ပြည်သူလူထုထံအရောက်သွားပြီး ပြည်သူလူထုယုံကြည်အားကိုးမှုရရှိအောင်စည်းရုံးရမည်ဟုဆုံးဖြတ်လိုက်ပြီ

News

ပြည်သူလူထုထံအရောက်သွားပြီး ပြည်သူလူထုယုံကြည်အားကိုးမှုရရှိအောင်စည်းရုံးရမည်ဟုဆုံးဖြတ်လိုက်ပြီ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးလှထွန်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းတို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီ၊အရန်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

(၂၀.၄.၂၀၂၂)နံနက်(၀၉:၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးလှထွန်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းတို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီ၊အရန်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးလှထွန်း၊ ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးသောင်းအေး၊ ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီး အရန်ပါတီကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲမစမှီ တက်ရောက်လာကြသူများမှ အကြမ်းဖက်သူများ၏ အကြမ်းဖက်လုပ်ကြံမှုကြောင့် သေဆုံးကွယ်လွန်သွားကြသော ပါတီအဆင့်ဆင့်မှပါတီဝင်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၂)မိနစ်ငြိမ်သက်ခဲ့ကြပါသည်။

ဆက်လက်၍ ပါတီဗဟိုဒုတိယဥက္ကဌ ဦးလှထွန်းမှ ပါတီအဖွဲ့အစည်းအဆင့်ဆင့်ရွေးချယ်ဖွဲ့စည်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသောအခြေအနေများ၊ မျိုးဆက်သစ်လူငယ်/အမျိုးသမီးပါတီဝင်များ စဉ်ဆက်မပြတ်မွေးမြူရေး၊ ပြည်သူနှင့်စဉ်ဆက်မပြတ်ထိတွေ့ရေး၊ ပြည်သူ့ထံရောက်အောင်သွားပြီး ပြည်သူလူထုယုံကြည်အားကိုးမှုရရှိအောင် စည်းရုံးဆောင်ရွက်သွားကြရန် အကျယ်တဝင့်ပြောကြားဆွေးနွေးခဲ့ပါသည်။

၎င်းနောက် ဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးနှင့်ဒေါက်တာမောင်သင်းတို့မှ ပါတီကော်မတီဝင်များ၊ ကဏ္ဍအလိုက်တာဝန်ကျေပွန်အောင်ဆောင်ရွက်ရေး၊ နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးသယ်ပိုးဆောင်ရွက်ရေး အခြေအနေပေးပါက နယ်မြေများသို့ကွင်းဆင်းထိတွေ့ရေး၊ ပါတီရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အားလုံးကြိုးစားဆောင်ရွက်သွားကြရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ တိုင်းဒေသကြီးပါတီ၏ဆောင်ရွက်မှု၊ ပါတီအဆင့်ဆင့်ရွေးချယ်ဖွဲ့စည်းရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ကဏ္ဍနယ်မြေခွဲဝေဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်း

ဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်မှ ရွေးချယ်ဖွဲ့စည်းရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ နယ်မြေကွင်းဆင်းထိတွေ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

၎င်းနောက် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များမှ တစ်ဦးချင်းစီအလိုက် ကဏ္ဍတာဝန်၊နယ်မြေတာဝန်များ ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။

၎င်းနောက် ပါတီဗဟိုဒုတိယဥက္ကဌ ဦးလှထွန်းမှ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်စွက်ဆွေးနွေးမှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တွေ့ဆုံပွဲအား နေ့လည်(၃:၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

Crd

Leave a Reply

Your email address will not be published.