မန္တလေးက ပြောက်ကျားအဖွဲ့ (၂) ဖွဲ့ မြို့ကိုစွန့်ခွာပြီလို့ကြေညာ၊ ရန်ကုန်ကို ကူညီမယ်လို့ဆို




မေ ၅၊ ၂၀၂၂
မန္တလေးက မြို့ပြပြောက်ကျားအဖွဲ့တွေဟာ မြို့ကို စွန့်ခွာသွားပြီလို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကြေညာချက်တွေ ထုတ်ပြန်လာပါတယ်။
ဒီနေ့မှာ မန္တလေး အနက်ရောင်သေမင်း ပြောက်ကျားအဖွဲ့နဲ့ Myanmar Revolution Rangers Force တို့က မြို့ကိုစွန့်ခွာသွားပြီလို့ ကြေညာထားတာပါ။




MRRF UG(mandalay)
” ကျွန်တော်တို့ Myanmar Revolution Rangers Forceအနေဖြင့် ရဲဘော်များ၏ လုံခြုံရေး တော်လှန်ရေး ရေရှည်တည်မြဲစွာဖြင့်တိုက်ပွဲဝင်နိုင်ရေးအတွက် မန္တလေးမြို့ကြီးအား စွန့်ခွာခဲ့လေပြီ ” လို့ ဖော်ပြထားပါတယ်။
သွေးကြောင်၍မဟုတ် ကြောက်၍မဟုတ် တော်လှန်ရေးရဲဘော်တွေနဲ့ ပူးပေါင်းပါဝင်မှုအားနည်းလှတဲ့အတွက် မန္တလေးမြို့ကြီးမှာဆက်လက်၍တော်လှန်နေလည်းမထူးတော့တာကြောင့် စွန့်ခွာရတာဖြစ်တယ်လို့လည်း MRRF UG(MDY) မြန်မာတော်လှန်ရေးရိန်းဂျားများအဖွဲ့ကဆိုပါတယ်။




အနက်ရောင်သေမင်း
မန္တလေးသို့/ ကျွန်ုပ်တို့ အနက်ရောင်သေမင်းအဖွဲ့မှ ဒီမြို့ကိုစွန့်ခွာခဲ့ပါပြီ။ ခင်ဗျားတို့ပျော်အောင်နေကြပါ။ အရက်ဆိုင်/ဘီယာဆိုင်/ ဘား/ကြိုက်ရာလုပ်နိုင်ပြီဖြစ်ပါသည်။ မငဲ့ပါနဲ့ ဘာဖြစ်လဲ ကိုယ်ပါသာပျော်တာပဲ ဟုတ်တယ်မို့လား” လို့ အနက်ရောင်သေမင်းအဖွဲ့က ပြောပါတယ်။
မန္တလေးကိုစွန့်ခွာလာတဲ့ ပြောက်ကျားအဖွဲ့တွေက ရန်ကုန်ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ရန်ကုန်ကပြောက်ကျားအဖွဲ့တွေကို ကူညီသွားမယ်လို့လည်း ဆိုပါတယ်။ #TNV




မန္တလေးက ပြောက်ကျားအဖွဲ့ (၂) ဖွဲ့ မြို့ကိုစွန့်ခွာပြီလို့ကြေညာ၊ ရန်ကုန်ကို ကူညီမယ်လို့ဆို
မေ ၅၊ ၂၀၂၂
မန္တလေးက မြို့ပြပြောက်ကျားအဖွဲ့တွေဟာ မြို့ကို စွန့်ခွာသွားပြီလို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကြေညာချက်တွေ ထုတ်ပြန်လာပါတယ်။
ဒီနေ့မှာ မန္တလေး အနက်ရောင်သေမင်း ပြောက်ကျားအဖွဲ့နဲ့ Myanmar Revolution Rangers Force တို့က မြို့ကိုစွန့်ခွာသွားပြီလို့ ကြေညာထားတာပါ။




MRRF UG(mandalay)
” ကျွန်တော်တို့ Myanmar Revolution Rangers Forceအနေဖြင့် ရဲဘော်များ၏ လုံခြုံရေး တော်လှန်ရေး ရေရှည်တည်မြဲစွာဖြင့်တိုက်ပွဲဝင်နိုင်ရေးအတွက် မန္တလေးမြို့ကြီးအား စွန့်ခွာခဲ့လေပြီ ” လို့ ဖော်ပြထားပါတယ်။
သွေးကြောင်၍မဟုတ် ကြောက်၍မဟုတ် တော်လှန်ရေးရဲဘော်တွေနဲ့ ပူးပေါင်းပါဝင်မှုအားနည်းလှတဲ့အတွက် မန္တလေးမြို့ကြီးမှာဆက်လက်၍တော်လှန်နေလည်းမထူးတော့တာကြောင့် စွန့်ခွာရတာဖြစ်တယ်လို့လည်း MRRF UG(MDY) မြန်မာတော်လှန်ရေးရိန်းဂျားများအဖွဲ့ကဆိုပါတယ်။




အနက်ရောင်သေမင်း
မန္တလေးသို့/ ကျွန်ုပ်တို့ အနက်ရောင်သေမင်းအဖွဲ့မှ ဒီမြို့ကိုစွန့်ခွာခဲ့ပါပြီ။ ခင်ဗျားတို့ပျော်အောင်နေကြပါ။ အရက်ဆိုင်/ဘီယာဆိုင်/ ဘား/ကြိုက်ရာလုပ်နိုင်ပြီဖြစ်ပါသည်။ မငဲ့ပါနဲ့ ဘာဖြစ်လဲ ကိုယ်ပါသာပျော်တာပဲ ဟုတ်တယ်မို့လား” လို့ အနက်ရောင်သေမင်းအဖွဲ့က ပြောပါတယ်။
မန္တလေးကိုစွန့်ခွာလာတဲ့ ပြောက်ကျားအဖွဲ့တွေက ရန်ကုန်ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ရန်ကုန်ကပြောက်ကျားအဖွဲ့တွေကို ကူညီသွားမယ်လို့လည်း ဆိုပါတယ်။




#TNV