ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နိုင်မယ့် အချိန်ကို နက္ခတ်ဗေဒင် ဆရာကြီးတစ်ဦး ဟောကိန်းထုတ်

News

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နိုင်မယ့် အချိန်ကို နက္ခတ်ဗေဒင် ဆရာကြီးတစ်ဦး ဟောကိန်းထုတ်

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံက ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီရဲ့ နေပြည်တော် အထူးတရားရုံးက အဂတိလိုက်စားမှုနဲ့ ဧပြီလ ၂၇ ရက်နေ့က ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာငွေတွေယူခဲ့တယ်ဆိုတဲ့ အဂတိမှု စွပ်စွဲချက်အမှုမှာ အခုလို ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရတာဖြစ်တယ်လို့ သိရှိရပါတယ်။

“မကျေနပ်ဘူးလို့ကို ပြောတယ်။ အယူခံကို ဆုံးခန်းတိုင်အောင်တက်ပါတဲ့” ဟု ယနေ့ (ဧပြီ ၂၇) အမိန့်ချပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး တစ်လအကြာတွင် ၎င်းတို့ ထိန်းသိမ်းထားသည့် ဦးဖြိုးမင်းသိန်းက ထိုသို့ထုတ်ပြောသည်ဟု စစ်ကောင်စီက ရုပ်သံထုတ်လွှင့်ပြသရာ ယင်းမှာ လိမ်လည်ထွက်ဆိုခြင်းသာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုထားသည်။

‌ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက နေအိမ်မှာ ဖမ်းဆီးထိမ်းသိန်းခံထားရတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နိုင်မယ့် အချိန်ကို နက္ခတ်ဗေဒင် ဆရာကြီး ဦးတင်ဝင်းက အခုလို ဟောကိန်းထုတ်ထားတာ တွေ့ရပါတယ်။

ဗေဒင်ကိန်းခန်း အရတော့ ကိတ်ဒသာ- တနင်္ဂနွေအန္တရ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၃ မှ နိုဝင်ဘာလ ၁၈ ရက်အတွင်း လွတ်နိုင်ပါတယ်။

ဤသို့ဟောရာတွင်အခြေခံသည့် ကေပီနက္ခတ်ဗေဒ အချက် များ ။

၁။ ၂ တန့်ဘာဝ (မိသားစု)၊ ၄ တန့် ဘာဝ (နေအိမ်) နှင့် ၁၁ တန့် ဘာဝ (ဆွေမျိုး မိတ်ဆွေသင်္ဂဟာများနှင့်ပြန်လည်ဆုံစည်းခြင်း/ လိုအင်ဆန္ဒပြည့်ဝခြင်း) ဇာတ်ဆောင်ဂြိုဟ်များ ပူးတွဲ ဒသာ စားသည့်အခါ အချုပ်အနှောင်/ ထောင် မှလွတ်တတ်သည်။

၂။ စနေဒသာ- တနင်္ဂနွေအန္တရ ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက် တွင် ၆ နှစ် ကြာ နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်ခဲ့သည်။ ဗုဒ္ဓဟူးဒသာ- တနင်္ဂနွေအန္တရ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက် ညနေ ၄:၃၃ နာရီတွင် လုံးဝလွတ်မြောက်ခဲ့သည်။

၃။ ယခင် ဒသာသခင် စနေသည် ရာဟုနက္ခတ် star နှင့် တနင်္လာနက္ခတ်ခွဲ sub ကို စီးပြီး၊ အချုပ်အနှောင်မှ လွတ်မြောက်စေသော၂ တန့် – ၁၁ တန့် ဇာတ်ဆောင်ဂြိုဟ်ဖြစ်သည်။ အန္တရသခင် တနင်္ဂနွေသည် အင်္ဂါနက္ခတ် နှင့် သောကြာနက္ခတ်ခွဲကို စီးပြီး အချုပ်အနှေင်မှ လွတ်မြောက်စေသော ၄ တန့်- ၁၁ တန့် ဇာတ် ဆောင်ဂြိုဟ်ဖြစ်သည်။ ယခင် ဒသာသခင် ဗုဒ္ဓဟူးမှာ ရာဟုနက္ခတ် နှင့် သောကြာနက္ခတ်ခွဲ ကို စီးပြီး၊ အချုပ်အနှောင်မှ လွတ်မြောက်စေသော ၂ တန့်- ၄ တန့်- ၁၁ တန့် ဇာတ်ဆောင်ဂြိုဟ်ဖြစ်သည်။

၄။ ယခုစားနေသည့် ဒသာသခင် ကိတ်မှာ သောကြာနက္ခတ် နှင့် တနင်္လာ နက္ခတ်ခွဲကိုစီးပြီး၊ အချုပ်အနှောင်မှ လွတ်မြောက်စေသော ၄ တန့်- ၁၁ တန့် ဇာတ်ဆောင်ဂြိုဟ်ဖြစ်သည်။

၅။ ယခင်ဒသာသခင် စနေ နှင့် ဗုဒ္ဓဟူးတို့ကဲ့သို့ ၊ လက်ရှိဒသာသခင် ကိတ်မှာ ၆ တန့် (ပြိုင်ဖက်အား အောင်နိုင်ခြင်း)၊ ၉ တန့် (ကံကောင်းထောက်မခြင်း) နှင့် ၁၀တန့် (အာဏာ အရှိန်အဝါ၊ အောင်မြင်မှု) ဇာတ်ဆောင်ဂြိုဟ်လည်း ဖြစ်သည်။

လာမည့် ဇူလိုင်လတွင် ကျရောက်မည့် အန္တရသခင် တနင်္ဂနွေသည် ၆ တန့် နှင့် ၉ တန့် ဇာတ်ဆောင်ဂြိုဟ်လည်း ဖြစ်သည်။

၆။ ထို့ပြင် ကျမ်းရိုးနက္ခတ်ဗေဒင်အရ အန္တရသခင် တနင်္ဂနေသည် အင်အားအကောင်းဆုံး (၁၇၄%/ ရူပ ၅၀) ရထားပြီး၊ ၉ တန့်သခင် အနေဖြင့် ၁၀ တန့်သခင် ဗုဒ္ဓဟူးဖြင့် ပူးယှဉ်ပြီး ရာဇယုဂ်ရထားသည်။
၎င်းတနင်္ဂနွေစီးသည့် နက္ခတ် အင်္ဂါ နှင့် နက္ခတ်ခွဲ သောကြာတို့မှာ ၆ တန့်- ၁၂ တန့် သခင်တို့ပူးယှဉ်၍ ဝိပရိတ ရာဇယုဂ် ရထားသည်။ ဒသာသခင် ကိတ်စီးသည့် နက္ခတ် သောကြာမှာလည်း ထိုရာဇယုဂ်တွင် အကြုံးဝင်သည်။

ဂေါဇာ ကြာသာပတေး ကလည်း ၁၀ တန့်ကိုဆက်လက်မြင်နေပြီး၊ သာပင်အလယ်ဆိုသည့်အတိုင်း ဩဂုတ်- အောက်တိုဘာ ဝန်းကျင်တွင် အကျိုးပေးသန်နိုင်မည်။ ဒသာ သခင် ကိတ်သည် စက်တင်ဘာလကုန်အထိ ကြာသာပတေးနက္ခတ်တွင် စီးနေပြီး၊ ထို့နောက် ရာဟုနက္ခတ်ကိုပြောင်းစီး မည်။

မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။

နောက်ဆက်တွဲ။

# စနေ+ (၇-၂-၃+၁၁)/ နက္ခတ် star ရာဟု (၇)၊ ပူး တနင်္ဂနွေ+ (၆-၉)၊ ဗုဒ္ဓဟူး+ (၆-၇-၁၀+၈)၊ စနေ+ (၇-၂-၃+၁၁)/ နက္ခတ်ခွဲ sub တနင်္လာ+ (၁၀-၈)

# တနင်္ဂနွေ+ (၆-၉)/ နက္ခတ် အင်္ဂါ (၄-၅-၁၂)/ နက္ခတ်ခွဲ သောကြာ (၄-၆-၁၁)

#ဗုဒ္ဓဟူး+ (၆-၇-၁၀-၈)/ နက္ခတ် ရာဟု (၇)၊ ပူး တနင်္ဂနွေ+ (၆-၉)၊ ဗုဒ္ဓဟူး+ (၆-၇-၁၀+၈)၊ စနေ+ (၇-၂-၃+၁၁)/ နက္ခတ်ခွဲသောကြာ (၄-၆-၁၁)

# ကိတ် (၁)၊ ရာသီသခင် ကြာသာပတေး+ (၉-၁-၄+၃+၉)/နက္ခတ် သောကြာ (၄-၆-၁၁)/ နက္ခတ်ခွဲ တနင်္လာ+ (၁၀-၈)
+ ၎င်းဂြိုဟ်များ၏ နက္ခတ်တွင်စီးသည့်ဂြိုဟ်မ ရှိဘဲ၊ ၎င်းတို့ ဘာဝသန္ဓိနက္ခတ်ခွဲသခင် cuspal sub lord ဖြစ်သည့် အတန့် (များ) အတွက် အားကြီးသော ဇာတ်ဆောင်ဂြိုဟ်ဖြစ်သည်။

Tin Win

Crd

Leave a Reply

Your email address will not be published.