စစ်ကောင်စီ ထိုးစစ်အရှိန်မြှင့်လာသော တနင်္သာရီတိုင်း၌ KNDOနှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့ ပူးပေါင်း

News

ရဲခေါင်/People’s Spring

အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်အရှိန်မြှင့်တင်လာသော တနင်္သာရီတိုင်း၌ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့ ပူးပေါင်းလိုက်ကြောင်း ထုတ်ပြန်သည်။

“ပူးပေါင်းလိုက်တာက ကျွန်တော်တို့တွေ ပိုပြီးခိုင်မာတောင့်တင်းလာမယ်။ပြီးတော့ ဒီမိုကရေစီ ပြန်ရဖို့ကိုပဲ ဦးတည် တိုက်ခိုက်သွားမှာဖြစ်တယ်”ဟု ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက ပြောသည်။

လက်ရှိစစ်ရေးအခြေအနေအရ ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် ထားဝယ်-ထီးခီး လမ်းပိုင်းကို ည ၇ နာရီမှ နံနက် ၄ နာရီအတွင်းလုံးဝဖြတ်သန်းသွားလာ အသုံးမပြုရန်လည်း အသိပေးထားသည်။

သတ်မှတ်အချိန်အတွင်း ဖြတ်သွားလာကြစဥ် အကြမ်းဖက်စစ်​ကောင်စီနှင့် ပက်သက်မှုတစ်စုံ တစ်ရာ​သော်လည်း​ကောင်း၊ ​ စစ်​ဆေးခြင်းနှင့် ထုတ်ပြန်ချက်များကို လိုက်နာမှု မရှိခြင်း​သော် လည်း​ကောင်း ​တွေ့ရှိပါက ထိခိုက်မှု တစ်စုံ တစ်ရာအတွက် (လုံးဝ) တာဝန်ယူမည်မဟုတ်ပဲ မသင်္ကာဖွယ်ရာအားလုံးကို ကျွန်ုပ်တို့ “ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဦး” နှင့် မဟာ မိတ်ပူး​ပေါင်းအဖွဲ့ဖြစ်​​သော “KNDO Special တပ်ရင်း” တို့မှရှင်းလင်းပစ်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဧပြီ ၁၈ ရက်ကစ၍ တနင်္သာရီတိုင်း အတွင်း စစ်ကြောင်းလေးခုဖြင့် စစ်ထိုးရန်နှင့် ရွာသူ၊ရွာသားများကို လိုအပ်ပါက အကြမ်းဖက်ရှင်းလင်းရန် အကြမ်းဖက်စစ်ကောင် စီ၏ ညွှန်ကြားစာထွက်ရှိထားသည်။

အဆိုပါ ညွှန်ကြားစာထွက်ရှိပြီး နောက်ပိုင်း ထားဝယ်၊​မြိတ်နှင့် ပုလော ဒေသတို့တွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီ ထိုးစစ်အရှိန်မြှင့်လာသော တနင်္သာရီတိုင်း၌ KNDOနှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့ ပူးပေါင်း

ရဲခေါင်/People’s Spring

အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်အရှိန်မြှင့်တင်လာသော တနင်္သာရီတိုင်း၌ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့ ပူးပေါင်းလိုက်ကြောင်း ထုတ်ပြန်သည်။

“ပူးပေါင်းလိုက်တာက ကျွန်တော်တို့တွေ ပိုပြီးခိုင်မာတောင့်တင်းလာမယ်။ပြီးတော့ ဒီမိုကရေစီ ပြန်ရဖို့ကိုပဲ ဦးတည် တိုက်ခိုက်သွားမှာဖြစ်တယ်”ဟု ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက ပြောသည်။

လက်ရှိစစ်ရေးအခြေအနေအရ ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် ထားဝယ်-ထီးခီး လမ်းပိုင်းကို ည ၇ နာရီမှ နံနက် ၄ နာရီအတွင်းလုံးဝဖြတ်သန်းသွားလာ အသုံးမပြုရန်လည်း အသိပေးထားသည်။

သတ်မှတ်အချိန်အတွင်း ဖြတ်သွားလာကြစဉ် အကြမ်းဖက်စစ်ကောင်စီနှင့် ပက်သက်မှုတစ်စုံ တစ်ရာသော်လည်းကောင်း၊ စစ်ဆေးခြင်းနှင့် ထုတ်ပြန်ချက်များကို လိုက်နာမှု မရှိခြင်းသော် လည်းကောင်း တွေ့ရှိပါက ထိခိုက်မှု တစ်စုံ တစ်ရာအတွက် (လုံးဝ) တာဝန်ယူမည်မဟုတ်ပဲ မသင်္ကာဖွယ်ရာအားလုံးကို ကျွန်ုပ်တို့ “ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး” နှင့် မဟာ မိတ်ပူးပေါင်းအဖွဲ့ဖြစ်သော “KNDO Special တပ်ရင်း” တို့မှရှင်းလင်းပစ်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဧပြီ ၁၈ ရက်ကစ၍ တနင်္သာရီတိုင်း အတွင်း စစ်ကြောင်းလေးခုဖြင့် စစ်ထိုးရန်နှင့် ရွာသူ၊ရွာသားများကို လိုအပ်ပါက အကြမ်းဖက်ရှင်းလင်းရန် အကြမ်းဖက်စစ်ကောင် စီ၏ ညွှန်ကြားစာထွက်ရှိထားသည်။

အဆိုပါ ညွှန်ကြားစာထွက်ရှိပြီး နောက်ပိုင်း ထားဝယ်၊မြိတ်နှင့် ပုလော ဒေသတို့တွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားခဲ့သည်။

Crd

Leave a Reply

Your email address will not be published.