တပ်မတော်သား ညီအစ်ကိုများခင်ဗျား…(ဗိုလ်ကြီးတစ်ယောက်ရေးတဲ့စာ) see more

News

တပ်မတော်သား ညီအစ်ကိုများခင်ဗျား…(ဗိုလ်ကြီးတစ်ယောက်ရေးတဲ့စာ) see more

(ဗိုလ်ကြီးတစ်ယောက်ရေးတဲ့စာ)

တပ်မတော်သား ညီအစ်ကိုများခင်ဗျား
လက်ရှိအချိန်မှာ တပ်မတော်နဲ့ပြည်သူကြားမှာ အခက်ထန်ဆုံးအချိန်ကို ရောက်ခဲ့ပြီ။ကျနော်တို့ ဘယ်သူ့အတွက်ရပ်တည်ပြီး ဘယ်သူတွေကို တိုက်ခိုက်နေမိပြီလဲ။

ကျနော်တို့ ဘယ်သူ့ကို သစ္စာခံရမလဲဆိုတာကို အဖြေပေးရတော့မယ့်အချိန်ပါ။တိုက်ပွဲတစ်ခုဖြစ်လာပြီဆိုရင် အနိုင်နဲ့အရှုံးနှစ်မျိုးပဲရှိတယ်။ကျနော်တို့နိုင်ဖို့ဆိုရင် ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို သတ်ပြီးမှ ပြည်သူတွေရဲ့အကြောက်တရားကိုယူပြီးမှ နိုင်ခွင့်ရမယ်။

ကျနော်တို့ ဒီလိုပုံစံမျိုးနဲ့ နိုင်ချင်လား။လက်နက်ကလွဲရင် ကျနော်တို့ဘက်မှာ ဘယ်သူမှမရှိဘူး။ကမ္ဘာ့အလည်မှာလည်း နာမည်ပျက်သိက္ခာပျက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်နာမည်ပေါက်နေပြီ။

ကျနော့်ရှုံးခဲ့ရင်ရော?ကျနော်တို့မှာလည်း ကာကွယ်ရမယ့်မိသားစုရှိတယ်။တိုက်ပွဲအဆင့်အထိ ဖြစ်လာခဲ့ရင် ပြည်သူဆိုလည်း ကျနော်တို့ ပြန်တိုက်ခိုက်ရုံပဲရှိတာ။ဘယ်သူမှ လည်စင်းပြီး အသေမခံချင်ဘူး။ဒီပုံစံအတိုင်းသာဆက်သွားရင် ပြည်သူကို ရန်သူအဖြစ် ကျနော်တို့ တိုက်ခိုက်ကြရလိမ့်မယ်။

သူသေကိုယ်သေအဆင့်အထိပေါ့။ကျနော်အဲလို အခြေအနေဖြစ်သွားမှာအကြောက်ဆုံးပဲ။ကိုယ့်အသက်လည်း မစွန့်ချင်သလို ပြည်သူကိုလည်း မသတ်ရက်ဘူး။

ဒီအရေးအခင်းကြီး အညင်သာဆုံးပြီးဆုံးသွားဖို့ အကောင်းဆုံးနည်းက ကျနော်တို့ တပ်မတော်သားတွေဟာ အာဏာရှင်တွေရဲ့ အမိန့်ကို မနာခံဖို့ပဲရှိတယ်။တူရကီအာဏာသိမ်းမှုဟာ တစ်ရက်ပဲကြာခဲ့တယ်။

တူရကီစစ်သားတွေဟာ အာဏာ သိမ်းစစ်ခေါင်းဘဆောင်ရဲ့အမိန့်ကို ဖီဆန်ပြီး ပြည်သူဘက်က ရပ်တည်ပေးခဲ့လို့။အဲလိုစစ်ခေါင်းဆောင်မျိုးကိုရုရှားက ခိုလှုံခွင့်ပေးခဲ့တယ်။ရုရှားနဲ့တရုတ် ဘယ်လိုစိတ်ဓာတ်ရှိတယ်ဆိုတာကို ကျနော်တို့ သဘောပေါက်ဖို့ကောင်းတယ်။

အင်္ဂလိပ်က မြန်မာကို စစ်ရှုံးလို့ လွတ်လပ်ရေးပေးခဲ့တာမဟုတ်ဘူး။သူတို့ဆက်အုပ်ချုပ်ရင် နှစ်ဖက်စလုံးနစ်နာနိုင်လို့ လွတ်လပ်ရေးပေးခဲ့ခြင်းပါ။ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ အာဏာရှင်တွေဟာ သူတို့အတွက် သူတို့ကြည့်ပြီး အဆုံးထိသွားဖို့ ကြိုးစားလိမ့်မယ်။

သူတို့ကို ပြည်သူက ခွင့်မလွှတ်တော့ဘူးလေ။
” ငါတို့သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်” ဆိုတာ သစ္စာလေးချက်ထဲက ပထမဆုံးသစ္စာပဲ။

crd

Leave a Reply

Your email address will not be published.