ကျားသစ်နက်တပ်ဖွဲ့ ရဲဘော်တဦးတိုက်ပွဲအတွင်း တူမီးပြောင်းကွဲကာ…..(ရုပ်/သံ)

News


ဧရာဝတီတိုင်းမ်၊ မေလ ၆ ရက်








ကျားသစ်နက်တပ်ဖွဲ့ရဲဘော်တဦးတိုက်ပွဲအတွင်း သေနတ်ပြောင်းကွဲကာ လက်တစ်ဖက်ဖြတ်လိုက်ရ

စစ်ကိုင်းတိုင်း၊ပုလဲမြို့မရဲခစန်းကို ဧပြီလ ၂၉ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့ချိန်တွင် တိုက်ပွဲအတွင်း လက်လုပ် ငယ်ဖြင့်ပစ်ခတ်နေစဉ်

ပြောင်းကွဲထွက်သဖြင့် ကျားသစ်နက်တပ်ဖွဲ့မှ ရဲဘော်တဦး ထိခိုက်ဒဏ်ရာ ရ၍ လက်တစ်ဖက်ဖြတ် လိုက်ရကြောင်း ကျားသစ်နက်တပ်ဖွဲ့ထံက သိရသည်

ကျွန်တော်တို့ ပုလဲမြို့မရဲ စခန်းသိမ်းတဲ့နေကပေါ့ ဖြစ်တာက သူ့ရဲ့တူမီးက အကြီးပုံစံမျိုး ထောက်ပီးပစ်ရတာ

အဲ့တူမီးကလည်း ပစ်တာလဲကြာပီး ၂၀၂၁ ခုနှစ်၅ လပိုင်းကတည်းက သုံးလာခဲ့တာ

အဲဒီမှာယမ်းရဲ့ ဒဏ်ကို မခံနိုင်လို့ ဖြစ်သွားတာပေါ့ အဓိက က လက်နက်ပြသနာတွေကြောင့် ဖြစ်နေရတာ’ ဟု ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့ဥက္ကဌ ဗိုလ်ဥက္ကာက ပြော သည်

အဆိုပါထိခိုက်ဒဏ်ရာရရှိသွားသည့် ကျားသစ်နက်တပ်ဖွဲ့ရဲဘော်သည် လက်ရှိအချိန်ထိ မဟာမိတ်အဖွဲ့များမှဆေး ကုပေးနေပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ဘဲ လက်တစ်ဖက်ဖြတ် လိုက်ရကြောင်း ကျားသစ်နက်တပ်ဖွဲ့ဝင်များက ပြောသည်

မကွေးတိုင်း၊ပုလဲမြို့နယ်အတွင်းမှာလည်း ယနေ့ထိစစ်ကောင်စီ ပျူစောထီးပူးပေါင်းအဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားလျှက်ရှိကြောင်း ဒေသခံများထံကသိရသည် ရုပ်သံ-ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ Crd- Ayeyarwaddy Times

Crd

Leave a Reply

Your email address will not be published.