ချင်းတွင်းမြစ်ရိုးတလျှောက် PDF တွေက နယ်မြေစိုးမိုးရေး လုပ်ဆောင်နေပြီး စစ်အုပ်စုအတွက် သယ်လာတဲ့ ရိက္ခာတွေကို ဖမ်းဆီး ထိန်းသိမ်း၊




စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ရိုး တလျှောက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက နယ်မြေစိုးမိုးရေး လုပ်ဆောင်နေပြီး ဒီကနေ့ မေ(၆)ရက် နေ့လည်ပိုင်းမှာ စစ်အုပ်စုအတွက် သယ်ယူလာတဲ့ ရိက္ခာတွေကို ကြားဖြတ်ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ နဂါးညီနောင် အထူးတပ်ဖွဲ့ – DBTF က သတင်းထုတ်ပြန်ပါတယ်။
မုံရွာကနေ ခန္တီးဘက်ကို ချင်းတွင်းမြစ်ရိုးအတိုင်း ဆန်တက်လာတဲ့ အမြန်ရေယာဉ်တွေကို စစ်ဆေးရာမှာ ကနီနယ်ထဲက အကြမ်းဖက် စစ်အုပ်စုအတွက် ပို့ပေးမယ့် ရိက္ခာတွေ စစ်ဆေးတွေ့ရှိလို့ ဖမ်းဆီးလိုက်တာလို့ နဂါးညီနောင် အထူးတပ်ဖွဲ့ – DBTF က ဆိုပါတယ်။




“ချင်းတွင်းမြစ်ရိုးတစ်လျှောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ်အတွင်း မုံရွာမြို့မှ ခန္တီးမြို့သို့ ထွက်ခါလာသော ကုန်တင်အမြန်ယာဉ် သုံးစင်းမှာ မအလရဲ့ လက်ပါးစေများ တပ်စွဲထားသော ကနီမြို့သို့ ရိတ္ခါများ သွားရောက်ထောက်ပံ့တယ်လို့ တပ်တွင်းဖရဲသီးများရဲ့ သတင်းပေးပို့ချက်အရ ကျွန်တော်တို့ DBTF အဖွဲ့နှင့် မဟာမိတ်ညီနောင်အဖွဲ့များ ပူးပေါင်းပြီး အချိန်မီ သွားရောက်ဖမ်းဆီး ထိမ်းသိမ်းနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးလည်း နယ်မြေစိုးမိုးရေးနှင့် နယ်မြေရှင်းလင်းရေးကို အရှိန်အဟုန်မြင်ြ့ပီး လုပ်ဆောင်သွားပါမည်” လို့ DBTF က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ချင်းတွင်းမြစ် အထက်ပိုင်းက မြို့နယ်တွေ အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို အင်တာနက် ဖြတ်တောက်ပြီး ရွာတွေကို အကြမ်းဖက် စီးနင်းကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေပါတယ်။ #MFP




ချင်းတွင်းမြစ်ရိုးတလျှောက် PDF တွေက နယ်မြေစိုးမိုးရေး လုပ်ဆောင်နေပြီး စစ်အုပ်စုအတွက် သယ်လာတဲ့ ရိက္ခာတွေကို ဖမ်းဆီး ထိန်းသိမ်း၊
စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ရိုး တလျှောက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက နယ်မြေစိုးမိုးရေး လုပ်ဆောင်နေပြီး ဒီကနေ့ မေ(၆)ရက် နေ့လည်ပိုင်းမှာ စစ်အုပ်စုအတွက် သယ်ယူလာတဲ့ ရိက္ခာတွေကို ကြားဖြတ်ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ နဂါးညီနောင် အထူးတပ်ဖွဲ့ – DBTF က သတင်းထုတ်ပြန်ပါတယ်။




မုံရွာကနေ ခန္တီးဘက်ကို ချင်းတွင်းမြစ်ရိုးအတိုင်း ဆန်တက်လာတဲ့ အမြန်ရေယာဉ်တွေကို စစ်ဆေးရာမှာ ကနီနယ်ထဲက အကြမ်းဖက် စစ်အုပ်စုအတွက် ပို့ပေးမယ့် ရိက္ခာတွေ စစ်ဆေးတွေ့ရှိလို့ ဖမ်းဆီးလိုက်တာလို့ နဂါးညီနောင် အထူးတပ်ဖွဲ့ – DBTF က ဆိုပါတယ်။
“ချင်းတွင်းမြစ်ရိုးတစ်လျှောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ်အတွင်း မုံရွာမြို့မှ ခန္တီးမြို့သို့ ထွက်ခါလာသော ကုန်တင်အမြန်ယာဉ် သုံးစင်းမှာ မအလရဲ့ လက်ပါးစေများ တပ်စွဲထားသော ကနီမြို့သို့ ရိတ္ခါများ သွားရောက်ထောက်ပံ့တယ်လို့ တပ်တွင်းဖရဲသီးများရဲ့ သတင်းပေးပို့ချက်အရ ကျွန်တော်တို့ DBTF အဖွဲ့နှင့် မဟာမိတ်ညီနောင်အဖွဲ့များ ပူးပေါင်းပြီး အချိန်မီ သွားရောက်ဖမ်းဆီး ထိမ်းသိမ်းနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးလည်း နယ်မြေစိုးမိုးရေးနှင့် နယ်မြေရှင်းလင်းရေးကို အရှိန်အဟုန်မြင်ြ့ပီး လုပ်ဆောင်သွားပါမည်” လို့ DBTF က ဖော်ပြပါတယ်။




စစ်အုပ်စုဟာ ချင်းတွင်းမြစ် အထက်ပိုင်းက မြို့နယ်တွေ အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို အင်တာနက် ဖြတ်တောက်ပြီး ရွာတွေကို အကြမ်းဖက် စီးနင်းကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေပါတယ်။
Crd