အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို တော်လှန်ရေးအောင်မြင်ပြီးချိန်မှာ ပြန်လည်တည်ဆောက်ပေးမယ်လို့ NUG နိုင်ငံတော်ယာယီသမ္မတက ကတိပြုပြောကြား

News

အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို တော်လှန်ရေးအောင်မြင်ပြီးချိန်မှာ ပြန်လည်တည်ဆောက်ပေးမယ်လို့ NUG နိုင်ငံတော်ယာယီသမ္မတက ကတိပြုပြောကြား

ဧပြီ ၁၈ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို တော်လှန်ရေးအောင်မြင်ပြီးချိန်မှာ ပြန်လည်တည်ဆောက်ပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီ ၁၈ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်း တည်ထောင်ခြင်းတစ်နှစ်ပြည့်အထိမ်းအမှတ်မိန့်ခွန်းပြောကြာရာမှာ ကတိပြုပြောကြားခဲ့ပါတယ်။

“ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူတွေရဲ့အိုးအိမ်တွေကို ပြည်သူ့တော်လှန်ရေးအောင်မြင်ချိန်မှာ ပြန်လည်တည် ဆောက်ပေးမှာဖြစ်ပါတယ်လို့ ကတိပေးလိုပါတယ်။ ပြည်သူလူထုရဲ့ဆုံးရှုံးနစ်နာမှုကို အမျိုးသားညီညွတ် ရေးအ စိုးရအနေနဲ့ အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင်အောင် ဆောင်ရွက်ပေးရမယ်လို့ မူချမှတ်ထားပြီးဖြစ်ပါတယ်” လို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်က ပြည်သူတွေရဲ့ အိမ်ခြေ ၉၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ပြီးထွက်ပြေး နေရ တဲ့ပြည်သူ ပေါင်း ၉ သိန်းကျော်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရသိရှိရပါတယ်လို့လည်း ယာယီသမ္မတ ကပြောကြားပါတယ်၊

ပြည်သူတစ်ရပ်လုံး ကိုဗစ် ၁၉ ကာလနဲ့ စီးပွားရေးအကြပ်အတည်းရောက်နေတဲ့အ ချိန်မှာအာဏာသိမ်းလိုက်တာ ဖြစ်လို့ တိုင်းပြည်က ချောက်ထဲထိုးကျသလိုဖြစ်သွားပါတယ်။ပြည်သူလူထုတစ်ရပ်လုံးက မင်းအောင်လှိုင်ရဲ့ အာ ဏာသိမ်းမှုကိုဆန့်ကျင်ပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းစွာ ဆန္ဒပြဖော်ထုတ်ခဲ့ကြပါတယ်။

အကြမ်းဖက်စစ်တပ်က ရက် စက်စွာသတ်ဖြတ်နေတဲ့တိုင် ဒီနေ့အထိ အာဏာရှင်စနစ်နဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တာတွေလုပ်ဆောင် လျှက်ရှိပါတယ်။ အမျိုးသမီးတွေနဲ့ လူငယ်တွေရဲ့ ရဲရင့်စွာတိုင်းပြည်အတွက်ပေးဆပ် အနစ်နာခံမှုကိုအမြဲအသိအ မှတ်ပြုနေမှာဖြစ်ပါတယ်လို့လည်း ယာယီသမ္မတက ဆက်လက်ပြောကြားခဲ့ပါတယ်။

Crd

Unicode

၂၀၂၁ ဧပြီ ၁၆ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး အခုဆိုရင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါ တယ်။


ဧပြီ ၁၈ ၊ ၂၀၂၂






Crd

Leave a Reply

Your email address will not be published.