PDF တစ်ဦးကို တစ်လလျှင်ခြောက်သောင်းကျပ် NUGပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရNUGက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေကို ထောက်ပံ့စရိတ် အဖြစ် တစ်ဦးလျင် ကျပ်ခြောက်သောင်းစတင်ပေးအပ်နေပြီဖြစ်ကြောင်း NUG Radioက ဒီနေ့ဧပြီ (၂၃)ရက်မှာ ကြေညာပါတယ်။

NUGဆီက လစာခြောက်သောင်းရရှိခဲ့တဲ့ PDFတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးက “ဘဝမှာ ပထမဆုံး ရတဲ့ လစာ။ NUG က ရဲဘော်တွေကို ခြောက်သောင်းကျပ်စီ လစဉ် ပုံမှန် ထောက်ပံ့ပေးနေတယ်။ အရင်လ ကစပြီး ကျွန်တော် ရတယ်။ တပ်ခွဲရဲ့ ဘုံရံပုံငွေထဲ လေးသောင်း ထည့်ပြီးရင် ကျန်တဲ့ နှစ်သောင်းက ကြိုက်ရာ သုံးပဲ၊ မုန့်ဖိုးပေါ့။ဒီလပိုင်းတွေမှာ လက်နက်ဖိုးပဲ အသည်းအသန် စုနေရတော့ အသုံးစရိတ် တိုင်ပတ်နေ ရော၊ ဒီလစာရလာတော့ အသက်ရှုချောင်သွားတာ အမှန်ပဲ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါ တယ်။
အလားတူပဲစစ်ကိုင်းတိုင်းက PDFတပ်ဖွဲ့ဝင်တစ်ဦးကလည်း ခြောက်သောင်းရရှိတာမှာလေးသောင်းကို တပ်ဖွဲ့ရန်ပုံငွေထည့်လိုက်တဲ့အတွက် နှစ်သောင်းသုံးစွဲခွင့်ရကြောင်းနဲ့ ထည့်ဝင်လိုက်တဲ့တပ်ဖွဲ့ရန်ပုံငွေ ဟာလည်း သတ်မှတ်ထားတာမျိုးမဟုတ်ဘဲ မိမိထည့်ချင်သလောက်ထည့်လို့ရကြောင်း ပြောပါတယ်။

NUGအနေနဲ့ ပြည်တွင်းပြည်ပက လှုဒါန်းမှုတွေနဲ့ ရန်ပုံငွေ အမေရိကန်ဒေါ် လာသန်း ၃၀ ကျော်ရရှိခဲ့ပြီး အဲ့ဒီရန်ပုံငွေတွေကို စစ်လက်နက်တပ်ဆင်ရေးနဲ့ တော်လှန် ရေးအတွက် လိုအပ်တဲ့နေရာတွေမှာ သုံးစွဲပြီးဖြစ်ကြောင်း NUGက ထုတ်ပြန်ချက်တွေအရသိရပါတယ်။
လက်ရှိမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ PDF နဲ့ ညီနောင်တပ်ရင်းပေါင်း (၂၅၇) ရင်းဖွဲ့စည်းပြီးဖြစ်သလို တပ်ရင်း (၁၀၁) ရင်းကိုလည်း NUGကာကွယ်ရေးဝန်ကြီးဌာနက စီစစ်အတည်ပြုပြီးဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် PDFများ