Zawgyi
ရန်ကုန် အထူးသတိပေးချက်‼️




ဧပြီလ၊ ၁၂ရက်၊ ၂၀၂၂ခုနှစ် မဟာသြင်္ကန်အကြိုကာလအတွင်း မြေအောက်ရဲဘော်မဟာမိတ်အင်အားစု(Ground’s Force Alliances – GFAS)မှ ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။ ပိတောက်စစ်ဆင်ရေး (Operation Padauk)၏ ဖောက်ခွဲတိုက်ခိုက်မှုများမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ ဧပြီလ၊ ၆ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ သခင်မြ | ပန်းခြံအနီးရှိ အကြမ်းဖက်စစ်အုပ်စုအနွယ်ဝင် အေးနေဝင်းပိုင် “Omni Focus”ကုမ္ပဏီမှယာဉ်တစ်စီးအား တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်း။




၂။ ဧပြီလ၊ ၈ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့၊ မြို့တော်ဝန်မဏ္ဍပ်အနီးရှိ ရန်သူအကြမ်းဖက်စစ်တပ်၏ စစ်သုံးကားနှင့်ဘန်ကာအား ဖောက်ခွဲတိုက်ခိုက်ခြင်း။
၃။ ဧပြီလ၊ ၁၁ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံ လမ်းမပေါ်တွင် မိုင်းအယောင်ပြဖောက်ခွဲကာ အကြမ်းဖက်စစ်ကောင်စီ သစ္စာခံများရောက်လာချိန်၌ ဖောက်ခွဲတိုက်ခိုက်ခြင်း။ ဖော်ပြပါ ပိတောက်စစ်ဆင်ရေး (Operation Padauk) ဆောင်ရွက်ခဲ့ကြသော မြေအောက် ရဲဘော်မဟာမိတ်အင်အားစုမှ




ရဲဘော်များသည် ဘေးကင်းရာသို့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြ ပါသည်။ မိဘပြည်သူများအနေဖြင့် မဟာသြင်္ကန်ကာလအတွင်း ရန်သူနှင့် အဝေးဆုံး နေရာတွင်
သာ လှုပ်ရှားသွားလာ၍သာ အတာတန်ခူး နှစ်သစ်ကူးရန် ကျွန်ုပ်တို့ မဟာမိတ်အင်အားစု ၂ရပ်မှ အလေးအနက်ထား မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။




Operation Padauk ညီညွတ်သောညီနောင်မဟာမိတ်များမြေအောက်ရဲဘော်မဟာမိတ်အင်အားစု
Unicode
















Crd