကျွန်တော်အလုပ်မနားနိုင်ခဲ့ဘူး ၊ ကျွန်တော်တို့ စားသောက်ဖို့လိုအပ်တာကြောင့် ကျွန်တော်ဆက်လုပ်နေခဲ့တယ် ၊

ကျွန်တော် အဘိုးအဘွားတွေရဲ့ကြင်နာမှုကို ကျေးဇူးပြန်ဆပ်ချင်တယ်၊ သူတို့အတွက် အုတ်နဲ့လုပ်ထားတဲ့သုံးထပ်အိမ်တစ်လုံးဆောက်ပေးချင်တယ် ” ဟု Reymark က သူဘာကြောင့်အလုပ်ကြိုးစားရပြီး သူ့ရဲ့မျှော်မှန်းချက်ကဘာလဲဆိုတာကို ပြောပြခဲ့ပါတယ်။

Credit

Leave a Reply

Your email address will not be published.