သင်္ကြန်အကျနေ့ ခြောက်ကပ်နေသည့်ရန်ကုန်တွင် ယာဥ်ထိန်း ရဲများ အလုပ်ရှုပ်နေ

News

သင်္ကြန်အကျနေ့ ခြောက်ကပ်နေသည့်ရန်ကုန်တွင် ယာဥ်ထိန်း ရဲများ အလုပ်ရှုပ်နေ

သင်္ကြန်အကြိုနေ့ ခြောက်ကပ်နေသည့်ရန်ကုန်တွင် ယာဥ်ထိန်း ရဲများ အလုပ်ရှုပ်နေ

သင်္ကြန်အကြိုနေ့ ဒီနေ့မနက် ရန်ကုန်မြို့ရဲ့ လမ်းမအတော်တော်များများမှာ တိတ်ဆိတ်ခြောက်ကပ်နေ ပြီး စစ်ကောင်စီက လုံခြုံရေးအထပ်ထပ်ချထာ့တဲ့ မဏ္ဍပ်တွေမှာသာ ရေပက်တာကလွဲလို့ ကျန်နေရာ တွေမှာတော့ ရေကစားတာမတွေ့ရပါဘူး။

ရန်ကုန်မြို့တော်ခန်းမ မဏ္ဍပ်မှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့ခွင့်ပြုချက်ရထားတဲ့ ကားတွေ ကိုပဲ ရေကစားမဏ္ဍပ်ရှေ့ကို ဖြတ်သန်းခွင့်ပြုတာကို တွေ့ရပါတယ်။

ဧပြီလ ၁၃ ရက် ဒီနေ့ကနေ ၁၆ ရက်နေ့အထိ မနက် ၇ နာရီကနေ ညနေ ၆ နာရီအတွင်း မြို့တော်ခန်းမ တစ်ဝိုက်က လမ်းတွေကိုပိတ်ထားမယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီက ကြေညာထားပြီး အဲဒီလမ်းတွေ ကို မနေ့ကတည်းက တစ်ရက်စောပြီး ပိတ်လိုက်တာပါ။

ရန်ကုန်မြို့အနှံ့လည်း စစ်ကောင်စီအဖွဲ့တွေက ဖြတ်သန်းသွားလာနေတဲ့ ကားတွေကို တားဆီးစစ်ဆေး ကာ လုံခြုံရေးတင်းကျပ်နေတာ တွေ့ရပါတယ်။

ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် သင်္ကြန်ပွဲတော်မကျင်းပတာ ၂ နှစ်ရှိခဲ့ပြီး ဒီနှစ်မှာ စစ်ကောင်စီက ကျင်းပတဲ့သင်္ကြန်ပွဲကို အများစုက ပူးပေါင်းပါဝင်တာမရှိကြသလို ရေပတ်ကစားကြတာလည်း မတွေ့ရပါဘူး။

သၾကၤန္အႀကိဳေန႕ ေျခာက္ကပ္ေနသည့္ရန္ကုန္တြင္ ယာဥ္ထိန္း ရဲမ်ား အလုပ္ရႈပ္ေန

သၾကၤန္အႀကိဳေန႕ ဒီေန႕မနက္ ရန္ကုန္ၿမိဳ႕ရဲ႕ လမ္းမအေတာ္ေတာ္မ်ားမ်ားမွာ တိတ္ဆိတ္ေျခာက္ကပ္ေန ၿပီး စစ္ေကာင္စီက လုံၿခဳံေရးအထပ္ထပ္ခ်ထာ့တဲ့ မ႑ပ္ေတြမွာသာ ေရပက္တာကလြဲလို႔ က်န္ေနရာ ေတြမွာေတာ့ ေရကစားတာမေတြ႕ရပါဘူး။

ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ မ႑ပ္မွာဆိုရင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက သူတို႔ခြင့္ျပဳခ်က္ရထားတဲ့ ကားေတြ ကိုပဲ ေရကစားမ႑ပ္ေရွ႕ကို ျဖတ္သန္းခြင့္ျပဳတာကို ေတြ႕ရပါတယ္။

ဧၿပီလ ၁၃ ရက္ ဒီေန႕ကေန ၁၆ ရက္ေန႕အထိ မနက္ ၇ နာရီကေန ညေန ၆ နာရီအတြင္း ၿမိဳ႕ေတာ္ခန္းမ တစ္ဝိုက္က လမ္းေတြကိုပိတ္ထားမယ္လို႔ ရန္ကုန္တိုင္း စစ္ေကာင္စီက ေၾကညာထားၿပီး အဲဒီလမ္းေတြ ကို မေန႕ကတည္းက တစ္ရက္ေစာၿပီး ပိတ္လိုက္တာပါ။

ရန္ကုန္ၿမိဳ႕အႏွံ႕လည္း စစ္ေကာင္စီအဖြဲ႕ေတြက ျဖတ္သန္းသြားလာေနတဲ့ ကားေတြကို တားဆီးစစ္ေဆး ကာ လုံၿခဳံေရးတင္းက်ပ္ေနတာ ေတြ႕ရပါတယ္။

ကိုဗစ္ကပ္ေဘးနဲ႕ စစ္အာဏာသိမ္းမႈေတြေၾကာင့္ သၾကၤန္ပြဲေတာ္မက်င္းပတာ ၂ ႏွစ္ရွိခဲ့ၿပီး ဒီႏွစ္မွာ စစ္ေကာင္စီက က်င္းပတဲ့သၾကၤန္ပြဲကို အမ်ားစုက ပူးေပါင္းပါဝင္တာမရွိၾကသလို ေရပတ္ကစားၾကတာလည္း မေတြ႕ရပါဘူး။

Crd

Leave a Reply

Your email address will not be published.