စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံတပ်ကို MNDAA သွားရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ် ရှစ်ဦးသေဆုံး




စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံတပ်ကို မေလ ၄ရက်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး ယင်းမတိုင်မီ ဧပြီ ၃ဝရက်တွင်လည်း စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်တပ် MNDAA သတင်းရင်းမြစ်က ပြောကြားသည်။
စစ်ကောင်စီက သိန္နီကနေ ကွတ်ခိုင်လမ်းတကြော တပ်တွေစဖြန့်တယ်။ တပ်စဖြန့်တဲ့ သူ့ရဲ့ရည်ရွယ်ချက်က သူတို့ ယာဉ်တန်းသွားတဲ့အချိန်မှာ လုံခြုံရေးအတွက်ပေါ့။
အဲဒီ ၃ဝရက်နေ့ည ၁၁နာရီ ၂၅မိနစ်မှာ စစ်ကောင်စီရဲ့ ကား ရစီးတက်လာတဲ့အချိန်မှာ ကျွန်တော်တို့ တပ်မဟာ ၂၁၁ လက်အောက်ခံ တပ်ဖွဲ့ငယ်တစ်ခုရဲ့ လှုပ်ရှားနယ်မြေ ရောက်လာတော့ ကျွန်တော်တို့အဖွဲ့ခွဲက အဲဒီ ယာဉ်တန်းကို တိုက်ခဲ့တာဟု MNDAA တပ်ဖွဲ့ဝင်က ဧပြီ ၃ဝရက် တိုက်ပွဲဖြစ်စဉ်ကို ပြောပြသည်။




အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက် ကျဆုံးမှုရှိမရှိ မသိရဟု ဆိုသည်။ မေလ ၄ရက်တွင်လည်း မုံးကိုးခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ကို MNDAAက သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီလက်အောက်ခံတပ်မ (၉၉)လက်အောက်ခံ တပ်ရင်းတွေက ကျွန်တော်တို့ တပ်မဟာ (၅၁၁) လက်အောက်ခံ တပ်ရင်းတစ်ခုကို သူတို့က ဝန်းရံပိတ်ဆို့ပြီး ချေမှုန်းဖို့ ကြံဆနေတာ။
သူတို့က ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော်တို့ တပ်မဟာ (၅၁၁) လက်အောက်ခံ တပ်ရင်းရဲ့ တပ်ဖွဲ့ခွဲတစ်ခုက သူတို့ တပ်မ (၉၉)လက်အောက်ခံ တပ်ရင်း (၄၂၀)ရယ် (၄၂၁)ရယ် သူတို့ လှုပ်ရှားနယ်မြေကို သွားရောက် ထိုးဖောက်ပြီးတော့ပေါ့။




အဲဒီ တပ်ရင်း ၂ခုပေါင်းက လူအင်အား ၁၄၀ ခန့်ရှိမယ်ထင်တယ်။ သူတို့ရှိနေတဲ့နေရာကို အဲဒီ အဖွဲ့ခွဲငယ်က ထိုးဖောက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ် ဟု MNDAA တပ်ဖွဲ့ဝင်က ပြောသည်။
စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူအပြင် တိုက်ပွဲဖြစ်ရာနယ်မြေသို့ စစ်ကူများ စေလွှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ထိုနေ့က တိုက်ပွဲဖြစ်ပွားရာနေရာမှ MNDAA တပ်ဖွဲ့ဝင်များ ဦးစွာဆုတ်ခွာခဲ့ကြောင်း ရှင်းပြသည်။
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီက အနည်းဆုံး ၈ယောက်လောက်ကျတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူး။အဲဒီနေ့က လေကြောင်းတိုက်ခိုက်မှုမရှိဘူး။




ဒါပေမဲ့ စစ်ရဟတ်ယာဉ် တစ်စီးတော့ အဲဒီ ကွတ်ခိုင်ကနေ မုံးကိုးဘက်ကို ပျံဝဲသွားတာတွေ့ရတယ်။ ရရှိထားတဲ့ သတင်းက အဲဒီ ရဟတ်ယာဉ်က လူနာသွားသယ်တယ်လို့သိရတယ် ဟု MNDAA တပ်ဖွဲ့ဝင်က ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဇွန်လမှစ၍ MNDAAနှင့် စစ်ကောင်စီတပ်တို့အကြား ကွတ်ခိုင်ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင်လလယ်ပိုင်းမှစ၍ မုံးကိုးဒေသ၌ တိုက်ပွဲများ ပြင်းထန်စွာ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီအတွင်းက MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန်သွားချိန်တွင် MNDAA ဘက်က စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထား၍ တိုက်ပွဲဖြစ်ပွားမှု လျော့နည်းခဲ့သော်လည်း တစ်လကျော်အကြာတွင် MNDAA နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု ပြန်လည်ဖြစ်ပွားခဲ့သည်။ လက်ရှိ ဒေသအခြေအနေမှာ စစ်ရေး




နေသည့် အနေအထားဖြစ်ကြောင်း MNDAA တပ်ဖွဲ့ဝင်က ပြောသည်။ Crd- People Spring
စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံတပ်ကို MNDAA သွားရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ် ရှစ်ဦးသေဆုံး
စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံတပ်ကို မေလ ၄ရက်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး ယင်းမတိုင်မီ ဧပြီ ၃ဝရက်တွင်လည်း စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်တပ် MNDAA သတင်းရင်းမြစ်က ပြောကြားသည်။




စစ်ကောင်စီက သိန္နီကနေ ကွတ်ခိုင်လမ်းတကြော တပ်တွေစဖြန့်တယ်။ တပ်စဖြန့်တဲ့ သူ့ရဲ့ရည်ရွယ်ချက်က သူတို့ ယာဉ်တန်းသွားတဲ့အချိန်မှာ လုံခြုံရေးအတွက်ပေါ့။
အဲဒီ ၃ဝရက်နေ့ည ၁၁နာရီ ၂၅မိနစ်မှာ စစ်ကောင်စီရဲ့ ကား ရစီးတက်လာတဲ့အချိန်မှာ ကျွန်တော်တို့ တပ်မဟာ ၂၁၁ လက်အောက်ခံ တပ်ဖွဲ့ငယ်တစ်ခုရဲ့ လှုပ်ရှားနယ်မြေ ရောက်လာတော့ ကျွန်တော်တို့အဖွဲ့ခွဲက အဲဒီ ယာဉ်တန်းကို တိုက်ခဲ့တာဟု MNDAA တပ်ဖွဲ့ဝင်က ဧပြီ ၃ဝရက် တိုက်ပွဲဖြစ်စဉ်ကို ပြောပြသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက် ကျဆုံးမှုရှိမရှိ မသိရဟု ဆိုသည်။ မေလ ၄ရက်တွင်လည်း မုံးကိုးခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ကို MNDAAက သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။




စစ်ကောင်စီလက်အောက်ခံတပ်မ (၉၉)လက်အောက်ခံ တပ်ရင်းတွေက ကျွန်တော်တို့ တပ်မဟာ (၅၁၁) လက်အောက်ခံ တပ်ရင်းတစ်ခုကို သူတို့က ဝန်းရံပိတ်ဆို့ပြီး ချေမှုန်းဖို့ ကြံဆနေတာ။
သူတို့က ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော်တို့ တပ်မဟာ (၅၁၁) လက်အောက်ခံ တပ်ရင်းရဲ့ တပ်ဖွဲ့ခွဲတစ်ခုက သူတို့ တပ်မ (၉၉)လက်အောက်ခံ တပ်ရင်း (၄၂၀)ရယ် (၄၂၁)ရယ် သူတို့ လှုပ်ရှားနယ်မြေကို သွားရောက် ထိုးဖောက်ပြီးတော့ပေါ့။
အဲဒီ တပ်ရင်း ၂ခုပေါင်းက လူအင်အား ၁၄၀ ခန့်ရှိမယ်ထင်တယ်။ သူတို့ရှိနေတဲ့နေရာကို အဲဒီ အဖွဲ့ခွဲငယ်က ထိုးဖောက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ် ဟု MNDAA တပ်ဖွဲ့ဝင်က ပြောသည်။




စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူအပြင် တိုက်ပွဲဖြစ်ရာနယ်မြေသို့ စစ်ကူများ စေလွှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ထိုနေ့က တိုက်ပွဲဖြစ်ပွားရာနေရာမှ MNDAA တပ်ဖွဲ့ဝင်များ ဦးစွာဆုတ်ခွာခဲ့ကြောင်း ရှင်းပြသည်။
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီက အနည်းဆုံး ၈ယောက်လောက်ကျတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူး။အဲဒီနေ့က လေကြောင်းတိုက်ခိုက်မှုမရှိဘူး။
ဒါပေမဲ့ စစ်ရဟတ်ယာဉ် တစ်စီးတော့ အဲဒီ ကွတ်ခိုင်ကနေ မုံးကိုးဘက်ကို ပျံဝဲသွားတာတွေ့ရတယ်။ ရရှိထားတဲ့ သတင်းက အဲဒီ ရဟတ်ယာဉ်က လူနာသွားသယ်တယ်လို့သိရတယ် ဟု MNDAA တပ်ဖွဲ့ဝင်က ပြောသည်။




စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဇွန်လမှစ၍ MNDAAနှင့် စစ်ကောင်စီတပ်တို့အကြား ကွတ်ခိုင်ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင်လလယ်ပိုင်းမှစ၍ မုံးကိုးဒေသ၌ တိုက်ပွဲများ ပြင်းထန်စွာ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီအတွင်းက MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန်သွားချိန်တွင် MNDAA ဘက်က စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထား၍ တိုက်ပွဲဖြစ်ပွားမှု လျော့နည်းခဲ့သော်လည်း တစ်လကျော်အကြာတွင် MNDAA နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု ပြန်လည်ဖြစ်ပွားခဲ့သည်။ လက်ရှိ ဒေသအခြေအနေမှာ စစ်ရေးနေသည့် အနေအထားဖြစ်ကြောင်း MNDAA တပ်ဖွဲ့ဝင်က ပြောသည်။
Crd- People Spring