၀င်ကြည့်ရင်းမျက်ရည်၀ဲသွားစေမဲ့ တစ်ချိန်ကမြို့ပေါ်မှာ ခမ်းခမ်းနားနားနေခဲ့တဲ့ဒါရိုက်တာကိုပေါက်က တောထဲကစခန်းအတွက်မီးဖိုချောင်အတွက်အမိုးမိုးနေသည့်…see more
က်ေနာ္က
ဇာတ်လမ်းရေးတယ်
ဇာတ်ညွှန်းရေးတယ်




နည်းနည်းရေးတယ်။
လုပ်တတ်တဲ့သူပေါ့။




TOTဆိုတာ မသိခဲ့ဖူး။
တော်လှန်ရေးဆိုတာတွေ….
စစ်ဆင်ရေးဆိုတာတွေ….
စစ်သင်တန်းတွေ….
ရိန်းဂျားတွေ….
အို အများကြီးပါပဲ။
ငယ်စဉ်အချိန်
မစိမ်းခဲ့ဘူး။




အခုတော့
စားဖို့သောက်ဖို့
ဝက်မွေး




သူသိ သူမြင်ဖူးတာက
ဖြေလိုက်တယ်။
ကျနော် အဆင်ပြေပါတယ်။
Crd
Unicode
၀င်ကြည့်ရင်းမျက်ရည်၀ဲသွားစေမဲ့ ဒါရိုက်တာကိုပေါက်က တောထဲကစခန်းအတွက်မီးဖိုချောင်အတွက်အမိုးမိုးနေသည့်…see more
ကိုပေါက်
၂၂.၃.၂၀၂၂
ကျနော်က
အနုပညာအလုပ်နဲ့ အသက်မွေးတော့
ဇာတ်လမ်းရေးတယ်
ဇာတ်ညွှန်းရေးတယ်
သရုပ်ဆောင်လုပ်ရင်း ကဗျာရေးတယ်။
ရံဖန်ရံခါ ဆောင်းပါး၊အက်ဆေးနဲ့ဝတ္ထုတို
နည်းနည်းရေးတယ်။
စကားပြေ စကားပြော ရောနေတဲ့ ဝတ္ထု တစ်အုပ်လည်းထွက်ခဲ့ဖူးတယ်။




သရုပ်ဆောင်လုပ်ရင်း သီချင်းရေးတယ်။
သီချင်းတွေ အပျော်ဆိုရင်း ဒါရိုက်တာ လုပ်တယ်။
ပြောရရင် ကျနော် ဒီအလုပ်တွေပဲ လုပ်ချင်တဲ့သူ။
လုပ်တတ်တဲ့သူပေါ့။
ကျည်ဆန်တွေနဲ့ ကျနော်မရင်းနှီးပါဘူး။
TOTဆိုတာ မသိခဲ့ဖူး။
ဆယ့်ခြောက် အေကေနဲ့ နိုင်းမမ လောက်သာ ရုပ်ရှင်ရိုက်တုန်းသိခဲ့ဖူးတာ။




လွတ်မြောက်နယ်ဆိုတာတွေ….
တော်လှန်ရေးဆိုတာတွေ….
စစ်ဆင်ရေးဆိုတာတွေ….
စစ်သင်တန်းတွေ….
ရိန်းဂျားတွေ….
အို အများကြီးပါပဲ။
ငယ်စဉ်အချိန်
ကျနော်က နယ်မှာနေလာတော့
တောဓလေ့ တောသဘာဝ တောစရိုက်
တောအထာတွေက ကျနော်နဲ့ ရင်းရင်းနှီးနှီး ရှိလာခဲ့တော့
ကျနော့အတွက် လွတ်မြောက်နယ်မြေဆိုတာ
မစိမ်းခဲ့ဘူး။




အခုတော့
စားဖို့သောက်ဖို့
ပဲ၊ချဉ်ပေါင်၊ငရုတ်၊ဘူး၊ဖရုံ၊နံနံ၊ပင်စိမ်း အကုန်စိုက်။
ဝက်မွေး
ကြက်မွေးပြီး ငါးမွေးဖို့ ကန်ဖော်
မီးဖိုဆောင်အမိုးမိုးတော့ ဝါးခုတ်၊သက်ကယ်မိုး နှီးချည်၊
ထမင်းဟင်းတည်ဖို့ ထင်းခုတ်သစ်ခုတ်၊
အကုန်လုပ်ဖြစ်တော့ တော်လှန်ရေးရဲဘော်ညီမ တစ်ယောက်ကမေးတယ်။
“အစ်ကိုက ဘာဖြစ်လို့ ဒါတွေလုပ်တတ်နေရတာလဲ”တဲ့။




သူသိ သူမြင်ဖူးတာက
မင်းသား မင်းသမီးတွေနဲ့ လူပေါင်း၁၀၀ ကျော်ကို
ဦးဆောင်ပြီး အနုသုခုမတွေစိတ်ကူးပြီး ရုပ်ရှင်ရိုက်နေတာပဲ သူကမြင်ဖူးခဲ့တာကိုး။
ကျနော် သူကိုပြန်ဖြေလိုက်တာက
“ကိုယ်အဆင်ပြေအောင် နေထိုင်တတ်ပါတယ်”လို့
ဖြေလိုက်တယ်။
ကျနော် အဆင်ပြေပါတယ်။
ခင်ဗျားတို့ တစ်တွေ အဆင်မပြေမှာပဲ စိုးတာ။
#ခေါင်မလုံရင်မိုးယိုလိမ့်မယ်။
crd