PDF လူငယ်တစ်ဦးရဲ့ ရင်ဖွင့်သံ …

News

ကျနော့်ကို သိတဲ့သူတချို့က ပြောတယ် …Bro ကို အားကျတယ် တော်တော် သတ္တိရှိတာဘဲတဲ့ … ။ဘော်ဒါတချို့ကပြောတယ် …မင်း ေ သ မှာ မကြောက်ဖူးလား ငါ့ကောင် ? တဲ့ …. ။အပွင့်လင်းဆုံးပြောပြပါရစေ …ကျနော့် Type အရ ဘာကိုမှသိပ်မဖုံးကွယ်တတ်ဖူး..

ကျနော် ငယ်ငယ်တုန်းကပေါ့ ဝ က် သ က် ပေါ က်ပြီး အဖျား ကြီး တယ် အကြော ဆေး ထို းရမယ်ဆိုတော့ ဆေးခန်းထဲ ပတ်ပြေးဖူးတယ် အ ပ်ကိုကြော က်လို့ အခု အသက် 27 နှစ်ရောက်သည့်တိုင်အောင် ဖျား ဖျား နာ နာ တော်ယုံနဲ့ ဆေးခန်းမသွားဘူး..

ဆေး ထို း မှာစိုးလို့ ဆေးဘဲမရမကသောက်တယ် ဆေး ထို း အ ပ်နဲ့ အသားကို ထို း မှာကို ကြော က်လို့ ရန်ဘာညာလဲဖြစ်လေ့မရှိဘူး တတ်နိုင်သမျှရှောင်တယ် လုံးဝမလွဲမရှောင်သာမှသာ ရ န်ဖြ စ်တယ် ထို းကြ ကြိ တ်ကြတယ် ဒါကလဲ ခုအရွယ်ထိ..

မှတ်မှတ်ရရ သုံးခါဘဲ ရှိခဲ့ဖူးတယ် ကိုယ်လဲအသားမနာခြင်သလို သူများတကာနာသွားရင်လဲ ပြန်တွေးမိပြီး စိတ်မကောင်းဘူး ဒါဆို ဘာလို့ ခုလိုတွေလုပ်နေတာလဲ ?ကျနော့် အဖေက ပြောဖူးတယ် မတရားတာကိုတွေ့ရင် ထိုင်ကြည့်နေတဲ့သူနဲ့ ရှောင်ထွက်သွားတဲ့သူမှာပါ..

အပြ စ်ရှိတယ်တဲ့ ကျနော့်ပင်ကိုယ်ဗီဇအရလဲ အနို င်ကျင့်တာတွေ လ က် ပါ ခြေ ပါတွေကို လုံးဝမကြိုက်ဘူး ကိုယ့်ရှေ့မှာတွေ့နေရရင်လဲ ဝင်ပြီးဖြန်ဖြေတတ်တယ် အားနည်းတဲ့ဖက်| မှန်တယ်ထင်တဲ့ဖက်က ဝင်ပြီးကူမိတာတွေလဲ ရှိတယ် ..သိတဲ့သူတွေသိကြမယ်..

ကျနော့်အလုပ်က စာရေးတာနဲ့ Game ဆော့တာဘဲရှိတယ် ကျန်တာတွေ ဘဝမှာ တခါဆိုတခါမှမလုပ်ဖူးဘူး ဓာ း တောင်မှ ဖြောင့်အောင် မလှီ းတတ်ဘူး 5 တန်းနှစ်ကတည်းကစပြီး တောက်လျှောက်ကိုင်ရတာက Computer Desktops တွေနဲ့ Laptop တွေချည်း..

ဘာလို့ဆို ပညာရေးက အဲ့လမ်းကြောင်း ဖြစ်နေလို့ရယ် အလုပ်ကလဲ Digital Marketing မို့ပါဘဲ ဒီလိုနဲ့ Military Coup ဖြစ်လာတော့ စစခြင်း ဆန္ဒပြကြသည်ပေါ့ လှည်းတန်းသွားတယ် မြေနီကုန်းသွားတယ် Versity က သပိတ်တွေလဲလိုက်တယ်..

ကြွေးကြော်သံတွေ အသားကုန်အော်တယ် ဘာလို့လဲဆိုတော့ မတရားလို့ … ဘာပါတီဝင်မှလဲမဟုတ်သလို ဘာအသင်းမှလဲ မဝင်ထားဘူး တစ်ဦးထဲခံစားချက်အရတော့ အမေစုကို လေးစားမြတ်နိုးတယ် ဒီလောက်ဘဲ အဲ့ကနေ ကျနော် အားမရတော့ဘူး …

သပိတ်မှာလိုက်အော်နေတာထက် ဒီသပိတ်ကလူတွေကို ကာကွယ်ပေးတဲ့သူ ရှေ့ဆုံးကအမာခံနေမယ့်သူ ဖြစ်ခြင်လာတယ် ဖြို ခွ င်း မှုတွေကလဲစနေပြီဆိုတော့ သ ပိတ်ထဲက သက်ကြီးပိုင်း အန်တီကြီး| ဦးလေးကြီးတွေနဲ့ အထူးသဖြင့် မိန်းခလေးတွေ အားနည်းတဲ့သူတွေကို..

Defend လုပ်ပေးချင်လာတယ် ဒီလိုနဲ့ Defender တစ်ယောက်ဖြစ်သွားတယ် Youtube ကနေ Defending Base တွေကြည့်တယ် Tactics တွေကြည့်တယ် ကျွမ်းကျင်လာတော့ ကိုယ်တွေအဖွဲ့လေး ရှိနေတဲ့ သပိတ်တွေမှာ Defender Trainer ပြန်လုပ်တယ်..

လူငယ်ချင်း နည်းစနစ်လေးတွေ ပြန် Share တယ် ကွန်ရက်လေးတွေချိတ်ဆက်ပြီး ဖိတ်ခေါ်တဲ့ မြို့နယ်သပိတ်တွေမှာလိုက်သင်ပေးကြတယ် ကြားထဲမှာလဲ အခြေအနေအရ Molotov သွား ပ စ် တာတွေ ဖိခံရတဲ့သပိတ်ကို အာရုံလွှဲစေဖို့ ကိုယ်ရှိတဲ့သပိတ်ကနေ..

ထကြွတာတွေလုပ်ကြတယ် ဒီလိုနဲ့ Defender ဆိုတော့လဲ သိတဲ့အတိုင်း အ သ က် ပျော က်တာတွေရှိလာတယ် ကိုယ့်လက်ပေါ်မှာ လူနှစ်ယောက် ေ သသွားတယ် တစ်ယောက်က ကိုယ့်ညီအရင်းရဲ့ သူငယ်ချင်း နောက်တစ်ယောက်က ဘုရားလမ်းသပိတ်က..

Defender တစ်ယောက် အဲ့နေ့တွေ ကျနော်ကြုံလာရတဲ့အခါ ညဖက်တွေမှာပြန်မြင်ယောင်နေတယ် အိမ်မက်မက်တိုင်းလဲ ပြေးနေလွှားနေရပြီး ဆန္ဒပြတဲ့ ပုံရိပ်တွေဘဲ ပြန်မက်တယ် ေ သ ကြ ေ ကြ ကြတယ် အော်ဟစ်နေတဲ့အသံတွေချည်းကြားနေရတယ် …

ကျနော် တွေးမိလာတယ် …ငါတို့ ဒီလိုဘဲ ဆန္ဒလေးပြလိုက် လာ ဖြို ခွ ဲ ရင် ပြန်ပြေးလိုက် ကျန်ရစ်ခဲ့တဲ့သူက ေ သ လိုက်နဲ့ ဆက်သွားလို့ရပါအုံးမလားပေါ့ ဒီလိုနဲ့ ကျနော် ခုလိုအခြေအနေထိ ဖြစ်သွားခဲ့တယ် မိသားစုနဲ့ ခွ ဲ ရတယ် ဘော်ဒါတွေနဲ့ ခွ ဲ ရတယ် …

ကျနော့် အလုပ်တွေ အကုန် ရပ်ထားခဲ့လိုက်ရတယ် ကျနော်ချစ်တဲ့သူတွေကို ဘယ်တော့မှပြန်တွေ့ခွင့်မရတော့တာလဲဖြစ်သွားနိုင်တယ် …ဒ ဏ်ရာတွေရတယ် ထွက်နေတဲ့ သွေ း တွေကိုသုတ်ပြီး အရွက်တွေ အုံလိုက်တယ် ….ကျနော် ဆက်လျှောက်တယ်..

အားတွေတင်းထားတယ် တခါတလေ တစ်ကိုယ်လုံး ကို င် ရို က်ထားသလို နာ နေတယ် တခါတလေ ကျနော် ကြော က်စိ တ်ဝင်လာလို့ ကိုယ့်ကိုကိုယ် Pressure ပြန်ပေးရတယ် ဖြစ်ခဲ့တာတွေကို ပြန်မြင်ယောင်ပြီး Mood ပြန်သွင်းရတယ် …မိုးလင်းလာရင် စားဖို့မရှိဘူး..

ထမင်း င တ် တဲ့နေ့တွေလဲမရေမိတော့ဘူး ညဖက်ဘယ်မှာအိပ်ရမလဲ မသိဘူး စစ်ဆင်ရေးရှိတဲ့ရက်တွေဆို မိုးတွေရွာရင် သိပ်ဒုက္ခရောက်တယ် မိုးရွာထဲ ဒီတိုင်းဘဲကျုံ့ကျုံ့လေးထိုင်နေရတယ် မိုးတိတ်ရင် စိုနေတဲ့အဝတ်တွေက ကိုယ်ပေါ်မှာဘဲ ပြန်ခြောက်သွားတယ်..

ရေမရှိလို့ တွေ့တဲ့ရေခပ်သောက်ရတယ် အမှုန်တွေလဲပါတယ် အကောင်ဘလောင်တွေလဲပါတယ် မတတ်နိုင်ဖူးဘဲ ရေတအားဆာနေတော့ ရှိတဲ့ရေ သောက်ရမှာဘဲလေ ကျနော်လဲ လူဘဲ လူတွေထဲကမှ လူငယ်တစ်ယောက် ကျနော့်မှာ မပြည့်သေးတဲ့ ဘဝအိမ်မက်တွေ ရှိတယ် …

ကျနော် ဖြစ်ခြင်တာလေးတွေ ရှိသေးတယ် ေ သ ရမှာလဲ သိပ်ကြော က်တတ်တာပေါ့ဗျာ ဒါပေမယ့်လဲ မတ တ်နိုင်ဘူးဘဲ ကျနော့် ဘဝလေး ကျနော်ပြန်ရဖို့ ကျနော့်မိသားစု အေးအေးချမ်းချမ်းနေရဖို့ ဘော်ဒါတွေနဲ့ လဘက်ရည်ဆိုင်ပြန်ထိုင်နိုင်ဖို့..

ကျနော် သိပ်ဝါသနာပါတဲ့ Game တွေပြန်ဆော့ရဖို့ ကျနော်တို့ နိုင်ငံမှာ ခလေးရီသံလေးတွေ ပြန်ကြားရဖို့ …ဒီတို က်ပွဲကို အဆုံး သ တ် ရမယ် တို က် ရ င်း ခို က်ရင်း ကျနော် ေ သ ခြင်လဲ ေ သ သွားမယ် ကံ ကောင်းပြီး ဒါကြီးပြီးသွားတဲ့အချိန်ထိ..

မိမွေးတိုင်း ဖမွေးတိုင်း ရှိခြင်လဲရှိနေအုံးမယ် ဘယ်လိုဘဲ ဖြစ်သွားပါစေ ကျနော့် တစ်ကိုယ်စာသမိုင်း မရိုင်းတော့ဖူးကျနော့်မိသားစုလဲ သူတို့သားအတွက် ဂုဏ်ယူနေမယ် ထင်ပါရဲ့ …. ။ ။..
Crd

Leave a Reply

Your email address will not be published.