စစ်ကိုင်း ညောင်ပင်ရှည်ရွာတိုက်ပွဲမှာ ရေနစ်ကျဆုံးခဲ့တဲ့ စိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား၊ PDF ရဲဘော်ကို …see more

News

စစ်ကိုင်း ညောင်ပင်ရှည်ရွာတိုက်ပွဲမှာ ရေနစ်ကျဆုံးခဲ့တဲ့ စိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား၊ PDF ရဲဘော်ကို သြင်္ဂိုဟ်၊

MFP ၊ ဧၿပီ – ၂၄
စစ်ကိုင်းမြို့နယ် ဆားတောင်မြို့အနီး မူးမြစ်ကမ်းက ညောင်ပင်ရှည်ရွာမှာ ဧပြီ(၂၂)ရက်က စစ်အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား အချိန်ငါးနာရီကြာ တိုက်ပွဲဖြစ်ခဲ့ပြီး အထိနာ အသေများတဲ့ စစ်အုပ်စုက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြန်လည်ဆုတ်ခွာချိန်မှာ PDF ရဲဘော်တစ်ဦး မူးမြစ်အတွင်း မျောပါးပြီး ကျဆုံးခဲ့ရပါတယ်။

ညောင်ပင်ရှည်ရွာ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော်ဟာ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ရဲဘော် အီးမန်း ဖြစ်ပြီး ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ၊ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

“ဝမ်းနည်းသတင်း၊ ဧပြီ(၂၂)ရက် ညောင်ပင်ရှည်တိုက်ပွဲတွင် လေကြောင်းပစ်ကူများ ရောက်လာချိန် စစ်ကြောင်းပြန် လည်ဆုတ်ခွာခဲ့ရာ မူးမြစ်ဖြတ်ကူးမူ၌ ရဲဘော်တစ်ဦး ရေစီးနှင့် မျောပါသွားခဲ့ပြီး တိုက်ပွဲကြားမှပင် ပြန်လည် ကယ်တင်နိုင်ခဲ့ပေမဲ့ စိတ်မကောင်းစွာ ကျဆုံးလျှက်သာ ရယူနိုင်ခဲ့ပါသည်။ ရဲဘော် အီးမန်း (နောက်ဆုံးနှစ် ၊ စိုက်ပျိုးရေး၊ ရေဆင်းတက္ကသိုလ်) အား ကောင်းမွန်စွာ သဂြိုလ်ပြီးစီးခဲ့ပါသည်။ တိုင်းပြည်နှင့် တပ်ဖွဲ့အတွက် တာဝန်ကြေစွာ ထမ်းဆောင်ခဲ့သော သူရဲကောင်းအဖြစ် အလေးပြုအပ်ပါသည်” လို့ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ဖော်ပြပါတယ်။

ဧပြီ(၂၂)ရက်က စစ်ကိုင်းမြို့နယ် ညောင်ပင်ရှည်ရွာထဲကို စစ်အုပ်စု အကြမ်းဖက်စီးနင်းပြီး နေအိမ်တွေကို ဖောက်ထွင်းခိုးယူလုယက် မီးရှို့ဖျက်ဆီးသလို ဒေသခံ ငါးဦးကို ဖမ်းဆီးကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီးနောက် ဆက်လက် သောင်းကျန်းနေလို့ Zero ပြောက်ကျားတပ် ဦးဆောင်တဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ရွာအနာခံကာ စစ်အုပ်စုကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ ညောင်ပင်ရှည်ရွာ တိုက်ပွဲမှာ စစ်အုပ်စုဘက်က (၃၀)ဝန်းကျင် သေပြီး PDF တွေဘက်က နှစ်ဦး ရေနစ်ကျဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက MFP ကို ပြောပါတယ်။

ညောင်ပင်ရှည်ရွာထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို Zero ပျောက်ကြားတပ်ဖွဲ့ (မြင်းခြံ)၊ စစ်ကိုင်းတိုင်း တပ်ပေါင်းစု ၊ မြင်းမူ တပ်ပေါင်းစုနဲ့ အရာတော် တပ်ပေါင်းစု ပူးပေါင်းတပ်ဖွဲ့တွေက မနက်(၁၀)နာရီကနေ စတင်တိုက်ခိုက်ရာ ညနေ(၃)နာရီအထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်အုပ်စု အထိနာကာ ရှစ်ဦးလောက်ကသာ ပြန်လည်ပစ်ခတ်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က PDF ရဲဘော် ငါးဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ညောင်ပင်ရှည်ရွာထဲက စစ်အုပ်စုကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သုတ်သင်နိုင်တော့မယ့် အချိန်မှာ စစ်အုပ်စုဘက်က ရဟတ်ယာဉ်ရောက်လာတာကြောင့် ပြန်ဆုတ်ခဲ့ပြီး အဲ့လို ဆုတ်ခွာချိန်မှာ PDF ရဲဘော်နှစ်ဦး မူးမြစ်ထဲ နစ်မြုပ် ကျဆုံးခဲ့ရတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ရှင်းပြပါတယ်။

စစ်အုပ်စုဟာ ညောင်ပင်ရှည်ရွာထဲကို လေကြောင်းကနေ ပစ်ခတ်ခဲ့သလို သံချပ်ကာ ယာဉ်တွေနှင့်ပါ စစ်ကူ ရောက်လာတာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ပြန်လည်ဆုန်ခွာခဲ့ရတာလို့ ဆိုပါတယ်။ ညောင်ပင်ရှည်ရွာ တိုက်ပွဲမှာ အထိနာ အသေများခဲ့တဲ့ စစ်အုပ်စုဟာ စစ်ကိုင်းမြို့နယ်ထဲက ရွာတွေကို ဆက်လက်မွှေနှောက် သောင်းကျန်းနေပြီး လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့တာတွေ ကျူးလွန်နေပါတယ်။

စစ်ကိုင်း ညောင်ပင်ရှည်ရွာ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား PDF ရဲဘော် အီးမန်း ရဲ နာရေး/Photo – Zero ပြောက်ကျားတပ် (မြင်းခြံ)
Crd

Leave a Reply

Your email address will not be published.