ဦးအောင်ကိုဝင်းရဲ့သမီး နန်းလိုင်ခမ်းကို မဖမ်းဆီးဘူးလို့ စစ်ကောင်စီ ငြင်းဆို
ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ် နန်းလိုင်ခမ်းကို စစ်ထောက်လှမ်းရေးများက ရန်ကုန်လေဆိပ်တွင် ယမန်နေ့က ခေတ္တထိန်းသိမ်းခဲ့သည်ဟု သတင်းရင်းမြစ်များအရသိရသည်။

မြန်မာပြည်၏ အထင်ကရစီးပွါးရေးလုပ်ငန်းရှင်ကြီးဖြစ်သူ ဦးအောင်ကိုဝင်း၏သမီးအကြီးဆုံးဖြစ်သော အသက် ၃၃ နှစ်အရွယ် နန်းလိုင်ခမ်းသည် တနင်္လာနေ့နံနက် ၈ နာရီအချိနတွင်ထွက်ခွာမည့် မြန်မာ့လေကြောင်း ၏ လေယာဉ်ခရီးစဉ် 8M-335 ဖြငိ့ ထိုင်းနိုငိငံ ဘန်ကောက်သို့ သွားရောက်ရန် နားနေဆောင်တွင်စောင့်ဆိုင်းနေစဉ် စစ်ထောက်လှမ်းရေးများက ၎င်းတို့၏ရုံးခန်းသို့ခေါ်ယူသွားပြီး စစ်ဆေးမေးမြန်းမှုများလုပ်ကာ နံနက် ၉:၃၀ ကျော်မှ ပြန်လွှတ်ပေးခဲ့သဖြင့် လေယာဉ်ဖြင့်လိုက်ပါနိုင်ခြင်းမရှိဘဲဖြစ်သွားခဲ့သည်။
ကမ္ဘောဇအုပ်စု၏အမှုဆောင်ဒါရိုက်တာလည်းဖြစ်သော နန်းလိုင်ခမ်းကိုစစ်ဆေးမေးမြန်းသော စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) မှာ တပ်မှူးဗိုလ်မှူးကျော်မြတ်လင်းဖြစ်ကြောင်း မဇ္ဈိမ သတင်းမှာ ဖော်ပြထားပါတယ်။

ပြည်တွင်းပုဂ္ဂလိကဘဏ်လုပ်ငန်းတစ်ခုဖြစ်တဲ့ ကမ္ဘောဇဘဏ်ရဲ့ ဒုတိယအမှုဆောင်အရာရှိချုပ် နန်းလိုင်ခမ်းကို ဖမ်းဆီးထားတာမရှိဘူးဆိုပြီး စစ်ကောင်စီပြောခွင့်ရသူက ဒီနေ့ မေလ ၁၀ ရက် မနက်ပိုင်းမှာပဲ ပြောဆိုကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။
နန်းလိုင်ခမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရန်ကုန်မြို့မှာ မနေ့ မေလ ၉ ရက်မှာ ဖမ်းဆီးခဲ့တယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြခဲ့ကြအပြီးမှာ စစ်ကောင်စီဘက်က အခုလိုပြောလာတာဖြစ်ပါတယ်။

နန်းလိုင်ခမ်းဟာ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ကမ္ဘောဇလုပ်ငန်းစုဥက္ကဋ္ဌ ဦးအောင်ကိုဝင်းရဲ့ သမီးတစ်ဦးဖြစ်သလို ပြည်တွင်းလူငယ်စီးပွားရေးသမားတစ်ဦးအဖြစ်လည်း လူသိများပါတယ်။
Crd
Unicode