‘အရှက်မရှိတဲ့လူတွေနဲ့ တမြေတည်းနေနေရတာ စိတ်နာတယ်‘ လို့ စကစသင်္ကြန်မှာ မျက်နှာလုပ်ပြီး ဆင်နွှဲနေကြတဲ့ အနုပညာရှင်တွေကို ဒဲ့ဆော်လိုက်တဲ့ ဒါရိုက်တာကိုပေါက်

News

‘အရှက်မရှိတဲ့လူတွေနဲ့ တမြေတည်းနေနေရတာ စိတ်နာတယ်‘ လို့ စကစသင်္ကြန်မှာ မျက်နှာလုပ်ပြီး ဆင်နွှဲနေကြတဲ့ အနုပညာရှင်တွေကို ဒဲ့ဆော်လိုက်တဲ့ ဒါရိုက်တာကိုပေါက်

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဖေဖော်ဝါရီလအစထဲက နွေဦးတော်လှန်ရေးဟာ အခုဆိုရင် ၁နှစ်ကျော်ကြာ ကြာမြင့်နေပြီဖြစ်သော်လည်း ပြည်သူလူထုက ဇွဲမလျော့ဘဲ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီ တွန်းလှန်နေဆဲပဲ ဖြစ်ပါတယ်။ အဲ့လိုအားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ထဲတဲ့အနုပညာရှင်တွေထဲမှာ ဒါရိုက်တာကိုပေါက်လဲအပါအဝင်ပါပဲ။

လွတ်မြောက်နယ်မြေ ရောက်နေတဲ့အချိန်လေးမှာလည်း သူရဲကောင်းရဲဘော်တွေအတွက် စားဖိုမှူးတာဝန်ယူထားပြီး အစားအသောက်တွေကို လက်စွမ်းပြ ချက်ပြုတ်ပေးတဲ့အပြင် အခြားအခန်းကဏ္ဍတွေမှာလည်း ပါဝင်အားဖြည့်နေတာ တွေ့ရပါတယ်။

ဒါရိုက်တာ ကိုပေါက် ကတော့တော်လှန်ရေးကြီ းမှာပြည်သူတွေနဲ့အတူအမှန်တရာ းဘက်ကပါဝ င်ခဲ့ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကဖြင့် မတရား အမှုဖွင့်ထ ားခြင်းခံရပြီး ဘေးကင်းရာကိုရှောင်တိမ်း နေခဲ့ရပါတယ်။

အခုဆို ရင်တော့ လွ တ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ တောထဲမှာ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေတဲ့ ဒါရိုက်တာ ကိုပေါ က် ဟာ အမှတ်သည်းခြေမရှိတဲ့ လူတစ်ချို့ကြောင့် ရင်လေးတယ်လို့ ပြောလိုက်ပါတယ်။

ပျော်ပွဲရွှင်ပွဲဆိုတာ တိုင်းပြည်အေးချမ်းမှလုပ်ရတဲ့ အရာပြည်သူတွေ ဝမ်းနည်းပက်လက် ဖြစ်နေတာကို
မထောက်ညှာ၊ဆင်သေကို ဆိတ်သားရည် ဖုံးဖို့ကြိုးစား၊
S ရှက်မရှိတဲ့လူတွေ နဲ့အတူတူ တမြေတည်းနေနေရတာ
စိတ်နာတယ်။

လူမရှ်ိတဲ့ ပေတရာကိုရေဖြန်း၊

၅၀၀၀ စားတွေကိုရေပက်ဖို့ ငွေအကုန်ခံ၊

အုပ်သဲကျောက်ကားတွေ ရေပက်ခံထွက်၊

အနူပညာသမားတွေက မျက်နှာလုပ်ပြီးပါဝင်၊

၊ရုပ်ဆိုးသူတွေ မညီမညာနဲ့ က နေတဲ့ယိမ်းတွေ၊

အိုကြီးအိုမတွေက ဘယ်ထဲမှမဝင်တဲ့ key နဲ့ဆိုနေတဲ့

သီချင်းတွေနဲ့ဘယ်သူမှမကြည့်တဲ့ TVတွေက ပိုက်ဆံအကုန်ခံလုပ်ပေမယ့် ပြည်သူမပါတဲ့ သင်္ကြန်။

ပြည်သူတွေ အခုလိုတော်လှန်သင်္ကြန်မှာပါဝင်ပေးလို့
ကျေးဇူးတင်ပါတယ်။
ဆက်လက် အားတင်းပြီး အိမ်ထဲမှာပဲနေပေးပါ။
စစ်ကောင်စီ ဟန်ပြလုပ်ချင်တာတွေ ဘယ်တော့မှ အရာမထင်စေရဘူး ဆိုတဲ့စိတ်လေးမွေးထားပေးရင် ရပါပြီ။ကျနော် အဆင်ပြေပါတယ်။
ခင်ဗျားတို့အဆင်မပြေမှာပဲ စိုးတာ။’ ဆိုပြီး ရေးသားဖော်ပြလာတာဖြစ်ပါတယ်။

ကဲ…စာဖတ်ပ ရိသတ်ကြီ ရေ ဒါရိုက်တာ ကိုပေါက် ဟာ တော်လှန်ရေးအတွက် သွေးအေးနေတဲ့ လူတစ်ချို့ကြောင့် ရင်လေးနေတာပဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတ င်ရှိပါတယ်။

Crd

Leave a Reply

Your email address will not be published.