ရန်ကုန် မန္တလေးအဝေးပြေး လမ်း အရေးပေေါ် ယာယီ ပိတ်လိုက်ပြီဖြစ်ကြောင်းသိရပါသည်။




အမြန်လမ်း ၁၁၅ မိုင်မှစပြီး ကားဖြတ်သန်းခွင့် ယာယီပိတ်
နေပြည်တော်အမြန်လမ်း ၁၁၅ မိုင်မှ စတင်ပြီး အတက်ရော၊
အဆင်းပါ ယနေ့ည ၈ နာရီခန့်က ပိတ်ထားခဲ့ကြောင်း သိရသည်။




တောင်ငူမြို့ အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွါးခြင်းကြောင့်ဟု ကြားသိရပြီး ယနေ့
(မေ ၂၀ ရက်) ည ၈ နာရီ ၁၅ မိနစ်မှစတင်ကာ အမြန်လမ်းကို ပိတ်ထားခြင်း ဖြစ်ကြောင်း
၁၁၅ မိုင်တွင် ပိတ်မိနေသည့် ခရီးသည်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “လမ်းပိတ်တာက ည ၈ နာရီ ၁၅ မိနစ်လောက်က ပိတ်တာ။




တောင်ငူနားတိုက်ပွဲဖြစ်တယ် သတင်းရလို့ အမြန်လမ်း အတက်ရော၊ အဆင်းရော ပိတ်ထားတာ။
၁၁၅ မိုင် အဝင်နား တိုးဂိတ်တွေ အကုန်ပိတ်။ တောင်ငူ-မိထ္ထီလာ အကုန်ဂိတ်ပိတ်။
ကားတွေအကုန် မီးအမှောင်ချထားရတယ်” ဟု ဆိုသည်။
ဧရာဝတီက ဆက်သွယ်သည့်အချိန် ည ၉ နာရီခွဲခန့်အထိ လမ်းများပိတ်ထားဆဲဖြစ်ပြီး




အမြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားကြောင်း သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅၈ အနီးတဝိုက် ပစ်ခတ်မှုဖြစ်ပွါးနေကြောင်း
သတင်းများထွက်ပေါ်နေသော်လည်း ဧရာဝတီက သီးခြားအတည်ပြုချက်မရသေးပါ။
Credit
zawgyi,
ရန္ကုန္ မႏၲေလးအေဝးေျပး လမ္း အေရးေပေၚ ယာယီ ပိတ္လိုက္ၿပီျဖစ္ေၾကာင္းသိရပါသည္။
အျမန္လမ္း ၁၁၅ မိုင္မွစၿပီး ကားျဖတ္သန္းခြင့္ ယာယီပိတ္




ေနျပည္ေတာ္အျမန္လမ္း ၁၁၅ မိုင္မွ စတင္ၿပီး အတက္ေရာ၊
အဆင္းပါ ယေန႔ည ၈ နာရီခန႔္က ပိတ္ထားခဲ့ေၾကာင္း သိရသည္။
ေတာင္ငူၿမိဳ႕ အနီးတဝိုက္တြင္ တိုက္ပြဲျဖစ္ပြါးျခင္းေၾကာင့္ဟု ၾကားသိရၿပီး ယေန႔
(ေမ ၂၀ ရက္) ည ၈ နာရီ ၁၅ မိနစ္မွစတင္ကာ အျမန္လမ္းကို ပိတ္ထားျခင္း ျဖစ္ေၾကာင္း




၁၁၅ မိုင္တြင္ ပိတ္မိေနသည့္ ခရီးသည္တဦးက ဧရာဝတီသို႔ ေျပာသည္။
၎က “လမ္းပိတ္တာက ည ၈ နာရီ ၁၅ မိနစ္ေလာက္က ပိတ္တာ။
ေတာင္ငူနားတိုက္ပြဲျဖစ္တယ္ သတင္းရလို႔ အျမန္လမ္း အတက္ေရာ၊ အဆင္းေရာ ပိတ္ထားတာ။
၁၁၅ မိုင္ အဝင္နား တိုးဂိတ္ေတြ အကုန္ပိတ္။ ေတာင္ငူ-မိထၳီလာ အကုန္ဂိတ္ပိတ္။




ကားေတြအကုန္ မီးအေမွာင္ခ်ထားရတယ္” ဟု ဆိုသည္။
ဧရာဝတီက ဆက္သြယ္သည့္အခ်ိန္ ည ၉ နာရီခြဲခန႔္အထိ လမ္းမ်ားပိတ္ထားဆဲျဖစ္ၿပီး
အျမန္လမ္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား လုံၿခဳံေရးယူထားေၾကာင္း သိရသည္။
ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္ ၁၅၈ အနီးတဝိုက္ ပစ္ခတ္မႈျဖစ္ပြါးေနေၾကာင္း




သတင္းမ်ားထြက္ေပၚေနေသာ္လည္း ဧရာဝတီက သီးျခားအတည္ျပဳခ်က္မရေသးပါ။
Credit