“ကြာလဲ မမေ့..ငါလဲ တနေ့ ” ဆိုတဲ့ အတွေးတွေနဲ့…see more




သံယောဇဉ်( ၁၀ )ပါးလင်္ကာ
(၁)အာရုံငါးဝ တပ်စွဲက ကာမသံယောဇဉ် (၂)သုံးပါးဘဝ တပ်စွဲက ဘဝသံယောဇဉ် (၃)အမျ က်ဒေါသ စိတ်ဆိုးက ပဋိဃသံယောဇဉ်(၄)ကိုယ်သာတော်လှ ထင်မှတ်က မာနသံယောဇဉ်
(၅)ရုပ်နာမ်ကိုပဲ ငါကောင်စွဲ ယူလွဲဒိဋ္ဌိပင် (၆)တရားမှန်တွင် မယုံချင်၍ ဆင်ခြင်နှို င်းညှိ ဝေဖန်ကြည့် ဝိစိကိစ္ဆာပင်(၇)နွားခွေးတူစွာ ကျင့်တာကောင်းမြတ်ယူစွဲမှတ် သီလဗ္ဗတပင်




(၈)ကိုယ့်ထက်သူမျ ား ကောင်းစားသည်ကို မနာလို
ခေါ်ဆို ဣဿာပင်(၉)ကိုယ်လိုသူမျ ား ကောင်းစားမည်မှ ဝန်တိုက မစ္ဆရိယပင် (၁၀)သစ္စာလေးတန် ပြောင်းပြန်ထင်ကာ မသိတာ အဝိဇ္ဇာသံယောဇဉ်
=>ဝဋ်ဆင်းရဲမှ မလွတ်ရအောင် ချ ည်နှောင်
တတ်စွာ ဤဆယ်ဖြာ အဘိဓမ္မာ သံယောဇဉ်။
(#ကျေ းဇူးရှင်မဟာစည်ဆရာတော်
ဘုရားကွီး၏သွဝါဒကထာ)




ရှင် – သေ – ဖြစ် – ပျ က်
ကုန် – ဆုံ – ကွဲ
မျက်မြင် — ဒိဋ္ဌ
ကမ္မဋ္ဌာန်းပဲ
အသက် ” ရှင်” နေတာ” #သေ ” ဖို့အတွက်
” #ဖြစ်” နေတာ ” ပျ က်” ဖို့အတွက်




” #ရ ” ရှိလာတာ ” ကုန် ” ဖို့အတွက်
“#ဆုံဆည်း” တာဟာ “ကွဲကွာ”ဖို့အတွက်
ခဏ
ခဏတည် ခဏမွေး ၊ခဏနေ ခဏခံစား
ခဏသွား ခဏရပ် ၊ ခဏခင် ခဏမုန်း
ခဏပေါ် ခဏကွယ် ၊ ခဏနာ ခဏသေ
ခဏပျ က် သံသာစက်




အမြဲမရှိ — အနိစ္စပါတကား
ချမ်းသာမရှိ — ဒုက္ခချည်းပါတကား
အစိုးမရ — အနတ်တပါတကား။
သက်ရှည်ကျ န်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ဝကြပါစေ။




အရှင်တေဇဝန္တ(နေလ)
မှော်ဘီ