ဆားလင်းကြီးမှာ ချင်းတွင်းမြစ်ရိုး ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ အမြန်ရေယာဉ်ကို ပစ်ခတ်တိုက်ခိုက်၊

MFP ၊ မေ – ၅
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စု အင်အား (၅၀)နှင့် ရိက္ခာတွေ တင်ဆောင်လာတဲ့ အမြန်ရေယာဉ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စု အသေအပျောက် ရှိနိုင်တယ်လို့ Salingyi People’s Force (S.P.F)က သတင်း ထုတ်ပြန်ပါတယ်။
မနေ့က မေ(၄)ရက် နေ့လယ်ပိုင်းက ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ အမြန်ရေယာဉ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မဟာမိတ်တွေ ဖြစ်တဲ့ Salingyi People’s Force (S.P.F)၊ One Star Task Force – OSTF ၊ ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့၊ Salingyi G-Z Local PDF၊ Myanmar ချေဂွေဗားရား၊ သေမင်းတမန် ပြောက်ကြားတပ်ဖွဲ့ နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက နာရီဝက်ကြာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပစ်ခတ်မှုကြောင့် စစ်ခွေးများ၊ ပျူစောထီး အများပြား သေဆုံးခဲ့ကြောင်း။ ကျွန်တော်တို့ ရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) ဟု သိရှိရပါသည်” လို့ SPF က ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုမှာ မောင်းပြန်တစ်လက်သာ ပါရှိလို့ ထိရောက်မှု အားနည်းခဲ့ရတယ်လို့ OSTF က ဗိုလ်ကျော်ကြီးက ဆိုပါတယ်။
“ကျွန်တော်တို့တွင် မောင်းပြန်တစ်လက်သာ ရှိပြီး မပြည့်စုံခြင်း မြောက်များစွာ ရှိနေပါသဖြင့် မြေပြင် ထိရောက်အောင် ကူညီပေးကြရန် တောင်းဆိုပါသည်” လို့ OSTF က ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်း ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတွေကနေ ကျေးရွာတွေကို စီးနင်းကာ ပစ်ခတ်တိုက်ခိုက်နေပြီး ဒေသခံ အရပ်သားပြည်သူတွေကို သတ်ဖြတ်၊ လုယက်၊ ဖမ်းဆီးငွေညှစ်တာတွေလည်း ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။

Crd