ကပ္ပလီပင်လယ်ပြင်မှာ မုတ်သုန်လေ အားကောင်းနေပါတယ်
၂၄နာရီအတွင်း တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်းဒေသတွေမှာ မိုးများရွာသွန်းနိုင်ပါတယ်
အနောက်တောင်မုတ်သုန်လေသည် မွန်ပြည်နယ်အထိရောက်ရှိလာခဲ့ပြီဖြစ်ပြီး




အားအလွန်ကောင်းနေပါတယ် တနင်္သာရီတိုင်းမွန်ပြည်နယ် ကရင်ပြည်နယ်
ရန်ကုန်တိုင်း ဧရာဝတီတိုင်းဒေသတွေမှာ မိုးများစလာရွာသွန်းနိုင်ပါတယ်
၂၀၂၂ မေလ ၂ဝရက်နေ့မှ ၂၄ရက်နေ့အတွင်း မကွေးတိုင်း မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တွေမှာ မုတ်သုန်မိုးတွေရွာနိုင်ပါတယ်
မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်းရခိုင်ပြည်နယ်တောင်ပိုင်းနှင့်
ပဲခူးတိုင်းတောင်ပိုင်းဒေသတွေရဲ့ အထက်အမြင့် ပေ၁၀၀၀၀ ခန့် 700 mbar




UAC Upper air circulation အထက်လေဝဲစနစ်ဖြစ်ပေါ်နေပါတယ်
နောက်၃ရက်အထိကြာမြင့်နိုင်ပြီး အဆိုပါဒေသတွေမှာမိုးကြီးရေလျှံနိုင်ပါတယ်
17/05/2022 ရက်နေ့မှ 22/05/2022 ရက်နေ့အတွင်း ဧရာဝတီတိုင်း
ဟင်္သာတခရိုင် ပုသိမ်ခရိုင် မအူပင်ခရိုင် မြောင်းမြခရိုင် လပွတ္တာခရိုင်တွေမှာ
မိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ် ရေကြီးရေလျှံသတိပြုကြပါ




၂၀၂၂မေလတစ်လလုံးမြန်မာနိုင်ငံအနှံအပြားမှာ မိုးတွေဆက်တိုက်ရွာနိုင်ပြီး
မိုးဦးအကောင်းဆုံးနှစ် တစ်နှစ် အဖြစ် မှတ်တမ်းဝင်သွားပါလိမ့်မယ်
မေလ ၂ဝရက်နေ့မှ၂၃ရက်နေ့အတွင်း တနင်္သါရီကမ်းရိုးတန်းနှင့် မုတ္တမပင်လယ်ကွေ့အတွင်း
မုတ်သုန်လေအားအလွန်ကောင်းမည်ဖြစ်ပြီး အဆိုပါရက်များတွင် သရက်ချောင်း လောင်းလုံ ထားဝယ်
ကန်ပေါက် ရေဖြူ ရေး လမိုင်း သံဖြူဇရပ် ကျိုက်ခမီ မုဒုံ ကျိုက်မရော မော်လမြိုင်




ဘုရားသုံးဆူ ကျုံဒိုး ၊နဘူး၊ တောင်ကြာအင်း ၊ကော့ဘိန်း ၊ထီလုံ၊ဆုံဆည်းမြိုင်၊
ဝေါလေ၊ရှမ်းရွာသစ် ၊ကမမောင်း၊ ပိုင်ကျုံ ၊ဖာပွန် လှိင်းဘွဲ ဘားအံ ကော့ကရိတ် မြဝတီ
ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီးမိုးကြီးရေလျှံမှုများဖြစ်ပေါ်နိုင်သဖြင့်
အဆိုပါရက်များအတွင်း ခရီထွက်ခြင်းရှောင်ကျင်သင့်ပါတယ် ကုန်စည်သယ်ယူ




ပိုဆောင်သောမော်တော်ယာဉ်များလည်း အထူးသတိထားရပါမယ်
မိုးကြီးရေလျှံသတိ ၂၀၂၂ မေလ ၁ရရက်နေ့မှ ၂၁ရက်နေ့အတွင်း ရခိုင်ပြည်နယ်တောင်ပိုင်း
ဧရာဝတီတိုင်း ရန်ကုန်တိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပြီးမိုးကြီးနိုင်သဖြင့်
ရေကြီးရေလျှံသတိပြုကြပါ စပါးပျိုးကြဲထားကြသူများ မိုးကြီးချိန် ကောက်ပင်များ
ရေနစ်မြုပ်နိုင်သဖြင့် ရေစီးရေလာကောင်းအောင် ရေနုတ်မြောင်းများအသင့်ပြုလုပ်ထားကြဖိုအကြံပြုလိုက်ပါတယ်နော်




မုတ္တမပင်လယ်ကွေ့ကို မုတ်သုန်လေဦးတိုးဝင်ရောက်ရှိလာနေပြီဖြစ်ပါတယ်
မေလ ၂ဝရက်နေ့မှ ၂၃ရက်နေ့အထိ မုတ်သုန်လေအားအလွန်ကောင်းနိုင်ပါတယ်
မေလ၁ရရက်နေ့မှ ၂၃ရက်နေ့အတွင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း
မွန်ပြည်နယ် ကရင်ပြည်နယ်တွေမှာမိုးများစွာရွာသွန်းနိုင်ပြီး
မေလ ၂၁ရက်နေ့ ၂၂ရက်နေ့ ၂၃ရက်နေ့တွေမှာ မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း




ပဲခူးတိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း ဒေသတွေမှာ မိုးအလွန်ကြီးနိုင်သဖြင့်
ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်သဖြင့် အထူးသတိထားကြပါ
Credit
unicode




















Credit