မြန်မာနိုင်ငံနယ်မြေ တစ်ဝက်ကို NUG လက်အောက်ခံ PDF များစိုးမိုးထားပြီဟု See More…

News

Zawgyi


ရန်ကုန်၊ ဧပြီ ၁၆







Crd

Unicode

မြန်မာနိုင်ငံနယ်မြေ တစ်ဝက်ကို NUG လက်အောက်ခံ PDF များစိုးမိုးထားပြီဟု See More…

ရန်ကုန်၊ ဧပြီ ၁၆

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ၊ တိုင်းရင်းတော်လှန်ရေး တပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက

မြန်မာနိုင်ငံဧရိယာ၏ တဝက်ကို စိုးမိုးထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့ စည်းခြင်း တနှစ်ပြည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း တနှစ်ပြည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် ပြုလုပ်နေပြီး မြန်မာနိုင်ငံ၏ နယ်မြေ ၅၀ ရာ ခိုင် နှုန်းကို

ထိန်းချုပ်ထားနိုင်သော်လည်း နေရာဒေသများကို ထုတ်ဖော်ပြောကြားခြင်း မပြုနိုင်ကြောင်း NUG သတင်းပြန်ကြားရေး အဖွဲ့မှ ဦးနေဘုန်းလတ်က ပြောဆိုသည်။

NUG ဖွဲ့စည်းပြီး တနှစ်တာကလအတွင်း PDF တပ်ရင်းတပ်ဖွဲ့ ရာဂဏန်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၂၅၀ ကျော် ဖွဲ့စည်းထားကာ NUG ကာ ကွယ်ရေး ဝန်ကြီးဌာနနှင့်

ချိတ်ဆက်ထားသည့် ဒေသတော်လှန်ရေးအဖွဲ့အစည်း ၃၅၄ ဖွဲ့အနက် ၁၀၀ ကိုလည်း ဝန်ကြီးဌာနလက်အောက် တပ်ရင်းတပ်ဖွဲ့များတွင် ပေါင်းစပ်ဖွဲ့စည်းထားကြောင်းလည်း သိရှိရသည်။

Crd

Leave a Reply

Your email address will not be published.