အောင်ပွဲနဲ့အတူ ပြန်လာတဲ့ YDF ရဲဘော်တွေကို ပြည်သူတွေ သပြေခက်နဲ့ ကြို

အောင်ပွဲနဲ့အတူပြန်လာတဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ရဲဘော်တွေကို ဒေသခံပြည်သူတွေက သပြေခက်နဲ့ကြိုဆိုခဲ့ပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စည်ပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနားမှာ ဂန်ဂေါ မြို့မရဲစခန်း၊ မြို့နယ်မှူး အဆင့်ရှိသူအပါအဝင် ရဲတပ်ဖွဲ့တွေနဲ့ YDF တပ်မမှူး ဗိုလ်ကောင်း ဦးဆောင်တဲ့ တပ်ရင်း (၆) တပ်ခွဲ (၄) တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အောင်ပွဲနဲ့အတူပြန်လာတဲ့ YDF ရဲဘော်တွေကို ဒေသခံတွေက ကြိုဆိုခဲ့ကြတာပါ။

အဲဒီတိုက်ပွဲဟာ ဧပြီ (၁၈) ရက်နေ့ ည (၁၀) နာရီလောက်က ဖြစ်ပွားခဲ့ပြီး ဂန့်ဂေါမြို့နယ်မှူး အပါအဝင် ၄ ဦးသေ၊ ၆ ဦး ဒဏ်ရရှိပြီး ထွက်ပြေးသွားကြပါတယ်။ မြို့ခံပြည်သူတွေ ထိခိုက်မှာ စိုးရိမ်တဲ့အတွက် ထွက်ပြေးသွားတဲ့ ရဲတွေနောက်ကို YDF ရဲဘော်တွေ လိုက်လံတိုက်ခိုက်ခြင်း မပြုဘဲ ပြန်ဆုတ်လာခဲ့ကြတယ်လို့ YDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
‘အဲဒီညက ရဲတွေကားနဲ့ ကင်းလှည့်နေတဲ့အချိန်မှာ အလစ်ဝင်တိုက်တာ။ ရဲတွေ တော်တော်ထိသွားတယ်။ မြို့နယ်မှူးဆိုတဲ့လူ သေတယ်’ လို့ စည်ပင်ရပ်ကွက်နေ လူငယ်တစ်ဦးက ပြောပါတယ်။

အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်တွေဟာ ဂန့်ဂေါမြို့ပေါ်မှာ ပေါ့ပေါ့လျော့လျော့ ကင်းလှည့်နေစဉ် YDF တွေက အမိအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သူကဆိုပါတယ်။

Crd