ကုမ္ပဏီအချို့က စက်သုံးဆီမရှိသည့် ပုံစံကြေညာခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက…See More

News

ကုမ္ပဏီအချို့က စက်သုံးဆီမရှိသည့် ပုံစံကြေညာခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက…see more

စက်သုံးဆီလုံလုံလောက်လောက်ရှိပြီး ဒေါ်လာစျေး ၁၈၅၀ ဖြင့် စက်သုံးဆီအား ဖြန့်ဖြူးခိုင်းသည့်အပေါ်

ကုမ္ပဏီအချို့က စက်သုံးဆီမရှိသည့် ပုံစံကြေညာခြင်းဖြစ်ကာ သတိပေးခြင်းများ လုပ်ဆောင်ထားသည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ ကျွန်တော်တို့နိုင်ငံတွင်းမှာ စက်သုံးဆီနဲ့ ပတ်သက်ပြီး ဆီအလုံအလောက်ရှိပါတယ်။

တင်သွင်းထားတဲ့ ဟာရော ထုတ်လုပ်နေတဲ့ဟာရော အလုံအလောက်ရှိပါတယ်။

ပြောရမယ်ဆိုရင် အရင်တုန်းက တင်သွင်းမှုမှာ ကျွန်တော်တို့က ချိန်ပြီးတော့ တင်သွင်းတယ်။

နိုင်ငံထဲမှာ ဘယ်လောက်ရှိရမယ်ဆိုတာ ချိန်ပြီးတင်သွင်းတယ်။ အခုချိန်မှာ ရှိရမယ့်စက်သုံးဆီပေါ့ စက်သုံးဆီက ပိုပြီးလည်းရှိတယ်။

အရန်လည်း အလုံအလောက်ရှိပါတယ်။ ဖြစ်ရတဲ့ အဓိက ပြသာနာကတော့ စက်သုံးဆီစျေးနှုန်းများ

တည်ငြိမ်စေရေးအတွက် ကုမ္ပဏီတွေကို ဒေါ်လာတွေ ရောင်းချပေးတယ်။ ကျွန်တော်တို့က စက်သုံးဆီကို

သင့်တင့်တဲ့စျေးနဲ့ ပြည်သူလူထုလက်ထဲ ဖြန့်နိုင်အောင်လုပ် တယ်။

ဒီအချိန်မှာ ကျွန်တော်တို့က စက်သုံးဆီကို ၁၈၅၀ စျေးနဲ့ဖြန့်နိုင်အောင်ဆိုပြီး ပြောလိုက်တဲ့အချိန်မှာ တချို့ကုမ္ပဏီတွေကလည်း

စက်သုံးဆီမရှိတော့ဘူးဆိုတဲ့ဟာမျိုးနဲ့ ကြေညာကြတာပေါ့ဗျ။ အဲ့ဒါကြောင့် ဖြစ်နေတာ ဖြစ်ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး အသိပေးရမယ့်သူ သတိပေးရမယ့်သူတွေကို သတိပေးပြီးဖြစ်တယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် စက်သုံးဆီလုပ်ငန်းရှင်များကို သင်္ကြန်ကာလအတွင်းက ဒေါ်လာရောင်းချမှုရပ်နားထားခဲ့ကြောင်း၊ ဧပြီ ၂၀ ရက်မှ

စတင်ကာ ဒေါ်လာရောင်းချမှု ပြန်လည်လုပ်ဆောင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။

“ စက်သုံးဆီနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက်ရှိတယ်ဆိုတာကို ပြောချင်ပါတယ်။ စက်သုံးဆီ ဝယ်ယူနိုင်ရေးအတွက်

သင်္ကြန်ရက်မှာတော့ ကျွန်တော်တို့က ဒေါ်လာရောင်းချမှုရပ်နားခဲ့တာပေါ့လေ။

မနက်ဖန် (ဧပြီ ၂၀ ရက်) ကနေစပြီးတော့ ကျွန်တော်တို့ ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေကို ဒေါ်လာရောင်းချပေးတာ ဆက်လက်

ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Ref Eleven Media Group

zawgyi,

ကုမ္ပဏီအချို့က စက်သုံးဆီမရှိသည့် ပုံစံကြေညာခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက…see more

စက်သုံးဆီလုံလုံလောက်လောက်ရှိပြီး ဒေါ်လာဈေး ၁၈၅၀ ဖြင့် စက်သုံးဆီအား ဖြန့်ဖြူးခိုင်းသည့်အပေါ်

ကုမ္ပဏီအချို့က စက်သုံးဆီမရှိသည့် ပုံစံကြေညာခြင်းဖြစ်ကာ သတိပေးခြင်းများ လုပ်ဆောင်ထားသည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ ကျွန်တော်တို့နိုင်ငံတွင်းမှာ စက်သုံးဆီနဲ့ ပတ်သက်ပြီး ဆီအလုံအလောက်ရှိပါတယ်။

တင်သွင်းထားတဲ့ ဟာရော ထုတ်လုပ်နေတဲ့ဟာရော အလုံအလောက်ရှိပါတယ်။

ပြောရမယ်ဆိုရင် အရင်တုန်းက တင်သွင်းမှုမှာ ကျွန်တော်တို့က ချိန်ပြီးတော့ တင်သွင်းတယ်။

နိုင်ငံထဲမှာ ဘယ်လောက်ရှိရမယ်ဆိုတာ ချိန်ပြီးတင်သွင်းတယ်။ အခုချိန်မှာ ရှိရမယ့်စက်သုံးဆီပေါ့ စက်သုံးဆီက ပိုပြီးလည်းရှိတယ်။

အရန်လည်း အလုံအလောက်ရှိပါတယ်။ ဖြစ်ရတဲ့ အဓိက ပြသာနာကတော့ စက်သုံးဆီဈေးနှုန်းများ

တည်ငြိမ်စေရေးအတွက် ကုမ္ပဏီတွေကို ဒေါ်လာတွေ ရောင်းချပေးတယ်။ ကျွန်တော်တို့က စက်သုံးဆီကို

သင့်တင့်တဲ့ဈေးနဲ့ ပြည်သူလူထုလက်ထဲ ဖြန့်နိုင်အောင်လုပ် တယ်။

ဒီအချိန်မှာ ကျွန်တော်တို့က စက်သုံးဆီကို ၁၈၅၀ ဈေးနဲ့ဖြန့်နိုင်အောင်ဆိုပြီး ပြောလိုက်တဲ့အချိန်မှာ တချို့ကုမ္ပဏီတွေကလည်း

စက်သုံးဆီမရှိတော့ဘူးဆိုတဲ့ဟာမျိုးနဲ့ ကြေညာကြတာပေါ့ဗျ။ အဲ့ဒါကြောင့် ဖြစ်နေတာ ဖြစ်ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး အသိပေးရမယ့်သူ သတိပေးရမယ့်သူတွေကို သတိပေးပြီးဖြစ်တယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် စက်သုံးဆီလုပ်ငန်းရှင်များကို သြင်္ကန်ကာလအတွင်းက ဒေါ်လာရောင်းချမှုရပ်နားထားခဲ့ကြောင်း၊ ဧပြီ ၂၀ ရက်မှ

စတင်ကာ ဒေါ်လာရောင်းချမှု ပြန်လည်လုပ်ဆောင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။

“ စက်သုံးဆီနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက်ရှိတယ်ဆိုတာကို ပြောချင်ပါတယ်။ စက်သုံးဆီ ဝယ်ယူနိုင်ရေးအတွက်

သြင်္ကန်ရက်မှာတော့ ကျွန်တော်တို့က ဒေါ်လာရောင်းချမှုရပ်နားခဲ့တာပေါ့လေ။

မနက်ဖန် (ဧပြီ ၂၀ ရက်) ကနေစပြီးတော့ ကျွန်တော်တို့ ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေကို ဒေါ်လာရောင်းချပေးတာ ဆက်လက်

ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published.