အယောင်ဆောင် CDM လုပ်သည့် သူလျှို ၃ ဦး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော
ရန်ကုန်၊ မေ ၄
တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ERO များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF များထံ CDM ပြုလုပ်သူ အယောင်ဆောင်၍ သူလျှို လုပ်သည့် စစ်ကောင်စီဘက်တော်သား ၃ ဦးကို ဖော်ထုတ်နိုင်ပြီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းသည့်အစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုခဲ့ခြင်းဖြစ်သည်။




“CDM လုပ်တယ်ပဲ ပြောပြော ပြည်သူနဲ့ ပူးပေါင်းတယ်ပြောပြောပေါ့ဗျာ၊ ပြည်သူ့ဘက်တော်သားဖြစ်လာတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ ၁ ဦးချင်းစီကို ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အလုပ်အဖွဲ့ ၁ခုကနေ အင်တာဗျူးတာ ရှိပါတယ်။ အခုအချိန်ထိဆိုလို့ရှိရင် ဒလန်၊ သူလျှို သဘောမျိုးနဲ့ ဝင်လာတဲ့ ၃ ယောက်ကို ဖော်ထုတ်နိုင်တယ်။
အများစုကတော့ တကယ်စိတ်ရင်းအမှန်နဲ့ ပြည်သူနဲ့ ပူးပေါင်းလာသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ အခုလို ပြည်သူနဲ့ ပူးပေါင်းလာပြီးတဲ့အချိန်မှာလည်း အများစုက ပြည်သူ့တော်လှန်ရေးမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲဆိုပြီး ပြင်ဆင်နေတဲ့ ရဲဘော်တွေလည်း အများကြီး ရှိပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။




အဆိုပါ သူလျှို ၃ ဦးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။”မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ၁ ယောက် ဖော်ထုတ်ရရှိပါတယ်၊ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ၂ ယောက် ဖော်ထုတ်ရရှိပါတယ်။ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာတော့ အခုချိန်ထိ အဲဒီလိုမျိုး မရှိသေးဘူး။ လက်ရှိမှာတော့ ဒေသခံတော်လှန်ရေး အဖွဲ့တွေကပဲ ယာယီအချုပ်ခန်း ဆောက်ပြီးတော့ ထိန်းသိမ်းထားပါတယ်” ဟု ဦးရည်မွန်က ရှင်းပြသည်။
လက်ရှိတွင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး CDM ပြုလုပ်လာသူ စစ်သား ၃,၀၀၀ ဝန်းကျင်နှင့် ရဲတပ်ဖွဲ့ဝင် ၇,၀၀၀ ဝန်းကျင်ရှိကြောင်း ပြည်သူ့ပန်းတိုင်အစီအစဉ်မှ CDM ဗိုလ်ကြီး ညီသုတက ပြောဆိုသည်။




ယင်းအပြင် CDM ပြုလုပ်ရန် စာရင်းသွင်းထားသူ ၃,၀၀၀ ဝန်းကျင်ရှိနေသလို CDM မပြုလုပ်သော်လည်း စစ်ကောင်စီမှ စွန့်ခွာပြီး သီးသန့်နေထိုင်နေသူ အမြောက်အများရှိကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ထံမှ သိရှိရသည်။
ဓါတ်ပုံ – ရှေ့တန်းတနေရာတွင် တွေ့ရသည့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်
Crd
Unicode
အေယာင္ေဆာင္ CDM လုပ္သည့္ သူလၽွို ၃ ဦး ေဖာ္ထုတ္ဖမ္းဆီးနိုင္ခဲ့ဟု ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္ေျပာ
ရန္ကုန္၊ ေမ ၄
တိုင္းရင္းသားေတာ္လွန္ေရးတပ္ဖြဲ႕ ERO မ်ားႏွင့္ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG လက္ေအာက္ခံ PDF မ်ားထံ CDM ျပဳလုပ္သူ အေယာင္ေဆာင္၍ သူလၽွို လုပ္သည့္ စစ္ေကာင္စီဘက္ေတာ္သား ၃ ဦးကို ေဖာ္ထုတ္နိုင္ၿပီး ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။
ရန္ကုန္ေခတ္သစ္သတင္းဌာနႏွင့္ သီးသန႔္ေတြ႕ဆုံေမးျမန္းသည့္အစီအစဥ္တြင္ အမ်ိဳးသားညီညြတ္ေရးအစိုးရ ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က ေျပာဆိုခဲ့ျခင္းျဖစ္သည္။




“CDM လုပ္တယ္ပဲ ေျပာေျပာ ျပည္သူနဲ႔ ပူးေပါင္းတယ္ေျပာေျပာေပါ့ဗ်ာ၊ ျပည္သူ႔ဘက္ေတာ္သားျဖစ္လာတဲ့ တပ္မေတာ္သား၊ ရဲတပ္ဖြဲ႕ ၁ ဦးခ်င္းစီကို ျပည္သူ႔ရင္ခြင္ခိုလႈံေရးအစီအစဥ္အေကာင္အထည္ေဖာ္ေရး ဗဟိုေကာ္မတီ အလုပ္အဖြဲ႕ ၁ခုကေန အင္တာဗ်ဴးတာ ရွိပါတယ္။ အခုအခ်ိန္ထိဆိုလို႔ရွိရင္ ဒလန္၊ သူလၽွို သေဘာမ်ိဳးနဲ႔ ဝင္လာတဲ့ ၃ ေယာက္ကို ေဖာ္ထုတ္နိုင္တယ္။
အမ်ားစုကေတာ့ တကယ္စိတ္ရင္းအမွန္နဲ႔ ျပည္သူနဲ႔ ပူးေပါင္းလာသူေတြ ျဖစ္တယ္ဆိုတာ ေတြ႕ရပါတယ္။ အခုလို ျပည္သူနဲ႔ ပူးေပါင္းလာၿပီးတဲ့အခ်ိန္မွာလည္း အမ်ားစုက ျပည္သူ႔ေတာ္လွန္ေရးမွာ ဘယ္လို အခန္းက႑ကေန ပါဝင္နိုင္မလဲဆိုၿပီး ျပင္ဆင္ေနတဲ့ ရဲေဘာ္ေတြလည္း အမ်ားႀကီး ရွိပါတယ္” ဟု ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က ေျပာဆိုသည္။




အဆိုပါ သူလၽွို ၃ ဦးကို ေဒသခံေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သိရွိရသည္။”ျမန္မာနိုင္ငံ အေနာက္ပိုင္းမွာ ၁ ေယာက္ ေဖာ္ထုတ္ရရွိပါတယ္၊ ျမန္မာနိုင္ငံ ေျမာက္ပိုင္းမွာ ၂ ေယာက္ ေဖာ္ထုတ္ရရွိပါတယ္။ အလယ္ပိုင္းနဲ႔ ေတာင္ပိုင္းမွာေတာ့ အခုခ်ိန္ထိ အဲဒီလိုမ်ိဳး မရွိေသးဘူး။ လက္ရွိမွာေတာ့ ေဒသခံေတာ္လွန္ေရး အဖြဲ႕ေတြကပဲ ယာယီအခ်ဳပ္ခန္း ေဆာက္ၿပီးေတာ့ ထိန္းသိမ္းထားပါတယ္” ဟု ဦးရည္မြန္က ရွင္းျပသည္။
လက္ရွိတြင္ မင္းေအာင္လွိုင္ဦးေဆာင္ေသာ အၾကမ္းဖက္စစ္ေကာင္စီကို စြန႔္ခြာၿပီး CDM ျပဳလုပ္လာသူ စစ္သား ၃,၀၀၀ ဝန္းက်င္ႏွင့္ ရဲတပ္ဖြဲ႕ဝင္ ၇,၀၀၀ ဝန္းက်င္ရွိေၾကာင္း ျပည္သူ႔ပန္းတိုင္အစီအစဥ္မွ CDM ဗိုလ္ႀကီး ညီသုတက ေျပာဆိုသည္။




ယင္းအျပင္ CDM ျပဳလုပ္ရန္ စာရင္းသြင္းထားသူ ၃,၀၀၀ ဝန္းက်င္ရွိေနသလို CDM မျပဳလုပ္ေသာ္လည္း စစ္ေကာင္စီမွ စြန႔္ခြာၿပီး သီးသန႔္ေနထိုင္ေနသူ အေျမာက္အမ်ားရွိေၾကာင္း ျပည္သူ႔ပန္းတိုင္အဖြဲ႕ထံမွ သိရွိရသည္။
ဓါတ္ပုံ – ေရွ႕တန္းတေနရာတြင္ ေတြ႕ရသည့္ ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္
Crd