အမေရိကန်-အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဝါရှင်တန်ဒီစီရောက်




အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ မေလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိလာပါတယ်။
အခုခရီးစဉ်အတွင်း၊ အမေရိကန်အစိုးရပိုင်းကခေါင်းဆောင်တွေ၊ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ NUG ရဲ့အာဆီယံဆိုင်ရာသံအမတ်ကြီး ဦးဘိုလှတင့်က RFA ကို ပြောပါတယ်။




တွေ့ဆုံဆွေးနွေးမယ့်ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေကိုတော့ လတ်တလော အသေးစိတ် ပြောကြားလို့ မရသေးဘူးလို့ ဆိုပါတယ်။NUG ဘက်က ရရှိတဲ့ တခြားသတင်းတစ်ခုအရ ဒေါ်ဇင်မာအောင်ဟာ ဒီခရီးစဉ်အတွင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနတာဝန်ရှိသူတွေအပြင် မြန်မာ့အရေးဆောင်ရွက်နေတဲ့ လွှတ်တော်အမတ်တစ်ချို့နဲ့လည်း တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
မနက်ဖြန် မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ဝါရှင်တန်ဒီစီမှာ အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကို သမ္မတဂျိုးဘိုင်ဒင် ဦးဆောင်ပြီး ကျင်းပဖို့ ရှိပါတယ်။ဒီညီလာခံမှာ NUG ကို ဖိတ်ကြားမှု ရှိ၊မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။




မေလ ၁၀ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းပွဲမှာ “ဒီညီလာခံကို မြန်မာပြည်ကိုယ်စားပြုသူ ဘယ်သူတက်ခွင့်ရမလဲ” ဆိုပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ Ned Price က “မကြာခင် သိရပါလိမ့်မယ်” လို့ ဖြေဆိုခဲ့ပါတယ်။source-RFA
အမေရိကန်-အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဝါရှင်တန်ဒီစီရောက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ မေလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိလာပါတယ်။




အခုခရီးစဉ်အတွင်း၊ အမေရိကန်အစိုးရပိုင်းကခေါင်းဆောင်တွေ၊ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ NUG ရဲ့အာဆီယံဆိုင်ရာသံအမတ်ကြီး ဦးဘိုလှတင့်က RFA ကို ပြောပါတယ်။
တွေ့ဆုံဆွေးနွေးမယ့်ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေကိုတော့ လတ်တလော အသေးစိတ် ပြောကြားလို့ မရသေးဘူးလို့ ဆိုပါတယ်။NUG ဘက်က ရရှိတဲ့ တခြားသတင်းတစ်ခုအရ ဒေါ်ဇင်မာအောင်ဟာ ဒီခရီးစဉ်အတွင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနတာဝန်ရှိသူတွေအပြင် မြန်မာ့အရေးဆောင်ရွက်နေတဲ့ လွှတ်တော်အမတ်တစ်ချို့နဲ့လည်း တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။




မနက်ဖြန် မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ဝါရှင်တန်ဒီစီမှာ အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကို သမ္မတဂျိုးဘိုင်ဒင် ဦးဆောင်ပြီး ကျင်းပဖို့ ရှိပါတယ်။ဒီညီလာခံမှာ NUG ကို ဖိတ်ကြားမှု ရှိ၊မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မေလ ၁၀ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းပွဲမှာ ဒီညီလာခံကို မြန်မာပြည်ကိုယ်စားပြုသူ ဘယ်သူတက်ခွင့်ရမလဲ ဆိုပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ Ned Price က မကြာခင် သိရပါလိမ့်မယ် လို့ ဖြေဆိုခဲ့ပါတယ်။




source-RFA