သံတိုင်တွေ ကြားကနေ သူမရဲ့ ပရိတ်သတ်တွေ အတွက် အမှာစကား ပါးလိုက်တဲ့ အဆိုတော် ပိုပို

News

Unicode

သံတိုင်တွေ ကြားကနေ သူမရဲ့ ပရိတ်သတ်တွေ အတွက် အမှာစကား ပါးလိုက်တဲ့ အဆိုတော် ပိုပို

အဆိုတော် ပိုပို ကတော့ သီချင်းချိုချိုအေးအေးလေးတွေကို ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် သီဆိုနိုင်တာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲအဆိုတော်မလေးတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ ယောက်ကျားဆန်ဆန်ပုံစံလေးကလဲ

ပရိသတ်တွေအတွက် တစ်မူထူးခြားလွန်းတာကြောင့် ပိုမိုချစ် ခင်ကြရပြန်ပါတယ်။ ပိုပို ရဲ့ထွက်သမျှသီချင်းတိုင်းဟာ နာမည်ကြီးကျော်ကြားခဲ့ပြီး ပရိသတ်တွေ စောင့်ကြည့်အားပေးရတဲ့ အဆိုတော်တစ်ဦးလဲ ဖြစ်ပါတယ်။

သူမ ဟာ သီချင်းဆိုရာမှာတော်လွန်းရုံမက အမှန်တရားအတွက် ပြည်သူတွေနဲ့အတူရပ်တည်ခဲ့ပါသေးတယ်။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံရပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာ လပေါင်းများစွာကြာမြင့်ခဲ့ပြီး

ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။ အဆိုတော် ပိုပို ဟာ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတာကြောင့် ချစ်တဲ့ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ သူမကလဲ ချစ်တဲ့ပရိသတ်တွေကို အရမ်းကိုလွမ်းနေတယ်ဆိုတဲ့

အကြောင်းကို မန်နေဂျာမှတစ်ဆင့် သတင် းစကားပါးလိုက်ပါတယ်။” အမှာစကားလေး ပါးလိုက်လို့ပါ ရန်ကုန် fan မုံရွာက fan မန္တ လေးက fan တွေကော အားလုံးကို သတိရနေပါကြောင်းနဲ့ တစ်နိုင်ငံလုံးက ချစ်တဲ့ ပရိတ်သတ်တွေကိုကော

သတိရကြောင်းနဲ့ နေကောင်း ကျန်းမာဖို့ အမြဲဆုတောင်းပေးနေပါတယ်။ အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါလို့ အမှာပါးလိုက်ပါတယ် ပုံလေးတွေကတော့ အလွမ်းပြေတင်ပေးလိုက်တယ်နော်။ လွမ်းနေကြမှာဆိုးလို့ ခုဆို ဆံပင်အတော်ရှည်နေရောပေါ့ ” လို့

ပိုပို ရဲ့ တရားဝင် အကောင့်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ အဆိုတော် ပိုပို ဟာ တစ်နိုင်ငံလုံးက ချစ်တဲ့ပရိသတ်တွေကို လွမ်းနေပါ တယ်တဲ့ ။ စာဖတ်ပရိသတ်ကြီးတို့ရေ … ပိုပို အတွက် လွမ်းတဲ့အကြောင်းကို ကောမန့်မှာ သွားရေးသားပေးခဲ့ပါအုန်းနော်။

Zawgyi

သံတိုင်တွေ ကြားကနေ သူမရဲ့ ပရိတ်သတ်တွေ အတွက် အမှာစကား ပါးလိုက်တဲ့ အဆိုတော် ပိုပို








Crd

Leave a Reply

Your email address will not be published.