သရုပ်ဆောင် ယဥ်လတ်က ဆေးရုံတက်နေရတဲ့ စစ်ကောင်စီတပ်သားလူနာတွေကို သွားရောက်ဖျော်ဖြေ
ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်
စစ်တပ်ဂုဏ်ပြုဇာတ်ကားများ အများဆုံးရိုက်ကူးသည့် သရုပ်ဆောင် ယဥ်လတ်က ဒီကနေ့ ဧပြီ ၁၂ ရက်မနက်ပိုင်းက စစ်ဆေးရုံတက်ရောက်နေရတဲ့ စစ်ကောင်စီတပ် သား လူနာတွေကို သင်္ကြန်သီချင်းတွေနဲ့ သွားရောက်ဖျော်ဖြေခဲ့တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရပါတယ်။




စစ်ကိုင်းတိုင်း၊မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(အလုံတပ်မြို့) အမှတ်( ၄) တပ်မတော်ဆေး ရုံ၊ ကုတင် ၃၀၀( တဆရ ၄/၃၀၀) စစ်ဆေးရုံမှာသွား ရောက်ဖျော်ဖြေခဲ့တာလို့ သိရပါတယ် ။
အဲ့ဒီစစ်ဆေးရုံမှာ တက်ရောက်နေတဲ့ စစ်ကောင်စီတပ် သားတွေဟာ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင် အားစုတွေနဲ့တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာပြင်း ထန်သူများ တက်ရောက်ကုသနေတာလို့မုံရွာစစ်ကောင်စီတပ် အသိုင်းအဝိုင်းထံကသိရပါတယ်။




သရုပ်ဆောင် ယဥ်လတ် ဟာ စစ်တပ်ဂုဏ်ပြုဇာတ်ကား အဓိကထားရိုက်ကူးသည့် သရုပ်ဆောင်တဦးဖြစ်ပြီး စစ်ကောင်စီတပ်နှင့်နီးစပ်သူတဦးဖြစ်ကာ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီကပေးအပ်သည့် လူမှုထူးချွန်ဆုကိုလည်းရရှိထားသူဖြစ်သည်။
ပြီးခဲ့သည့် နှစ်အတွင်းကလည်း ရန်ကုန်မြို့ရှိ ၄င်းနေထိုင်ရာအိမ် ခြံဝန်းအတွင်းဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သရုပ်ဆောင် ယဉ်လတ်က ဆေးရုံတက်နေရတဲ့ စစ်ကောင်စီတပ်သားလူနာတွေကို သွားရောက်ဖျော်ဖြေ




ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်
စစ်တပ်ဂုဏ်ပြုဇာတ်ကားများ အများဆုံးရိုက်ကူးသည့် သရုပ်ဆောင် ယဉ်လတ်က ဒီကနေ့ ဧပြီ ၁၂ ရက်မနက်ပိုင်းက စစ်ဆေးရုံတက်ရောက်နေရတဲ့ စစ်ကောင်စီတပ် သား လူနာတွေကို သြင်္ကန်သီချင်းတွေနဲ့ သွားရောက်ဖျော်ဖြေခဲ့တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရပါတယ်။
စစ်ကိုင်းတိုင်း၊မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(အလုံတပ်မြို့) အမှတ်( ၄) တပ်မတော်ဆေး ရုံ၊ ကုတင် ၃၀၀( တဆရ ၄/၃၀၀) စစ်ဆေးရုံမှာသွား ရောက်ဖျော်ဖြေခဲ့တာလို့ သိရပါတယ် ။




အဲ့ဒီစစ်ဆေးရုံမှာ တက်ရောက်နေတဲ့ စစ်ကောင်စီတပ် သားတွေဟာ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင် အားစုတွေနဲ့တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာပြင်း ထန်သူများ တက်ရောက်ကုသနေတာလို့မုံရွာစစ်ကောင်စီတပ် အသိုင်းအဝိုင်းထံကသိရပါတယ်။
သရုပ်ဆောင် ယဉ်လတ် ဟာ စစ်တပ်ဂုဏ်ပြုဇာတ်ကား အဓိကထားရိုက်ကူးသည့် သရုပ်ဆောင်တဦးဖြစ်ပြီး စစ်ကောင်စီတပ်နှင့်နီးစပ်သူတဦးဖြစ်ကာ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီကပေးအပ်သည့် လူမှုထူးချွန်ဆုကိုလည်းရရှိထားသူဖြစ်သည်။
ပြီးခဲ့သည့် နှစ်အတွင်းကလည်း ရန်ကုန်မြို့ရှိ ၎င်းနေထိုင်ရာအိမ် ခြံဝန်းအတွင်းဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Crd