ယနေ့ ( (၅.၄.၂၀၂၂) ရက်နေ့ နံနက်ထ ၄ နာရီခွဲအချိန်……..

News

ယနေ့ ( (၅.၄.၂၀၂၂) ရက်နေ့ နံနက်ထ ၄ နာရီခွဲအချိန်……..

မြန်မာ့တော်ဝင်နဂါးတပ်တော် ( MRDA ) မှ ဦးဆောင်ကာ ချင်းတွင်းတော်လှန်ရေးတပ်ဖွဲ့ (CRF)၊ ကျောက်လုံးကြီးအဖွဲ့ (KLG) တို့ရဲ့ ပူပေါင်းပါဝင်မှုဖြင့်
နာရီဝက် မစ်ရှင် သတ်မှတ်ပြီးယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာအနားမှာ စခန်းချပြီး မုံရွာ-ယာကြီးလမ်း ခရီးသွားကားများနှင့် အနီးပါတ်ဝန်းကျင် ဒေသခံလူထုအပေါ် အနိုင်ကျင့်နေသည့် စကစ+ပျူ စခန်းအား အတွင်းပိုင်းထိ ဝင်ရောက်စီးနင်းခဲ့ပါတယ်………

အရေးသာသော်လည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် ( နမခ ) လေတပ်စခန်းနှင့် ( ၇ ) မိုင်သာဝေးသည့်အတွက် နာရီဝက်ပြည့်ချိန်မှာ အောင်မြင်စွာဆုတ်ခွါလာခဲ့ပါတယ်………

အသေအပျောက်မသိရသော်လည်း (၈) နာရီအချိန်လောက်မှာ နမခ မှ ရွှေတောင်ဦးအတိုင်း စစ်ကားများ ဆင်းလာကာ အင်အားတိုးဖြည့်ထားခဲ့ပြီး ထိခိုက်/ကျဆုံး များအား ချက်ခြင်းသယ်ဆောင်သွားကြောင်း ဒေသခံများမှ သတင်းပေးပို့လာပါတယ်……….

ယခုနှစ်အတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော် အနေဖြင့် သတင်းမတင်သော်လည်း တပ်ဖွဲ့မှဦးဆောင်၍ ယခုကဲ့သို့ စခန်းထိုးစစ်များ ငါးကြိမ်ခန့်၊ စစ်ကြောင်းတန်ပြန်ပျောက်ကြားထိုးစစ်များ ခုနှစ်ကြိမ်ခန့်နှင့် မိုင်းဆွဲတိုက်ခိုက်မှု ရှစ်ကြိမ်အထက် ရှိနေခဲ့ပြီဖြစ်ပါတယ်………

မကြာသေးမှီ ပြည်သူ့ဆိုင်ကယ်အား လုယူလာသည့် စကစတပ်သား တဦးအားလက်နက်မဲ့ဝင်ရောက်လုံးထွေးသတ်ပုတ်ပြီး ဖမ်းဆီးခဲ့သည်မှာလည်း ( MRDA ) ၏နဂါးစစ်သည်တော်တဦးပင်ဖြစ်ပါတယ်……..

၎င်းဖြစ်စဉ်၏ ရလာဒ်အဖြစ် ဖမ်းမိလာသော စကစတပ်သား၏ ဝန်ခံဖော်ထုတ်လာသော စစ်တပ်၏လူ့အခွင့်ရေးချိုးဖောက်မှုများ စစ်ရာဇဝတ်မြောက်သည့် ပြည်သူ့အပေါ် ယုတ်မာညစ်းညမ်းသည့်ဖြစ်စဉ်များ သတ်ဖြတ်မှုများကို မီဒီယာမှ ချပြနိုင်ခဲ့ပါတယ်……..

ထို့အပြင် မြန်မာပြည်အောက်ပိုင်း အလယ်ပိုင်းနေရာ အတော်များများတွင်လည်း မြန်မာ့တော်ဝင်နဂါးစစ်သည်တော်များအနေဖြင့် တော်လှန်ရေးလုပ်ငန်းစဉ်များအား ကြိုးစားဆောင်ရွက်လျက်ရှိနေပါတယ်……..

ကျွန်ုပ်တို့ မြန်မာ့တော်ဝင်နဂါးတပ်တော် ( MRDA ) အနေဖြင့် ပြည်သူလူထု၏ဝန်းရံပံ့ပိုးမှုများကို အဖိတ်အစင် အလေလွင့်မရှိအောင် အသုံးချရင်း တိုင်းရင်းသားပြည်သူလူထုအားလုံးလွတ်မြောက်ရေးရသည်အထိ ရွပ်ရွပ်ချွံချွံ ဆက်လက်တိုက်ပွဲဝင်ကြိုးပမ်းသွားကြမည်ဟုလည်း ကတိသစ္စာပြုပါတယ်……..

“ တိုင်းပြည်၏သမိုင်းကောင်းတခေတ် ပြည်သူ့လက်ဖြင့်ထုဆစ်နိုင်ရမည် “

#ဗိုလ်နဂါး

#မြန်မာ့တော်ဝင်နဂါးတပ်တော်

Crd

Unicode











#ဗိုလ်နဂါး


Crd

Leave a Reply

Your email address will not be published.