မုန်တိုင်းသတိပေးချက် အထူးသတင်

News

မုန်တိုင်းသတိပေးချက် အထူးသတင်း

GFS Model ရဲ့ ဒီည ၁၁:၃၀ နာရီ Update
မှာလည်း မုန်တိုင်းငယ် အဖြစ်ရောက်ရှိနေပြီဖြစ်ပါတယ်။

မုန်တိုင်းငယ်ရဲ့ ဗဟိုချက်သည် မော်လမြိုင်မြို့ရဲ့ အနောက်‌‌တောင်ဘက်

ပင်လယ်ရေမိုင် ၉၀ ခန့်အကွာ ပင်လယ်ပြင် မှာတည်ရှိနေပါတယ်။

မေလ ၂၀ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် ကျိုက်ခမီ ကမ်းရိုးတန်း အနီးသို့ ချဉ်းကပ်ပြီး ၇ နာရီ ဝန်းကျင်တွင်

ချောင်းဆုံ မော်လမြိုင် တည့်တည့်ကို မုန်တိုင်းရဲ့ ဗဟိုချက်
ဖြတ်ကျော်နိုင်ပြီး

ကရင်ပြည်နယ် ဘားအံမြို့ကို နံနက် ၉ နာရီ ၁၀ နာရီ ဝန်းကျင်တွင် ဖြတ်‌ကျော်နိုင်ပါသည်။

မုန်တိုင်းရဲ့ လေတိုက်ခတ်နှုန်းသည် ၁ နာရီ ၄၀ မှ ၄၂ မိုင်နှုန်းအထိ တိုက်ခတ် နိုင်ပြီး

ကျိုက်ခမီ သံဖြူဇရပ် မုဒုံ ကမာဝက် တို့တွင် မုန်တိုင်းရဲ့ ညာဘက်လေစီး ဖြတ်ကျော်ရာ

တည့်တည့်သို့ ရောက်ရှိနေ နိုင်သည့်အတွက် လေပြင်းတိုက်ခြင်းသည် ၁ နာရီ မိုင် ၅၀ ထိ တိုက်ခတ်နိုင်ပါသည်။

သတိပေးချက် မုန်တိုင်းငယ်၏ အရှိန်ကြောင့်
‌မွန်ပြည်နယ် ကရင်ပြည်နယ်တို့မှာ

လေပြင်းတိုက်ခြင်း မိုးကြီးခြင်း နှင့် ကမ်းရိုးတန်း ဘေးမြို့များ မုန်တိုင်းဒီရေ တက်ခြင်း လှိုင်းကြီးခြင်းများဖြစ်ပေါ်လာနိုင်ပါသည်။

ယနေ့ညထဲက ကြိုတင်သိမ်းဆည်းထားကြပါ လုံခြုံတဲ့နေရာကို ပြောင်းရွေ့ပါ မုန်တိုင်းအချင်း မိုင်သေးငယ်ပြီး

ရုတ်တရက် အားကောင်းလာတဲ့ မုန်တိုင်းဖြစ်လို့ ရွေ့လျားနှုန်းမြန် သလို ပြင်းထန်နိုင်တဲ့အတွက်

မိမိဒေသ မလုံခြုံဘူးထင်ရင်
ကြိုတင် ပြောင်းရွေ့ထားကြဖို့ လိုပါတယ်။

မွန်ပြည်နယ် ကရင်ပြည်နယ် မိုးလေဝသ စောင့်ကြည့်ထုတ်ပြန်ရေး။

Credit

Leave a Reply

Your email address will not be published.