စစ်ခေါင်းဆောင်ရဲ့နေအိမ်ကို ပြည်သူတွေဝယ်ယူဖို့ ဆန္ဒပြင်းပြနေ ဝယ်ယူရန်အဆိုပြုထားသည့်ပမာဏမှာ ဒေါ်လာ (၁၇) သန်းအထိရှိ




အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄)မှာရှိတဲ့ မြေနဲ့ အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး အတွက် ပြည်သူ့ဆန္ဒကောက်ယူမှု စစ်တမ်း တစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်တမ်းကောက်ယူမှု (၆) ရက်တာကာလအတွင်း စုစုပေါင်း ဆန္ဒပြုသူ တစ်သောင်းရှစ်ထောင်ကျော်အနက် ၉၇% ကျော်က ဝယ်ယူမည်ဟု ဆန္ဒပြုခဲ့ကြတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။




အဲ့ဒီလိုဝယ်ယူဖို့အတွက် အဆိုပြုပမာဏ စုစုပေါင်းမှာ ငွေကျပ် (၃၄) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) ခန့် ရှိပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ အဲဒီနိုင်ငံတော်ပိုင်မြေမှာ (၁.၈၆) ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း (၃၀) ကျော်တန်ကြေး ရှိပါတယ်။




အခု ရောင်းချတဲ့အခါ ကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ (၁၀) သန်းသာ တန်ဘိုးဖြတ်ပြီး အစုရှယ်ယာ တစ်သိန်းတိတိ ရောင်းချသွားမှာဖြစ်ကာ ရှယ်ယာတစ်စုကို အမေရိကန်ဒေါ်လာ (၁၀၀) သတ်မှတ် ထားပါတယ်။
ကမ္ဘာတလွှားရှိ ဆက်သွယ်ဝယ်ယူရရှိနိုင်မယ့် ကိုယ်စားလှယ်အမည်စာရင်းနဲ့ စတင်ရောင်းချမယ့်အချိန်ကို သီးခြားထုတ်ပြန်ပေးသွားမှာဖြစ်ပြီး အဆင်ပြေနီးစပ်တဲ့ နိုင်ငံတကာကိုယ်စားလှယ်တွေထံ ချိတ်ဆက် ဝယ်ယူရရှိနိုင်တယ်လို့လည်း ကြေညာထားပါတယ်။ #TNV




စစ်ခေါင်းဆောင်ရဲ့နေအိမ်ကို ပြည်သူတွေဝယ်ယူဖို့ ဆန္ဒပြင်းပြနေ ဝယ်ယူရန်အဆိုပြုထားသည့်ပမာဏမှာ ဒေါ်လာ (၁၇) သန်းအထိရှိ
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄)မှာရှိတဲ့ မြေနဲ့ အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး အတွက် ပြည်သူ့ဆန္ဒကောက်ယူမှု စစ်တမ်း တစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။




စစ်တမ်းကောက်ယူမှု (၆) ရက်တာကာလအတွင်း စုစုပေါင်း ဆန္ဒပြုသူ တစ်သောင်းရှစ်ထောင်ကျော်အနက် ၉၇% ကျော်က ဝယ်ယူမည်ဟု ဆန္ဒပြုခဲ့ကြတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီလိုဝယ်ယူဖို့အတွက် အဆိုပြုပမာဏ စုစုပေါင်းမှာ ငွေကျပ် (၃၄) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) ခန့် ရှိပါတယ်။




အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ အဲဒီနိုင်ငံတော်ပိုင်မြေမှာ (၁.၈၆) ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း (၃၀) ကျော်တန်ကြေး ရှိပါတယ်။
အခု ရောင်းချတဲ့အခါ ကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ (၁၀) သန်းသာ တန်ဘိုးဖြတ်ပြီး အစုရှယ်ယာ တစ်သိန်းတိတိ ရောင်းချသွားမှာဖြစ်ကာ ရှယ်ယာတစ်စုကို အမေရိကန်ဒေါ်လာ (၁၀၀) သတ်မှတ် ထားပါတယ်။




ကမ္ဘာတလွှားရှိ ဆက်သွယ်ဝယ်ယူရရှိနိုင်မယ့် ကိုယ်စားလှယ်အမည်စာရင်းနဲ့ စတင်ရောင်းချမယ့်အချိန်ကို သီးခြားထုတ်ပြန်ပေးသွားမှာဖြစ်ပြီး အဆင်ပြေနီးစပ်တဲ့ နိုင်ငံတကာကိုယ်စားလှယ်တွေထံ ချိတ်ဆက် ဝယ်ယူရရှိနိုင်တယ်လို့လည်း ကြေညာထားပါတယ်။
Crd