ဘိုကလေးမြို့မှ ကျောင်းထောက်ပံကြေးငွေ သိန်း ၁၀၀၀ ကျော်အား ပညာရေးမှူးရုံးဝန်ထမ်းတစ်ဦးမှ ယူဆောင်ထွက်ပြေး

News

ကျော်လင်း/ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံးမှ ကျောင်းထောက်ပံကြေးငွေ သိန်း ၁၀၀၀ ကျော်အား ပညာရေးမှုးရုံးဝန်ထမ်းတစ်ဦးမှ ယူဆောင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဘိုကလေးမြို့နယ် ပညာရေးမှူးရုံးမှ ဒုလက်ထောက်ကြီးကြပ်ရေးမှုး ဦးဇော်မင်းသည် ကျောင်းထောက်ပံကြေးငွေ သိန်း ၁၀၀၀ ကျော်အား ယူဆောင်သွားကာ ပြီးခဲ့အပတ် တနလ်ာနေ့မှ စတင်ကာ ရုံးမတက်ပဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် မြို့မရဲစခမ်းမှူးထံ သတင်းပေးတိုင်ကြာထားတယ်လို့ ရဲတပ်ဖွဲ့ နှင့် နီးစပ်သူများထံမှ သိရပါတယ်။

” ပညာရေးမှုးရုံးမှာ(ဒု)လက်ထောက်ကြီးကြပ်ရေးမှူးဆိုတော့ ဘတ်ချက်ငွေစာရင်းတွေ ငွေတွေကိုသူက ကိုင်တွယ်စီမံနေရသူဖြစ်တော့ သူစိတ်ကြိုက်လုပ်နေရတာလေ ငွေစာရင်းဆိုတာက အတွင်းကိစ္စတွေ ဆိုတော့

ကျွန်တော်တို့တိတိကျကျမသိရပါဘူး O4/O9 ခေါင်းစဉ် PE 6 ခေါင်းစဉ်ရှိမယ် အဓိကတော့ ကျောင်းထောက်ပံကြေးစဉ်ကတော့ ငွေအမောက် အများဆုံးကိုင်တွယ်ရတာလေ ရုံးမတက်တာတော့တပါတ်ကျော်ပါပြီ” လို့ ဘိုကလေးမြို့နယ် ပညာရေးမှူးရုံးနဲ့ နီစပ်သူတဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

အလားတူ ဘိုကလေးမြို့နယ်စည်ပင်ရုံးမှ ဝန်ထမ်တစ်ဦးမှ ယခုကဲ့သို့ ဌာနငွေကိုင်တွယ်လုပ်ကိုင်ရစဉ် သိန်းရာချီ ယူငင်ထွက်ပြေးသွားခဲ့ဘူးတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

Ayeyarwaddy_Times

ဘိုကလေးမြို့မှ ကျောင်းထောက်ပံကြေးငွေ သိန်း ၁၀၀၀ ကျော်အား ပညာရေးမှူးရုံးဝန်ထမ်းတစ်ဦးမှ ယူဆောင်ထွက်ပြေး

ကျော်လင်း/ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံးမှ ကျောင်းထောက်ပံကြေးငွေ သိန်း ၁၀၀၀ ကျော်အား ပညာရေးမှုးရုံးဝန်ထမ်းတစ်ဦးမှ ယူဆောင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဘိုကလေးမြို့နယ် ပညာရေးမှူးရုံးမှ ဒုလက်ထောက်ကြီးကြပ်ရေးမှုး ဦးဇော်မင်းသည် ကျောင်းထောက်ပံကြေးငွေ သိန်း ၁၀၀၀ ကျော်အား ယူဆောင်သွားကာ ပြီးခဲ့အပတ် တနလ်ာနေ့မှ စတင်ကာ ရုံးမတက်ပဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် မြို့မရဲစခမ်းမှူးထံ သတင်းပေးတိုင်ကြာထားတယ်လို့ ရဲတပ်ဖွဲ့ နှင့် နီးစပ်သူများထံမှ သိရပါတယ်။

ပညာရေးမှုးရုံးမှာ(ဒု)လက်ထောက်ကြီးကြပ်ရေးမှူးဆိုတော့ ဘတ်ချက်ငွေစာရင်းတွေ ငွေတွေကိုသူက ကိုင်တွယ်စီမံနေရသူဖြစ်တော့ သူစိတ်ကြိုက်လုပ်နေရတာလေ ငွေစာရင်းဆိုတာက အတွင်းကိစ္စတွေ ဆိုတော့

ကျွန်တော်တို့တိတိကျကျမသိရပါဘူး O4/O9 ခေါင်းစဉ် PE 6 ခေါင်းစဉ်ရှိမယ် အဓိကတော့ ကျောင်းထောက်ပံကြေးစဉ်ကတော့ ငွေအမောက် အများဆုံးကိုင်တွယ်ရတာလေ ရုံးမတက်တာတော့တပါတ်ကျော်ပါပြီ လို့ ဘိုကလေးမြို့နယ် ပညာရေးမှူးရုံးနဲ့ နီစပ်သူတဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

အလားတူ ဘိုကလေးမြို့နယ်စည်ပင်ရုံးမှ ဝန်ထမ်တစ်ဦးမှ ယခုကဲ့သို့ ဌာနငွေကိုင်တွယ်လုပ်ကိုင်ရစဉ် သိန်းရာချီ ယူငင်ထွက်ပြေးသွားခဲ့ဘူးတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

Ayeyarwaddy_Times

Leave a Reply

Your email address will not be published.