နှစ်ဆန်းတစ်ရက်နေ့မှာ ပြညိသူတွေအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဖြစ်မနေလုပ်ရမယ့် အရာတွေကို ကြေညာလိုက်တဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း

News

နှစ်ဆန်းတစ်ရက်နေ့မှာ ပြညိသူတွေအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဖြစ်မနေလုပ်ရမယ့် အရာတွေကို ကြေညာလိုက်တဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း

ပြည်သူအပေါင်းတို့ခင်ဗျား-

မနက်ဖြန်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ “တော်လှန်သင်္ကြန် လူထုလှုပ်ရှားမှု” အဖြစ် ဒါတွေ လုပ်ကြဖို့ပါခင်ဗျား။

သံပုံးတီးသပိတ်
ဆုတောင်းသပိတ်
ပန်းသပိတ်

မြန်မာပြက္ခဒိန်အရ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်တဲ့ ဒီနေ့မှာတော့ သင်္ကြန်ရိုးရာနဲ့အညီ “သံပုံးတီးသပိတ်” ကို တနိုင်ငံလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဆင်နွှဲသွားကြဖို့ပါ။ ကျနော်တို့ တော်လှန်သင်္ကြန် သံပုံးတီးသံသည် မကောင်းဆိုးဝါးတွေကိုသာမက အာဏာရူး ဖက်ဆစ် အကြမ်းဖက်မိစ္ဆာတွေကိုပါ မောင်းထုတ်ခြင်း၊ တောထုတ်ခြင်းပါပဲ။

ဒါ့အပြင် မိမိတို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ နှစ်သစ်ကူးဆုတောင်းကြတဲ့အနေနဲ့ “ဖက်ဒရယ်ဒီမိုကရေစီ New Year” “အရေးတော်ပုံ အောင်ရမည်” “လုံးဝ အုပ်ချုပ်ခွင့် မရစေရ” စတဲ့ ကြွေးကြော်တောင်းဆိုသံများနဲ့ မိမိတို့ဓာတ်ပုံ၊ ဗီဒီယိုလေးတွေ တင်ကြမယ်ဗျာ။

သင်္ကြန်ဓလေ့ ပိတောက်ပန်း၊ ငုပန်းစသဖြင့် အလျဉ်းသင့်ရာ ပန်းများ ပန်ဆင်ကိုင်ဆောင်ကြတဲ့ “ပန်းသပိတ်” နဲ့ “ဆုတောင်းသပိတ်” ကို အတူပူးပေါင်း ဆင်နွှဲကြမယ်ဗျာ။

တော်လှန်သင်္ကြန်

အပျော်သင်္ကြန်ဒို့ငြင်းဆန်တော်လှန်သင်္ကြန်_ပြည်သူ့အသံ

ပေတရာပေါ်မှာစီးတဲ့သွေးကိုသင်္ကြန်ရေနဲ့_မဆေးကြော
သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး

အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်

အရေးတော်ပုံ_အောင်ရမည်

Crd

Leave a Reply

Your email address will not be published.